သာသနာလုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသူတော်စင်များ၏ ပွဲနေ့ကျင့်ပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာလုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သူတော်စင် များ ၏ ပွဲနေ့ ကို မန္တလေးသာသနာ၊ ပြင်ဦးလွင်မြို့၊ဆင်လမ်းကျေးရွာ၊ ရဟန္တာပါဒြေပီးအို ဘုရားကျောင်းတွင် (၂.၂.၂၀၂၆) နေ့ နံနက်၁၁:ဝဝ နာရီအချိန်၌ Fr. Bosco Nyi Nyi မှမစ္ဆားတရားဦးဆောင် ပူဇော်ပေး ခဲ့ပါ သည်။

မစ္ဆားတရားမစခင်နံနက် ပိုင်းတွင် သူတော်စင်များတွက် လိုအပ်သည့် ထောက်ရှု့ချက်များအကြောင်းကို Fr.Bosco Nyi Nyi မှ ဝေမျှခဲ့သည် ထိုနောက် ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ အာပတ်ဖြေခြင်း၊ ဖယောင်း တိုင်ကောင်းကြီးပေးခြင်း ကိုလည်းဆက်လက်ကျင်းပခဲ့ပါသည်။

သူတော်စင်များပွဲနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်၊ သခင်ခရစ်တော်အား ဗိမာန်တော်၌ ဆက်ကပ် ပူ ဇော်သောပွဲနေ့ ကျင်းပကြပါသည်။ စတင်သတ်မှတ်သည့် ၁၉၉၇ ခုနှစ် မှာ ပုပ်ရ ဟန်းမင်းကြီး  ပုပ်ရဟန်း မင်းကြီး စိန့်ဂျွန်ပေါလ် (ဒုတိယမြောက်)မှ အသင်းတော်ရှိ ဆက် ကပ်အပ်နှံ ခြင်းခံ ယူထားသော ခေါ် ယူ ခြင်း (Consecrated Vocations) များအတွက် ဆုတောင်းရန်၊ ဂုဏ် ပြုရန်နှင့် ပိုမိုတန်ဖိုး ထားနား လည်လာ စေရန်ဖြစ်ပြီး၊ ဘာသာတူများအားလုံးအနေဖြင့်လည်း ဤခေါ် ယူ ခြင်း၏ အရေးပါမှုကို နားလည် သ ဘောပေါက်လာစေရန် တိုက်တွန်းအားပေးရန်ဖြစ်သည်။

မစ္ဆားတရားအတွင်းFr. Bosco Nyi Nyi (SDB) မှ ဩဝါဒတရားမြွက်ကြားရာမှာ

“ကျွန်ုပ်တို့ကြားနာရမဲ့ ကျွန်ုပ်တို့နားထောင်ရမဲ့ တစ်ခုတည်းသောအသံက ဘုရားသခင်ရဲ့အသံဖြစ်ပြီး ကျွန်ုပ်တို့လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်ကလည်း ဘုရားသခင်၏ အလိုတော်ကိုပဲဖြစ် ပါတယ်။

စစ်မှန်တဲ့ဆုတောင်းခြင်းမှာ အကျင့်တရားပြောင်းလဲခြင်းရှိပါတယ်။ ဘုရားသခင်ရဲ့တရားတော်မြတ်ကို ဟောကြားဖို့ကိုယ်က စိတ်အားထက်သန်တဲ့အခါမှာ တစ်ခြားသူတွေကို မဟောခင် အရင်ဆုံးမိမိကိုယ် မိမိ အရင်ဟောပြီး အဲ့တရားတော်မြတ်ကို ကိုယ့်ဘဝထဲမှာ အသက်ရှင်ဖို့ အရင်ဆုံးကြီးစားကြရမှာဖြစ် ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးသူတော်စင်များအားနှုတ်ကပါဌ်တော်တရားအကြောင်းထောက်ရှု့စရာဝေမျှရာမှာ

“သစ္စာသုံးပါခံ သူတော်စင်ဘဝမှာ ဘုရားသခင်နှုတ်ကပါဌ်တော်တရားကို ယုံကြည်ခြင်းပြည့်ဝစွာနဲ့ ဖတ် ရှုတတ်ဖို့ လေ့လာသင်ယူဖို့အရေးကြီးပါတယ်။ ဒီနေ့သူတော်စင်များပွဲနေ့ကျင်းပတဲ့အခါမှာ တစ် ယောက်စီတိုင်း ကိုယ့်ကိုယ်ကို ပြန်လည်းဆန်းစစ်ဖို့လည်းလိုအပ်ပါသည်။ ဘုရားသခင်ရဲ့နှုတ်ကပါဌ် တော်တရားကို ထောက်ရှု့ပြီးမှ ကိုယ့်ဘဝမှာ ဒီတရားတော်ကို လိုက်ကျင့်ကြံဖြစ်လား မကျင့်ကြံဖြစ် လားဆန်းစစ်ရမည်။

စစ်မှန်တဲ့သူတော်စင်၊ စစ်မှန်တဲ့နောက်လိုက်တစ်ဦးဖြစ်ချင်တယ်ဆိုရင် ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော် တရားကို ထောက်ရှု့လက်ခံပြီး ဘဝထဲမှာ ကျင့်ကြံဖို့လိုပါတယ်။ကျွန်ုပ်တို့ သူတော်စင်များရဲ့ အစမှာ လည်း ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကိုကြားနာခြင်းအားဖြင့် စခဲ့တယ်။ သူတော်စင်ဘတဆက်သွား တဲ့ အခါမှာလည်းပဲ ဒီနှုတ်ကပါဌ်တော် ကိုနာယူပြီးမှ ဆက်လုပ်ရမည့်သာသနာ လုပ်ငန်းများကို လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

Fr. David Yan Naing (SDB)

ခုလိုဂိုဏ်းပေါင်းစုံသူတော်စင်ပွဲကျင့်ပခြင်းအားဖြင့် မိမိရဲ့သူတော်စင်ဘဝစခဲ့တဲ့အချိန်တွေပြန်ပြီးသတိ ရတယ်။ နောက်တစ်ခုကခရစ်တော်ရဲ့ ခေါ်တော်မူခြင်းလမ်းကို လျှောက်နေကြတဲ့ အခြားသော သူတော် စင်များနဲ့လည်းဆုံတွေ့ခွင့်ရတယ်၊ အပြန်အလှန်ပြောဆိုဆွေးနွေးကြတယ်၊ နှုတ်ဆက်ကြတယ် ဒါဟာ ဒီခေါတော်မူခြင်းလမ်းကို ဆက်လျှောက်လှမ်းဖို့ အပြန်အလှန် ခွန်အားဖြစ်စေပါတယ်။ ဘုရားသခင် အတွက်ဆက်ကပ်ထားသည့် ဒီဘဝအသက်တာဟာ လောကလူသားတွေအတွက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ ပန်းပေါင်းစုံပွင့်တဲ့ဉယာဉ်လို အသင်းဂိုဏ်းအများအပြားဖြင့် အသင်းတော်ကို အစေခံနေ ကြသူများဖြစ်ကြပါသည်။”

Sr. Regina Khaing(SJA)

သူတော်စင်များပွဲနေ့ကျင်းပခွင့်ရတဲ့အတွက် ဘုရားရှင်ကိုကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးကျင်းပခြင်း အားဖြင့် ကိုယ့်ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်ထားတယ်ဆိုတဲ့ အသိကို ပြန်သတိရစေသလို ဘုရားရှင်ကို ကိုယ်က သစ္စာသုံးပါးနဲ့အညီ ဆက်ကပ်အပ်နှံနေရဲ့လားဆိုတာကို ပြန်ပြီး ဆင်ခြင်ထောက် ရှု့မိပါတယ်။

 အသင်းဂိုဏ်းပေါင်းစုံမှာရှိတဲ့ ပုဂ္ဂိုလ်အချင်းချင်း တွေ့ကြတယ်၊ ဆုံကြတယ်၊ဆုတောင်းပေးကြတယ် ဒီလိုလုပ်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးမှုရှိလာသလို သာသနာလုပ်ငန်းအတွင်း မှာလည်း တစ်ယောက်ကိုတစ်ယောက် ပိုပြီးအထောက်အကူပြုလာနိုင်ပါတယ်။

သူတော်စင်များပွဲနေ့သို့ မန္တလေးသာသနာအတွင်းရှိ သူတော်စင်ဂိုဏ်းအသီးသီးမှ သူတောင်စင် များ (၂၅၀) ပါဝင်တက်ရောက်ခဲ့ပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *