ပုပ်ရဟန်းမင်းကြီး လီယိုနှင့် အယ်လ်ဘေးနီးယားနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗာတီကန်စီးတီး၌ အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် အီဒီရာမာအား ကြာသပတေးနေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် အီဒီရာမာအား ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဗာတီကန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်သည် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီထရို ပါရိုလင်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ရစ်ချက် ဂါလက်ဂါတို့နှင့် နိုင်ငံခြားရေးရုံးတွင် ဆက်လက်တွေ့ဆုံခဲ့သည်။

ရဟန်းမင်းကြီးရုံးတော် (Holy See) သတင်းထုတ်ပြန်ရေးရုံး၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေး ရုံး တွင် ဆွေးနွေးမှုများမှာ ရင်းနှီးပွင့်လင်းမှုရှိပြီး “ဘာသာရေးအသိုက်အဝန်းနှင့် လူမှုအဖွဲ့အစည်း များ အကြား ဆက်ဆံရေးဆိုင်ရာ ဘုံအကျိုးစီးပွားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်” ဟု သိရပါသည်။

ဗာတီကန်၏ ထုတ်ပြန်ချက်တွင် “အနောက်ဘော်လ်ကန်နိုင်ငံများ၏ အခြေအနေနှင့် ဥရောပသမဂ္ဂ သို့ အပြည့်အဝဝင်ရောက်နိုင်ရေး အယ်လ်ဘေးနီးယားနိုင်ငံ၏ လျှောက်လှမ်းနေမှုများ အပါအဝင်” ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း အထူးအလေးပေး ဆွေးနွေးခဲ့ကြကြောင်း ထပ်လောင်း ဖော် ပြထားပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *