မင်္ဂလာတရားတော်များသည်ပျော်ရွှင်ခြင်း၏အတိုင်းအတာတစ်ခုဖြစ်လာခြင်း။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့ အန်းဂျေးလု့စ် (Angelus) မေတ္တာဆိုခြင်းတွင် “မင်္ဂလာ တရားတော်” (Beatitudes) များသည် ရှေးဟောင်းကျမ်းချက်များသာမဟုတ်ဘဲ သမိုင်း၏အမှောင်ထုကို လင်းလက်စေပြီး လောကီအောင်မြင်မှုများအတွက် အစွန်းရောက်လှသော အခြားရွေးချယ် စရာတစ်ခု ဖြစ်သည့် “ပျော်ရွှင်ခြင်း၏ အတိုင်းအတာ” တစ်ခုဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

  •  နှလုံးသား၏ ပညတ်သစ် မင်္ဂလာတရားတော်များကို ကျောက်ပြားပေါ်တွင်မဟုတ်ဘဲ နှလုံးသား ထဲတွင် ရေးထွင်းထား သော “ပညတ်သစ်” ဟု ဖော်ပြခဲ့ပြီး၊ လောကကြီးက ကျွန်ုပ်တို့ကို စွန့်ခွာသွားသယောင် ထင်ရချိန် ၌ပင် ဘဝကို အသစ်တဖန် ဖြစ်စေနိုင်ကြောင်း မိန့်ကြားခဲ့သည်။
  • ယုံကြည်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ရပ် လောကကြီးက ပျော်ရွှင်မှုကို ချမ်းသာကြွယ်ဝမှုနှင့် အာ ဏာတို့ဖြင့် ဆက်စပ်ပေးလေ့ရှိသော်လည်း၊ စစ်မှန်သော လှည့်စားမှုမှာ ဆင်းရဲဒုက္ခများကြားတွင် သက်တော်ထင်ရှားရှိခဲ့သော ခရစ်တော်အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်းသာဖြစ်ကြောင်း အခိုင် အမာဆိုခဲ့သည်။
  • သမိုင်း၏ ပြောင်းလဲမှု သမိုင်းသည် အောင်နိုင်သူများ၏လက်ဖြင့် ရေးသားခြင်းမဟုတ်တော့ဘဲ ဖိနှိပ်ခံရသူများနှင့် လူ့အဖွဲ့အစည်းက စွန့်ပစ်ထားသူများကို ဦးစားပေးကယ်တင်သော ဘုရား သ ခင်ကသာ ရေးသားခြင်းဖြစ်ကြောင်း 
  • တည်မြဲသော ဝမ်းမြောက်ခြင်း: ပျော်ရွှင်မှုကို “ဝယ်ယူရသော အောင်မြင်မှု” နှင့် “မျှဝေခံစား ရသော လက်ဆောင်” အဖြစ် ခွဲခြားပြသခဲ့ပြီး မင်္ဂလာတရားတော်၏ ကျေးဇူးတော်သည် အခက် အခဲနှင့် ဆင်းရဲဒုက္ခများကြားတွင် လူတို့ကို အစဉ်အမြဲ ထောက်ပံ့ပေးကြောင်း ပုပ်ရဟန်းမင်းကြီး က မှတ်ချက်ပြုခဲ့သည်။

ဘုရားသခင်၏ မျှော်လင့်ချက်။

“လောကကြီးက မျှော်လင့်ချက်မရှိသူများအဖြစ် စွန့်ပစ်ထားသူများကို ဘုရားသခင်သည် အထူးသဖြင့် မျှော်လင့်ချက် ပေးတော်မူ၏။”

မင်္ဂလာတရားတော်၏ သဘာဝ။

“ဤအရာတို့သည် အမှန်စင်စစ်အားဖြင့် သမိုင်း၏ အမှောင်ထုထဲတွင် သခင်ဘုရား ထွန်းညှိပေးသော အလင်းတရားများဖြစ်ပြီး ကယ်တင်ခြင်းစီမံကိန်းကို ဖော်ထုတ်ပြသနေခြင်း ဖြစ်သည်။”

လောကီနှင့် ဘုရားသခင်ပေးသော ပျော်ရွှင်မှု။ 

“ပျော်ရွှင်မှုသည် ချမ်းသာသူများအတွက်သာ ဖြစ်သည်ဟု တွေးတောလေ့ရှိသူများသည် ယေဇူးခရစ် တော်ကို လှည့်စားခံရသူဟု ထင်မြင်နိုင်ပါသည်။ အမှန်တကယ် လှည့်စားခံရခြင်းမှာ ခရစ်တော်အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်းပင် ဖြစ်သည်။”

ဘုရားသခင်သည် အဆုံးစွန်သော အရင်းအမြစ်ဖြစ်ကြောင်း။

“ဘုရားသခင်သည်သာလျှင် ဆင်းရဲနွမ်းပါးသူနှင့် ဆင်းရဲဒုက္ခခံရသူများကို ‘မင်္ဂလာရှိသူများ’ ဟု အမှန် တကယ် ခေါ်ဆိုနိုင်သူ ဖြစ်သည်။ အကြောင်းမူကား ကိုယ်တော်သည် အတိုင်းအဆမရှိသော မေတ္တာဖြင့် အားလုံးအတွက် မိမိကိုယ်ကို ပေးဆပ်တော်မူသော အမြင့်မြတ်ဆုံးသော ကောင်းမြတ်ခြင်းရှင် ဖြစ် သောကြောင့် ဖြစ်သည်။”

နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီး လီယိုက လူမျိုးအဆက်ဆက်တို့ “မင်္ဂလာရှိသူ” ဟု ခေါ်ဆိုကြသော သခင်ဘုရား၏ အစေခံတော် အမိမယ်တော်မာရီယားအား ကျွန်ုပ်တို့ မင်္ဂလာတရားတော်များနှင့်အညီ နေထိုင်နိုင်ရန် ကူညီမစပေးပါရန် ဆုတောင်းလျက် နိဂုံးချုပ်ခဲ့သည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *