ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မှ ယုံကြည်ခြင်းဆိုင်ရာရဟန်းမင်းကြီး၏ရုံးတော်ဌာန (DDF) သို့ ပြော ကြားခဲ့သည့် မိန့်ခွန်း။

ယုံကြည်ခြင်းဆိုင်ရာဌာန (DDF) ၏ တာဝန်

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ၎င်းဌာန၏ အဓိကတာဝန်မှာ Praedicate Evangelium အခြေခံ ဥပဒေအရ ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့် တင် ရန် ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်များအား ကူညီပေးခြင်းဖြစ်ကြောင်း အလေးထား ပြောကြား ခဲ့သည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

• “ယုံကြည်ခြင်းအမွေအနှစ်” ကို အခြေခံလျက် ခေတ်သစ်မေးခွန်းများအပေါ် ပိုမိုနက်ရှိုင်းစွာ နား လည်နိုင်ရန် ကြိုးစားခြင်း။

• သိမ်မွေ့နက်နဲသော အယူဝါဒဆိုင်ရာ မေးခွန်းများအတွက် ဓမ္မအမှုရေးရာနှင့် ကျမ်းစာဆိုင်ရာ လမ်းညွှန်ချက်များ ပေးခြင်း။

မျိုးဆက်တစ်ခုမှတစ်ခုသို့ ယုံကြည်ခြင်း ကူးပြောင်းမှု ပြတ်တောက်နေခြင်း

ပုပ်ရဟန်းမင်းကြီးက ယနေ့ခေတ်တွင် မျိုးဆက်များအကြား ယုံကြည်ခြင်း လက်ဆင့်ကမ်းမှုတွင် သိသာထင်ရှားသော “ပြတ်တောက်မှု” တစ်ခု ဖြစ်ပေါ်နေကြောင်း ထောက်ပြခဲ့သည်-

• စိန်ခေါ်မှု: ရှေးယခင်ကတည်းက ခရစ်ယာန်ဘာသာ ထွန်းကားခဲ့သော ဒေသများတွင်ပင် လူငယ် များသည် ဧဝံဂေလိတရားတော်ကို မိမိတို့ဘဝအတွက် အခြေခံအရင်းအမြစ်အဖြစ် မမြင် ကြတော့ပေ။

• တုံ့ပြန်မှု: ဤအခြေအနေအတွက် ဝမ်းနည်းနေရုံမျှမကဘဲ၊ သာသနာတော်အနေဖြင့် “ဧဝံဂေလိ တရား ဟောပြောခြင်း၏ ချိုမြိန်ပြီး နှစ်သိမ့်မှုပေးသော ဝမ်းမြောက်ခြင်း” ကို ပြန်လည်ရှာ ဖွေရမည်ဖြစ်သည်။

• သာသနာပြုစိတ်ဓာတ်: သာသနာတော်သည် မိမိကိုယ်ကိုသာ ပြန်ကြည့်မနေဘဲ အပြင်ဘက်သို့ မျှော်ကြည့်သော သာသနာပြုအသင်းတော် ဖြစ်လာရမည်။

ဆွဲဆောင်မှုရှိခြင်းနှင့် နှိမ့်ချခြင်း

သာသနာတော်သည် မည်သို့တိုးတက်လာသင့်သည်ကို ယခင်ပုပ်ရဟန်းမင်းကြီးများ၏ သွန်သင်ချက် နှင့် အညီ ရှင်းလင်းပြောကြားခဲ့သည်-

• ဆွဲဆောင်ခြင်းတန်ခိုး: သာသနာတော်သည် မိမိကိုယ်ကို အမွှမ်းတင်ခြင်းဖြင့်မဟုတ်ဘဲ “မေတ္တာ ကရုဏာ” (Charity)ဖြင့်သာ သူတစ်ပါးကို ဆွဲဆောင်ရမည်။

• ခရစ်တော်သည် အရင်းအမြစ်: ဆွဲဆောင်နေသူမှာ သာသနာတော်မဟုတ်ဘဲ ခရစ်တော် သာလျှင် ဖြစ်ကြောင်း၊ ခရစ်ယာန်များသည် သခင်ဘုရား၏ စပျစ်ခြံထဲမှ “နှိမ့်ချသော အလုပ်သမားများ” သာဖြစ်ကြောင်း သတိပေးခဲ့သည်။

တရားမျှတမှုနှင့် ဂရုစိုက်စောင့်ရှောက်မှု

အဆုံးသတ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးသည် အရေးကြီးသော ပြစ်မှုဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ် ရာတွင် ၎င်းဌာန၏ အခန်းကဏ္ဍကို ဖော်ပြခဲ့သည်-

• အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းရသော ဆရာတော်များနှင့် တာဝန်ရှိသူများကို ကြင်နာမှုနှင့် မှန်ကန်သော ဆုံးဖြတ်ချက် တို့ဖြင့် ကူညီဖေးမရန် တိုက်တွန်းခဲ့သည်။

• ထိုသို့ သိမ်မွေ့သော ကိစ္စရပ်များတွင် တရားမျှတမှု၊ အမှန်တရားနှင့် မေတ္တာတရား တို့ကို အမြဲ တစေ လေးစားလိုက်နာရန် အလေးပေး ပြောကြားခဲ့သည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *