ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ အသံမြှင့်တင်ကြပါစို့။

ပုပ်ရဟန်းမင်းကြီးသည် Castel Gandolfo ရှိ သတင်းထောက်များအား အကျဉ်းချုပ် ပြောကြားရာတွင် အရှေ့အလယ်ပိုင်း အခြေအနေနှင့် ပတ်သက်၍ မှတ်ချက်ပြုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်း ကြရန် တိုက်တွန်းခဲ့သည်။ 

“ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ အများကြီး ဆုတောင်းရမယ်ဆိုတာကိုပဲ ကျွန်ုပ် ပြောပါရစေ။”

၎င်းမှာ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) က ပုံမှန်အတိုင်း အင်္ဂါနေ့ကို အနားယူရင်း၊ အလုပ်လုပ်ရင်း ကုန်ဆုံးခဲ့သည့် Castel Gandolfo ရှိ ၎င်း၏စံအိမ်ဖြစ်သော Villa Barberini မှ ထွက်ခွာ စဉ် အီတလီရုပ်သံလိုင်းသို့ ပြောကြားခဲ့သည့် အကျဉ်းချုပ် မိန့်ကြားချက် ဖြစ်သည်။

အရှေ့အလယ်ပိုင်း အခြေအနေ၊ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့ ရေပြင်တွင် အမေရိကန် လေယာဉ် တင်သင်္ဘော Abraham Lincoln ဦးဆောင်သည့် ရေတပ်တိုက်ခိုက်ရေးအုပ်စု ရောက်ရှိနေမှုနှင့် ပတ် သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက် ထပ်လောင်းတိုက်တွန်းရင်း ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်ုပ်တို့လို သာမန်လူသားတွေအနေနဲ့ အသံမြှင့်နိုင်ကြပါတယ်၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အကြမ်း ဖက်မှုထက် တွေ့ဆုံဆွေးနွေးရေးလမ်းစကို အမြဲရှာဖွေသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ “အထူးသဖြင့် Shoah (ဂျူးမျိုးဖြုတ်သတ်ဖြတ်မှု) ကို အောက်မေ့သတိရတဲ့ ဒီကနေ့လို နေ့မျိုးမှာပေါ့။”

ယနေ့သည် ဟိုလိုကော့စ် (Holocaust) အထိမ်းအမှတ်နေ့ ဖြစ်သည်နှင့်အညီ ပုပ်ရဟန်းမင်းကြီး လီယို သည် ၎င်း၏ X (ယခင် Twitter) အကောင့် @Pontifex တွင် အစောပိုင်းက ရေးသားခဲ့သည့်အတိုင်း “ဂျူးဆန့်ကျင်ရေးဝါဒ ပုံစံမျိုးစုံကို ကျွန်ုပ်တို့ ဆန့်ကျင်တိုက်ဖျက်ကြပါစို့” ဟု ထပ်လောင်းအတည်ပြု မိန့်ကြားခဲ့သည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *