
ခရစ်ယာန်ဘာသာတရားသည် ကျင့်ထုံးများသက်သက်မဟုတ် တစ်လုံးတစ်ဝတည်းဖြစ်သော အသက် တာ။
သာသနာပြုခြင်း၏ ဗဟိုချက်မှာ “ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၏ နက်နဲသော အရာ” ဖြစ် ကြောင်း ပုပ်ရဟန်းမင်းကြီးက ရေးသားထားပါသည်။
အသင်းတော်၏ စစ်မှန်သော ဝိသေသလက္ခဏာမှာ “သန့်ရှင်းသော သုံးပါးတစ်ဆူထံမှ စီးဆင်းလာပြီး သုံးပါးတစ်ဆူ၏ ထောက်မမှုဖြင့် တည်မြဲနေသော မိဿဟာယဖွဲ့ခြင်း” ဖြစ်သည်။ ၎င်းသည် လူသား အားလုံးကြား ညီအစ်ကိုရင်းစိတ်ဓာတ် ထွန်းကားစေရန်နှင့် ဖန်ဆင်းခံလောကတစ်ခုလုံးနှင့် သဟဇာတ ဖြစ်စေရန် အကျိုးပြုသော မိဿဟာယဖွဲ့ခြင်း ဖြစ်သည်။
သာသနာပြုရာတွင် အသင်းတော်၏ အဓိကတာဝန်မှာ အဖွဲ့ဝင်များအကြား ဝိညာဉ်ရေးရာနှင့် ညီရင်း အစ်ကို စည်းလုံးမှုကို ပြန်လည်ဆန်းသစ်ရန်ဖြစ်ကြောင်း၊ ခရစ်ယာန်ဂိုဏ်းဂဏအသီးသီးအကြား စည်း လုံးညီညွတ်ရေး လုပ်ဆောင်မှုများ ပိုမိုတိုးမြှင့်လာစေရန် မျှော်လင့်ချက်ကို ဖော်ပြခြင်း။
ဆေးကြောခြင်းခံယူပြီးသူ မည်သူမျှ သာသနာပြုလုပ်ငန်းမှ ဖယ်ကျဉ်မထားခြင်း
ဤစည်းလုံးခြင်းသည် မိမိကိုယ်တိုင်အတွက်သာ မဟုတ်ဘဲ သာသနာပြုခြင်းသို့ ဦးတည်သည်။ ဤသို့ မိဿဟာယဖွဲ့ စည်းလုံးနေခြင်းအားဖြင့်သာ ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းသည် “အပြည့်အဝ ဆက်သွယ်ပျံ့နှံ့နိုင်စွမ်း” ရှိကြောင်း ပုပ်ရဟန်းမင်းကြီးက အတည်ပြုခဲ့သည်။
“ဆေးကြောခြင်းခံယူပြီးသူ မည်သူမျှ သာသနာပြုလုပ်ငန်းနှင့် ကင်းလွတ်ခြင်း သို့မဟုတ် ဂရုမစိုက်ဘဲ နေ၍မရပါ” လူတိုင်းသည် မိမိတို့၏ ခေါ်ယူခံရခြင်းနှင့် ဘဝအခြေအနေအလျောက် ခရစ်တော်က မိမိ အသင်းတော်ထံ အပ်နှံထားသော ကြီးမြတ်သည့်လုပ်ငန်းတွင် ပါဝင်ကြရမည်ဖြစ်သည်။ ပုပ်ရဟန်း မင်း ကြီး ဖရန်စစ်က အဖန်တလဲလဲ သတိပေးခဲ့သကဲ့သို့ ဧဝံဂေလိတရား ဟောပြောခြင်းသည် အစဉ်သဖြင့် သဟဇာတဖြစ်ခြင်း၊ အစုအဖွဲ့လိုက် ဆောင်ရွက်ခြင်းနှင့် အတူတကွ ခရီးသွားခြင်း (Synodal) တို့ပင် ဖြစ်သည်။
ဧဝံဂေလိတရား ဟောပြောခြင်း၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာဖြစ်သည်
“စည်းလုံးခြင်းသည် သာသနာပြုခြင်းအတွက် လိုအပ်ချက်ဖြစ်ပါက၊ ချစ်ခြင်းမေတ္တာသည် သာသနာပြု ခြင်း၏ အနှစ်သာရဖြစ်သည်”
ဟောပြောရမည့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းဆိုသည်မှာ စိတ်ကူးယဉ်သီအိုရီတစ်ခု မဟုတ်ဘဲ “ယေဇူးခရစ်တော်၏ မျက်နှာတော်နှင့် အသက်တာတွင် လူသားအဖြစ် လူ့ဇာတိခံယူလာသော ဘုရား သခင်၏ သစ္စာရှိသော ချစ်ခြင်းမေတ္တာ” ပင် ဖြစ်သည်။
ရာစုနှစ်များတစ်လျှောက် မရေမတွက်နိုင်သော ခရစ်ယာန်များ၊ အသက်ပေးသက်သေခံများ၊ ယုံကြည် ခြင်းကို ဝန်ခံသူများနှင့် သာသနာပြုများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကမ္ဘာကသိစေရန် သူ တို့၏ အသက်ကို စတေးခဲ့ကြသည်။
“လောကကြီးသည် ခရစ်တော်အတွက် ရဲရင့်သော သက်သေခံများကို လိုအပ်နေဆဲဖြစ်သည်” “အသင်း တော်အတွင်း မိဿဟာယအဖွဲ့အစည်းများသည်လည်း သာသနာပြုရန် ခေါ်ယူခြင်းခံရသူအသစ်များကို လိုအပ်နေသဖြင့် ကျွန်ုပ်တို့သည် ခမည်းတော်ဘုရားထံ အစဉ်ဆုတောင်းရမည်။ မြေကြီးအဆုံး တိုင် အောင်ဧဝံဂေလိတရားဟောပြောရန် ခရစ်တော်နောက်သို့ အရာခပ်သိမ်းကို စွန့်ခွာကာ လိုက်လျှောက် လိုသော လူငယ်လူကြီးများအား ကိုယ်တော်သည် ပေးသနားတော်မူပါစေ။”
ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းချက်
“သန့်ရှင်းသော အဖခမည်းတော်ဘုရား၊ ကျွန်ုပ်တို့ကို စည်းလုံးစေပြီး အသစ်ပြုပြင်ပေးသော ခရစ် တော်၏ မေတ္တာတော်တွင် အမြစ်တွယ်ကာ ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်စေတော်မူပါ။ ဘာ သာဝင်အားလုံးသည် သာသနာပြုခြင်းတွင် စည်းလုံးညီညွတ်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို နာခံကာ၊ ဧဝံဂေလိတရားတော်ကို သက်သေခံရာ၌ ရဲရင့်သူများ ဖြစ်စေတော်မူပါ။ သတ္တဝါအားလုံးအပေါ်ထားရှိသော ကိုယ်တော်၏ သစ္စာရှိသော မေတ္တာတော်ကို နေ့စဉ် အသက်တာဖြင့် ပြသဟောပြောနိုင်ကြပါစေ။
သာသနာပြု အမျိုးသား၊ အမျိုးသမီးအားလုံးကို ကောင်းချီးပေး၍ သူတို့၏ ကြိုးပမ်းမှုများတွင် ထောက် မကာ၊ သူတို့အား မျှော်လင့်ခြင်းဖြင့် စောင့်ရှောက်တော်မူပါ။ သာသနာပြုခြင်း၏ ဘုရင်မဖြစ် တော်မူ သော အမိမယ်တော်မာရီယာ၊ ကမ္ဘာ့အရပ်ရပ်ရှိ ကျွန်ုပ်တို့၏ ဧဝံဂေလိလုပ်ငန်းများတွင် အတူတကွ လိုက်ပါစောင့်ရှောက်ပေးတော်မူပါ။ ကျွန်ုပ်တို့ကို ငြိမ်းချမ်းရေး၏ ကိရိယာများ ဖြစ်စေတော်မူပါ၊ လော ကတစ်ခုလုံးသည် ခရစ်တော်၌ ကယ်တင်ခြင်း အလင်းတော်ကို သိမြင်နိုင်ကြပါစေသတည်း။ အာမင်။”
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

