လူသားချင်းစာနာထောက်ထားသော ညီရင်းအစ်ကိုစိတ်ဓာတ်သည် ခေတ်မမှီတော့သော စိတ်ကူး ယဉ် အိပ်မက်မဟုတ်ဘဲ အရေးတကြီးလိုအပ်နေသော လက်တွေ့ဘဝဖြစ်သည်

“အပြည်ပြည်ဆိုင်ရာ လူသားချင်းညီရင်းအစ်ကိုစိတ်ဓာတ်နေ့” (World Day of Human Fraternity) သဝဏ်လွှာနှင့် “ဇာယက်ဆု” (Zayed Award) ချီးမြှင့်ခြင်း အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ညီရင်းအစ်ကိုစိတ်ဓာတ်သည် ပဋိပက္ခများ၊ ကွဲပြားမှုများနှင့် တင်းမာမှုများထက် ပိုမိုခိုင်မာ အား ကောင်းပြီး အရေးတကြီးလိုအပ်နေသော အရာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ညီရင်းအစ်ကိုစိတ်ဓာတ်၏ အရေးတကြီးလိုအပ်မှု

ငြိမ်းချမ်းရေးကို ခေတ်မမီတော့သော စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ် ပယ်ချခံနေရပြီး ညီရင်းအစ် ကိုစိတ်ဓာတ်ကို စိတ်ကူးယဉ်အယူအဆ (Abstract ideal) အဆင့်သာ သတ်မှတ်နေကြသော ကမ္ဘာ ကြီးတွင်၊ လူသားချင်းညီရင်းအစ်ကိုစိတ်ဓာတ်သည် သီအိုရီတစ်ခုမဟုတ်ဘဲ “အရေးတကြီးလိုအပ်ချက်” ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်သော သဝဏ်လွှာ၌ ညီရင်းအစ်ကိုစိတ်ဓာတ်သည် ပဋိပက္ခများထက် ပိုမိုအားကောင်းရမည်ဟု ပုပ်ရဟန်းမင်းကြီးက အခိုင်အမာ တိုက်တွန်းထားပါသည်။

ပဋိပက္ခများကြား ပထမဆုံး စတေးခံရသည့်အရာ

ယနေ့ခေတ်တွင် အကြမ်းဖက်မှုနှင့် စစ်မက်ဘေးဒဏ် ခံစားနေရသော ညီအစ်ကိုမောင်နှမများစွာအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကာ “စစ်ပွဲတိုင်းရဲ့ ပထမဆုံး သားကောင်ဟာ လူသားမျိုးနွယ်ရဲ့ မွေးရာပါ ညီရင်း အစ်ကိုစိတ်ဓာတ်ပါပဲ” ဟု ဆိုခဲ့သည်။

စိတ်ကူးယဉ်နယ်ပယ်” ထဲတွင်သာ ကျန်မနေစေရန်

“စကားလုံးတွေနဲ့တင် မလုံလောက်ပါဘူး” ကျွန်ုပ်တို့၏ အလေးနက်ဆုံးသော ယုံကြည်ချက်များကို လက် တွေ့ကျသော ကြိုးပမ်းမှုများဖြင့် အစဉ်တစိုက် ပျိုးထောင်ရန် လိုအပ်သည်။ “စိတ်ကူးယဉ် သီအိုရီနယ် ပယ်ထဲမှာပဲ ကျန်နေပြီး လက်တွေ့ကျတဲ့ မေတ္တာကရုဏာအလုပ်တွေနဲ့ ဖော်ပြဖို့ ပျက်ကွက်မယ်ဆိုရင်၊ ကျွန်ုပ်တို့ရဲ့ အမြတ်နိုးဆုံး မျှော်လင့်ချက်တွေနဲ့ ရည်မှန်းချက်တွေဟာ တဖြည်းဖြည်း အားနည်းပြီး ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု သဝဏ်လွှာတွင် –  ရေးသားထားသည်။

ဆုရရှိသူများသည် “မျှော်လင့်ချက်မျိုးစေ့ ချသူများ”

ယခုနှစ် Zayed Award ဆုရရှိသူများသည် (အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev၊ အာမေးနီးယား ဝန်ကြီး ချုပ် Nikol Pashinyan၊ မစ္စ Zarqa Yaftali နှင့် ပါလက်စတိုင်းအဖွဲ့အစည်း Taawon တို့သည်) “တံတား တွေအစား တံတိုင်းတွေသာ တည်ဆောက်နေကြတဲ့ ကမ္ဘာကြီးမှာ မျှော်လင့်ချက်မျိုးစေ့ ချသူများ” အဖြစ် ချီးကျူးခဲ့ကာ၊ ၎င်းတို့သည် ခက်ခဲသော “စည်းလုံးညီညွတ်မှုလမ်းစဉ်” ကို ရွေးချယ်ခြင်းဖြင့် အမြစ်တွယ် နေသော ကွဲပြားမှုများကို လက်တွေ့လုပ်ဆောင်ချက်ဖြင့် ကုစားနိုင်ကြောင်း ပြသခဲ့ကြသူများဖြစ်သည်။

အိမ်နီးချင်းကို သူစိမ်း သို့မဟုတ် ခြိမ်းခြောက်မှုဟု မမြင်ကြရန်

သဝဏ်လွှာ၏ နိဂုံးတွင် ပုပ်ရဟန်းမင်းကြီးက “ညီရင်းအစ်ကို ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားဟာ အားလုံးရဲ့ ဘုံလမ်းစဉ်ဖြစ်လာဖို့နဲ့ ‘တစ်ပါးသူ’ ကို သူစိမ်းတစ်ယောက် ဒါမှမဟုတ် ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မမြင်ဘဲ မိမိရဲ့ ညီအစ်ကို မောင်နှမအဖြစ် အသိအမှတ်ပြုနိုင်ကြဖို့ အတူတကွ ဆက်လက်လုပ်ဆောင်ကြပါစို့။”

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *