ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလှ အနားယူ၊ ဖယ်ခုံသာသနာအတွက် ဆက်ခံမည့်သူ တာဝန်စတင်ထမ်း ဆောင်။

မြန်မာနိုင်ငံ၊ ဖယ်ခုံကက်သလစ်သာသနာကို ဦးဆောင်နေသည့် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာ လှ ၏ တာဝန်မှအနားယူခွင့် တောင်းခံမှုကို ရဟန်းမင်းကြီး လီယို (၁၄) က လက်ခံအတည်ပြုလိုက်ကြောင်း ဗာတီကန်နန်းတော် (The Holy See) မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

ဆရာတော်ကြီး ပီတာ လှ၏နေရာတွင် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖေလေချေ ဘထူး မှဆက် ခံမည် ဖြစ် သည်။ ၎င်းသည် သာသနာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ကူးပြောင်းနိုင်ရန်အတွက် ဖယ်ခုံသာ သနာ၏ တွဲဖက်ဂိုဏ်းဆရာဘုန်းတော်ကြီး (Coadjutor Bishop) အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူ ဖြစ်သည်။

နောက်ခံအကြောင်းအရာ

• ခန့်အပ်ခြင်း ဂိုဏ်းအုပ်ဆရာတော်ကြီး ဖေလေချေ ဘထူးအား ဖယ်ခုံသာသနာ၏ တွဲဖက်ဂိုဏ်း အုပ်ဆရာတော်အဖြစ် ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ခန့်အပ်ခဲ့ ပါသည်။

• ဆရာတော်သိက္ခာတင်မင်္ဂလာ ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဖယ်ခုံသာသနာရှိ စန်တာ မာရိယား (Santa Maria) ဘုရားရှိခိုးကျောင်း၌ တောင်ကြီးဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ် ဆရာတော်ကြီး ဘာစီးလီယိုအာသိုက်ထံမှ ဂိုဏ်းအုပ်ဆရာတော်သိက္ခာမင်္ဂလာ (Episcopal Ordination) ကို ခံယူခဲ့ပါသည်။

ဤခေါင်းဆောင်မှု အပြောင်းအလဲသည် သာသနာအတွက် ကြိုတင်စီမံထားသည့် အကူးအပြောင်း တစ် ခုဖြစ်ပြီး၊ တွဲဖက်ဂိုဏ်းအုပ်အဖြစ် နှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ကာ ဘာသာတူအသိုက်အဝန်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ဂိုဏ်းအုပ်ဆရာတော်ကြီး ဖေလေချေ ဘထူးသည် ယခုအခါ သာသနာ၏ သိုးထိန်းဆိုင်ရာ တာဝန်အရပ်ရပ်ကို အပြည့်အဝ စတင်တာဝန်ယူပြီ ဖြစ်ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *