သမ္မာကျမ်းစာကို လေ့လာရာ၌ သမိုင်းကြောင်းဆိုင်ရာ နောက်ခံ အခြေခံများကို ကောင်းစွာ နားလည်ရန်အရေးကြီးတယ်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံတွင် ဒုတိယ ဗာတီ ကန်ကောင်စီ၏ Dei Verbum (ဘုရားသခင်၏ ဗျာဒိတ်တော်ဆိုင်ရာ အခြေခံဥပဒေ) စာတမ်းကို ဆွေးနွေး ခဲ့ပါသည်။

သမ္မာကျမ်းစာသည် ယနေ့ခေတ်ကာလတွင် အဓိပ္ပာယ်ပြည့်စုံနေစေရန်အတွက် သမိုင်းကြောင်းဆိုင်ရာ နောက်ခံအခြေအနေများနှင့်အညီ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းနှင့် သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် လူသားတို့အကြား ပေါင်းကူးတံတားဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

ဘုရားသခင်၏ နှိမ့်ချကူညီမှု (Divine Condescension(sad) ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်ကို လူသားများ နားလည်သဘောပေါက်နိုင်စေရန် လူသားတို့၏ ဘာသာစကားနှင့် “လူသားတို့၏ အားနည်း ချက်” ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သည်။ ၎င်းသည် ဘုရားသခင်က လူသားများနှင့် ဝေးကွာနေခြင်း သို့မဟုတ် လူသားထက်သာလွန်သော အဆင့်တစ်ခုတွင်သာ နေထိုင်ခြင်းထက် လူသားများနှင့် နီးကပ်စွာ ရှိလိုသော ဆန္ဒကို ထင်ဟပ်စေပါသည်။

အစွဲအလမ်းကြီးသော အနက်ဖွင့်ဆိုမှု၏ အန္တရာယ် (The Danger of Fundamentalism(sad) “မှန်ကန် သော အနက်ဖွင့်ဆိုချက်” တစ်ခုဖြစ်ရန် သမ္မာကျမ်းစာ ရေးသားခဲ့သည့် သမိုင်းကြောင်း ပတ်ဝန်းကျင်နှင့် စာပေပုံစံများကို လေ့လာရန် လိုအပ်သည်။ ကျမ်းစာ၏ လူသားဆန်သော အစိတ်အပိုင်းကို လျစ်လျူ ရှု ခြင်းသည် ကျမ်းစာ၏ အနှစ်သာရကို ပျက်ပြားစေသော အစွဲအလမ်းကြီးသည့် (Fundamentalist) အနက်ဖွင့်ဆိုမှုများဆီသို့ ဦးတည်သွားစေနိုင်သည်။

နှုတ်ကပတ်တော် ဟောကြားရာတွင် လက်တွေ့ကျမှု (Relevance in Proclamation(sad) ဘုရားသခင်၏ နှုတ်ကပတ်တော် ထိရောက်မှုရှိစေရန်အတွက် “နားမလည်နိုင်သော” သို့မဟုတ် “ခေတ်နောက်ကျသော” ဘာသာစကားများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ လူသားတို့၏ စိတ်နှလုံးကို ထိတွေ့နိုင်ရန် ခေတ်သစ် လူသားတို့၏ မျှော်လင့်ချက်များ၊ ခံစားချက်များနှင့် ထိတွေ့မှုရှိနေရမည်။

လူမှုရေးသတင်းစကားများထက် သာလွန်ခြင်း (Transcending Social Messages(sad) ဧဝံဂေလိတရား သည် ဘဝ၏ ကဏ္ဍစုံကို လွှမ်းခြုံထားသော်လည်း ၎င်းသည် လူမှုရေး သို့မဟုတ် ပရဟိတ သတင်းစကား သက်သက်မျှသာ မဟုတ်ဘဲ ယေဇူးခရစ်တော်အားဖြင့် ကျွန်ုပ်တို့အား ပေးသနားထားသော “ပြည့်စုံပြီး ထာဝရအသက်၏ ဝမ်းမြောက်ဖွယ်ရာ ကြေညာချက်” ဖြစ်သည်။

အနက်ဖွင့်ဆိုခြင်းနှင့် နောက်ခံအကြောင်းအရာအပေါ် မိန့်ကြားချက်

“သန့်ရှင်းသော သမ္မာကျမ်းစာကို မှန်ကန်စွာ အနက်ဖွင့်ဆိုရာတွင် ကျမ်းစာဖြစ်ပေါ်လာခဲ့သည့် သမိုင်း ကြောင်း ပတ်ဝန်းကျင်နှင့် အသုံးပြုခဲ့သည့် စာပေပုံစံများကို ချန်လှပ်ထား၍ မရပါ။ ထိုသို့မဟုတ်ဘဲ ဘုရား သခင် အသုံးပြုခဲ့သည့် လူသားတို့၏ စကားလုံးများကို လေ့လာရန် ငြင်းပယ်ခြင်းသည် ကျမ်းစာ၏ အဓိပ္ပာယ်ကို ပျက်ပြားစေသော အစွဲအလမ်းကြီးသည့် သို့မဟုတ် ဝိညာဉ်ရေးရာ သက်သက် ဖြစ်သော အနက်ဖွင့်ဆိုမှုများဆီသို့ ဦးတည်သွားစေနိုင်သည့် အန္တရာယ်ရှိပါသည်။”

ထိရောက်သော ဆက်သွယ်ပြောဆိုမှုအပေါ် မိန့်ကြားချက်

“အကယ်၍ နှုတ်ကပတ်တော်သည် လက်တွေ့ဘဝ၊ လူသားတို့၏ မျှော်လင့်ချက်များနှင့် ဆင်းရဲဒုက္ခများမှ ကင်းကွာသွားလျှင် သော်လည်းကောင်း၊ နားမလည်နိုင်သော ဘာသာစကားကို အသုံးပြုလျှင် သော် လည်းကောင်း၊ သို့မဟုတ် ဆက်သွယ်မှုမရှိဘဲ ခေတ်နောက်ကျနေလျှင် သော်လည်းကောင်း ၎င်းသည် ထိရောက်မှု မရှိတော့ပါ။”

သမ္မာကျမ်းစာ၏ ရည်ရွယ်ချက်အပေါ် မိန့်ကြားချက်

“သမ္မာကျမ်းစာကို လူမှုရေး သို့မဟုတ် ပရဟိတ သတင်းစကားသက်သက်အဖြစ် လျှော့ချ၍မရပါ။ ၎င်းသည် ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အား ပေးသနားထားသော ပြည့်စုံပြီး ထာဝရအသက်၏ ဝမ်းမြောက်ဖွယ်ရာ ကြေညာချက် ဖြစ်ပါသည်။”

နိဂုံးချုပ် ဆုတောင်း

“ကျွန်ုပ်တို့၏ စကားလုံးများ၊ ထိုထက်မက ကျွန်ုပ်တို့၏ နေထိုင်မှု ဘဝပုံစံများသည် ကျမ်းစာ၌ ဖော်ပြထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖုံးကွယ်မပစ်မိစေရန် ဆုတောင်းကြပါစို့။”

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *