
ရိုမန် ရိုတာ (Roman Rota) တရားရုံး၏ တရားစီရင်ရေးနှစ်သစ် ဖွင့်ပွဲအခမ်းအနားတွင် ပုပ်ရဟန်း မင်း ကြီး လီယို (၁၄) မှ ပြောကြားခဲ့သည့်မိန့်ခွန်း။

ပုပ်ရဟန်းမင်းကြီးသည် အမှန်တရား (Truth) နှင့် မေတ္တာကရုဏာ (Charity) တို့၏ ခွဲခြား၍မရသော ဆက်နွှယ်မှုကို အလေးပေး မိန့်ကြားခဲ့ပြီး။ သိုးထိန်းတစ်ဦး၏ စိတ်အားထက်သန်မှုသည် “လမ်းမှားနေ သော ကရုဏာ” ဖြစ်မသွားစေရန်နှင့် တစ်ဖက်တွင်လည်း တရားဥပဒေကို ကျင့်သုံးရာတွင် “အေးစက်ပြီး လူမှုရေးကင်းမဲ့သော” အသုံးချမှုမျိုး မဖြစ်စေရန် သတိပေးခဲ့ပါသည်။
မိန့်ခွန်း၏ အဓိကအချက်များမှာ
- အမှန်တရားနှင့် မေတ္တာ၏ ဟန်ချက်ညီမှု: တရားမျှတမှုနှင့် မေတ္တာကရုဏာတို့သည် လက်တွေ့ ကျသော စံနှုန်းများအရ ညှိနှိုင်းရမည့် ဆန့်ကျင်ဘက် အင်အားစုများ မဟုတ်ဘဲ၊ ချစ်ခြင်း မေတ္တာ နှင့် အမှန်တရား၏ အရင်းအမြစ်ဖြစ်သော ဘုရားသခင်၏ နက်နဲသော ဂုဏ်တော်၌ တစ်သား တည်း ဖြစ်နေကြောင်း
- အမှန်တရားကို လျစ်လျူရှုခြင်း
ယုံကြည်သူများ၏ ခက်ခဲသော အခြေအနေများကို အလွန်အကျွံ စာနာမိပါက ခိုင်မာသော အထောက် အထား မရှိဘဲ ဆုံးဖြတ်ချက်ချမိသည့် အန္တရာယ်ရှိနိုင်သည်။
- တင်းကျပ်လွန်းခြင်း
လေးစားမှုနှင့် ကရုဏာကို ချန်လှပ်ထားပြီး အမှန်တရားကိုသာ အေးစက်စွာ အတည်ပြုခြင်းသည် ခရစ် ယာန်တို့၏ မေတ္တာတရားနှင့် မကိုက်ညီပေ။
- တရားစီရင်ရေး လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်:
တရားစီရင်ရေး လုပ်ငန်းစဉ်သည် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေသည့် တိုက်ပွဲတစ်ခု မဟုတ်ဘဲ၊ ရှုပ်ထွေးသော အမှုအခင်းများတွင် အမှန်တရားနှင့် တရားမျှတမှုကို ခွဲခြားသိမြင်နိုင်စေမည့် “မရှိမဖြစ် လိုအပ်သော ကိရိယာ” ဖြစ်သည်။
- လုပ်ထုံးလုပ်နည်းများ၏ ခိုင်မာမှု:
ကာနွန်ဥပဒေ (Canon Law) ကို လေ့လာကျင့်သုံးရာတွင် သိပ္ပံနည်းကျ တိကျမှုရှိရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အိမ်ထောင်ရေး ပျက်ပြယ်ကြောင်း ကြေညာသည့် “တိုတောင်းသော လုပ်ငန်းစဉ်များ” ကို ဆောင်ရွက်ရာတွင် မမျှတမှုများ မဖြစ်စေရန် အထူးဂရုပြုရမည် ဖြစ်ကြောင်း။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ မှတ်သားဖွယ် မိန့်ခွန်းများ
“သင်တို့သည် အမှန်တရားကို တင်းကျပ်မှုမရှိဘဲ ခိုင်မာစွာ ကာကွယ်ရန်နှင့် မေတ္တာကရုဏာကို ချန်လှပ် ထားခြင်း မရှိဘဲ ကျင့်သုံးရန် ခေါ်ယူခြင်း ခံရသည်။”
“လမ်းမှားနေသော ကရုဏာသည် သိုးထိန်းတစ်ဦး၏ စိတ်အားထက်သန်မှုကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုစေကာမူ၊ တရားစီရင်ရေး အရာရှိတစ်ဦး၏ အမှန်တရားကို ရှာဖွေရမည့် တာဝန်ကို ဝေဝါးသွား စေနိုင် သည့် အန္တရာယ်ရှိသည်။”
“မေတ္တာဖြင့် အမှန်တရားကို ကျင့်သုံးခြင်း ဆိုသည်မှာ အမှန်တရားကို စာအုပ်ကြီးအတိုင်း လိုက်နာရုံသာ မဟုတ်ဘဲ၊ မိမိ၏ လုပ်ဆောင်ချက်အားလုံးကို အမှန်တရားဖြင့် အလင်းပေးခြင်းကို ဆိုလိုသည်။”
“တစ်ခါတစ်ရံတွင် လူသားတို့အပေါ် ထားရှိရမည့် ချစ်ခြင်းမေတ္တာ၊ လေးစားမှုနှင့် ကရုဏာတို့ကို ထည့် သွင်းစဉ်းစားခြင်း မရှိဘဲ အမှန်တရားကိုသာ အေးစက်စွာ အတည်ပြုနေခြင်းမျိုး ရှိတတ်ကြောင်း” ပုပ်ရ ဟန်းမင်းကြီး လီယို (၁၄) မှ ပြောကြားခဲ့ပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

