
ပုပ်ရဟန်းမင်းကြီး ကွန်ဂိုနိုင်ငံအရှေ့ပိုင်း မိုင်းတွင်းပြိုကျမှုကြောင့် သေဆုံးသူများအတွက် ဆုတောင်း ပေး။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် ကိုလ်တန် (Coltan) မိုင်းတွင်းပြိုကျမှုကြောင့် ယခုအပတ်အတွင်း သေဆုံးခဲ့ရသည့် ရာနှင့်ချီသောသူများအတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဆုတောင်းပေးခဲ့ပြီး၊ မိုဇမ်ဘစ်နှင့် ပေါ်တူဂီနိုင်ငံတို့တွင် မုန်တိုင်းဒဏ်ခံခဲ့ရသူများအကြောင်းကိုလည်း မိန့်ကြားခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွန်ဂိုနိုင်ငံအရှေ့ပိုင်း မြောက်ပိုင်းကီဗူး (North Kivu) ပြည်နယ်ရှိ အဓိက ကိုလ်တန်မိုင်းတွင်းနေရာတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ မိုင်းတွင်းအများအပြား ပြိုကျပျက်စီးခဲ့သည်။
မြောက်ပိုင်းကီဗူးပြည်နယ် အုပ်ချုပ်ရေးမှူး၏ အပြောအရ ရူဘာယာ (Rubaya) မိုင်းတွင်းဖြစ်စဉ်တွင် အနည်းဆုံး လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
တနင်္ဂနွေနေ့ အန်ဂျေးလု့စ် (Angelus) မေတ္တာဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဤ အဖြစ် ဆိုးတွင် သေဆုံးခဲ့ရသူများနှင့် သူတို့၏ မိသားစုဝင်များအတွက် စာနာထောက်ထားကြောင်း ဖော်ပြ ခဲ့သည်။
မိုင်းတွင်းမြေပြိုမှုကြောင့် သေဆုံးခဲ့ရသူများစွာအတွက် ကျွန်ုပ် ဆုတောင်းပေးလျက်ရှိကြောင်း အလွန် အမင်း ဆင်းရဲဒုက္ခခံစားနေရသော ထိုပြည်သူများကို သခင်ဘုရားက ကူညီမစတော်မူပါစေ!” ဟု မိန့် ကြားခဲ့ပါသည်။
ဂိုမာ (Goma) မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာတွင်ရှိသော ရူဘာယာအနီးရှိ လက်လုပ်လက်စား မိုင်း တွင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားသည်။
ပုပ်ရဟန်းမင်းကြီးသည် ပေါ်တူဂီ၊ အီတလီတောင်ပိုင်းနှင့် မိုဇမ်ဘစ်နိုင်ငံတို့တွင် မကြာသေးမီက ဖြစ်ပွား ခဲ့သော မုန်တိုင်းဒဏ်သင့်သူများအတွက်လည်း ဆုတောင်းပေးခဲ့သည်။
မိုဇမ်ဘစ်နိုင်ငံတွင် ပြင်းထန်သောမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ယခုအပတ်အတွင်း လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ သည်းထန်စွာရွာသွန်းသော မိုးနှင့် ရေကြီးမှုများကြောင့် လူဦးရေ တစ်သန်း နီးပါး ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။
ပေါ်တူဂီအလယ်ပိုင်းတွင်လည်း ခရစ်စတင်း (Kristin) မုန်တိုင်းကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး ခဲ့သည်။ ထိုမုန်တိုင်းသည် တစ်နာရီလျှင် ၂၀၂ ကီလိုမီတာအထိ တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
Fr. Peter Kyi Maung
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

