
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဝါတွင်းကာလအတွင်း ရောမမြို့ရှိ သာသနာနယ် (Parishes) ၅ ခုသို့ ကြွ ရောက်မည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဝါတွင်းကာလ တနင်္ဂနွေနေ့တိုင်းတွင် ရောမသာသနာ့ဇုန်အတွင်း ရှိ သာသနာနယ် ၅ ခုသို့ ကြွရောက်ပြီး၊ သာသနာရေးအဖွဲ့များနှင့် တွေ့ဆုံကာ မစ္ဆားတရားတော်ကို ဆက် ကပ်ပူဇော်သွားမည်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပြာခံပွဲ ပြီး နောက်တစ်ရက်ဖြစ်သော ဖေဖော်ဝါရီလ ၁၉ ရက် (ကြာသပတေးနေ့) တွင် ရောမသာသနာ့ဇုန်ရှိ ဘုန်တော်ကြီးများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရောမသာသနာနယ်(Vicariate of Rome) က ပြီးခဲ့သော သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏သာသနာ့ဇုန်အတွင်းရှိ သာသနာနယ်များသို့ စတင်ကြွရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝါတွင်းကာလ တနင်္ဂနွေနေ့ ၅ ရက်စလုံးတွင် ပုပ် ရဟန်းမင်းကြီးသည် (Eternal City) ၏ သာသနာပြုဒေသ ၅ ခုကို ကိုယ်စားပြုသော သာသနာ့ အသိုက်အဝန်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။
“ဒါဟာ စစ်မှန်တဲ့ သာသနာပြုခရီးစဉ်တွေ ဖြစ်လာမှာပါ” ဟု ရောမမြို့၏ လက်ထောက်သာသနာပိုင်ချုပ် ကာဒီနယ် ဘာလ်ဒို ရေးနာ (Cardinal Baldo Reina) က ပြောကြားခဲ့သည်။ “ဒါကြောင့် ပုပ်ရဟန်း မင်း ကြီး လီယို (၁၄) ဟာ သာသနာပြုတွေ၊ လူငယ်တွေအပါအဝင် သာသနာနယ်တွင်းက အဖွဲ့အစည်းအသီး သီးနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။”
ပုပ်ရဟန်းမင်းကြီးသည် သာသနာ့မိသားစုတစ်ခုလုံးနှင့်အတူ မစ္ဆားတရားတော်ကို ဆက်ကပ်ပူဇော် သွားမည်ဖြစ်ကြောင်းလည်း ကာဒီနယ် ရေးနာက ဆိုသည်။
ကြွရောက်မည့် သာသနာနယ်များမှာ –
• ဖေဖော်ဝါရီ ၁၅: Ostia Lido ရှိ Holy Mary Queen of Peace (တောင်ပိုင်းဒေသ)
• ဖေဖော်ဝါရီ ၂၂: Castro Pretorio ရှိ Most Sacred Heart of Jesus (အလယ်ပိုင်းဒေသ)
• မတ် ၁: Ascension of Our Lord Jesus Christ (အရှေ့ပိုင်းဒေသ)
• မတ် ၈: Our Lady of the Presentation (အနောက်ပိုင်းဒေသ)
• မတ် ၁၅: Ponte Mammolo ရှိ Most Sacred Heart of Jesus (မြောက်ပိုင်းဒေသ)
ကာဒီနယ် ရေးနာက “Pope Leo XIV ဟာ အရင်ပုပ်ရဟန်းမင်းကြီးတွေရဲ့ ခြေရာကို နင်းပြီး မိမိသာသနာ နယ်အတွင်းက ဘုရားကျောင်းတွေကို စတင်ကြွရောက်တာဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အား လုံး အတွက် ဝမ်းမြောက်စရာဖြစ်သလို၊ ကျွန်ုပ်တို့ရဲ့ ဆရာတော်နဲ့အတူ သာသနာပြုလုပ်ငန်းစဉ်တွေကို မြှင့်တင်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

