
စစ်ရာဇ၀တ်ကျူးလွန်မှုကိုထိရောက်စွာတားမြစ်နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ ၌ ဗာတီကန် တင်ပြဆွေးနွေး။

ဗာတီကန်သည်ကက်သလစ်သာသနာတော်ကြီး၏ဗဟို၊ ရုံးဆိုက်ရာဌာနကြီးဖြစ်သည်။ ကမ္ဘာပေါ်၌ အသေး ငယ်ဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေသည်။ သံတမန်ခရီးလမ်းဖောက် ထားသောနိုင်ငံ ပေါင်း လည်း (၁၈၄) နိုင်ငံရှိသည်။ ထို့အတူ ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း၌လည်းအဖွဲ့၀င် မဟုတ်သော် လည်းအမြဲလေ့လာ စောင့်ကြည့်သူအဖြစ်ပါ၀င်ပြီး၊ အစည်းအဝေးတိုင်း၌ဗာတီကန်၏ကိုယ်စားလှယ် ပါ၀င်တက်ရောက်လေ့ရှိ သည်။ ဗာတီကန်ယခုကဲ့သို့ပါ၀င်နေခြင်းမှာနိုင်ငံရေး၌ပါ၀င်နေသည်မဟုတ်။ နိုင်ငံရေးသဘောတရား၊ ရပ် တည်ချက်များကိုဧ၀ံဂေလိစံတန်ဖိုးနှင့်အညီချမှတ်လုပ်ဆောင်နိုင်ရန်၊ ရပ် တည်နိုင်ရန်ဧ၀ံဂေလိစံတရား အပေါ်အခြေခံ၍ထိန်းညှိပေးနေခြင်းဖြစ်သည်။ ဘက်လိုက်၊ ယှိုင်နှဲ့ပြောဆို ခြင်းမဟုတ်။ ထိုသို့လည်းမဖြစ် စေရပေ။
ဂိုဏ်းချုပ်ဆရာတော် Gabriele Caccia သည်ဗာတီကန်၏အမြဲတမ်းလေ့လာစောင့်ကြည့် ရေးကိုယ် စားလှယ်အဖြစ်ကုလသမဂ္ဂအစည်းအေ၀းများ၌တက်ရောက်လေ့ရှိသူဖြစ်သည်။
သူသည်ကုလသမဂ္ဂအစည်းအဝေး၌လူသားအပေါ်ကျူးလွန်သောပြစ်မှုများကိုကာကွယ်ရန်နှင့်ကျူးလွန်သူများကိုထိရောက်စွာအပြစ်ပေးရေးကိုတင်ပြဆွေးနွေးခဲ့သည်။
ဂိုဏ်းချုပ်ဆရာတော်၏တင်ပြဆွေးနွေးချက်ထဲ၌ သန့်ရှင်းသောလူ့အသက်ကိုအကြမ်းဖက် သတ်ဖြတ် နေမှုသည်ဆက်လက်ရှိနေသည့်အပြင် အချို့သောနေရာဒေသများ၌တိုးလာနေသည်။ စုပေါင်းပါ ၀င်ဟန့် တားမှု၏အကျိုးအဆက်သည်အရာမထင်။ အထူးသဖြင့်ကလေးသူငယ်များ၊ အမျိုးသမီးများ၊ လူမျိုး စု၀င်များ၊ လူနည်းစုဘာသာရေးအဖွဲ့အစည်းများအပေါ်မတရားကျူးလွန်မှုများသည်ဆက်လက်တိုးပွား လျှက်ရှိသည်။ဗာတီကန်အနေဖြင့်လူသားများတွေ့ကြုံနေရသောအလွန်ဆိုးရွားသည့်အကြမ်းဖက်မှုကိုကာ ကွယ်ရန်ပြင်ဆင်နေခြင်းကိုလက်ခံကြိုဆိုသည်။
ဂိုဏ်းချုပ်ဆရာတော်အနေဖြင့်ကျူးလွန်သောစစ်ရာဇ၀တ်မှုများကိုသာကျူးလွန်ကြောင်း သတ်မှတ်ရန်သာမဟုတ်။သို့သော်ထိရောက်စွာဟန့်တားနိုင်သည့်အတိုင်းအတာကိုလည်းလုပ်ဆောင်ရန်၊ လက်တွေ့လုပ်ဆောင်ရာ၌လည်းပွင့်လင်းမြင်သာမှုရှိရန်လိုအကြောင်းကိုတင်ပြဆွေးနွေးခဲ့သည်။ အပြည် ပြည်ဆိုင်ရာဥပဒေအခြေခံအုတ်မြစ်၌ စစ်ရာဇ၀တ်မှုကိုပိတ်ပင်တားမြစ်ထားပါသည်။ ထို့အတူ စစ်၏သားကောင်းဖြစ်ရသူများနှင့်မျက်မြင်သက်သေများကိုလည်းအကာအကွယ်ပေးရန်တို့ကိုထည့်သွင်းဖော်ပြထား သည်။
အပြုသဘောဆောင်သောတွေ့ဆုံဆွေးနွေးမှုသည်အကျိုးရှိသောတုန့်ပြန်မှုကိုရရှိရန်အတွက် ရဟန်းမင်းကြီးလီယို (၁၄) ကအောက်ပါအတိုင်းလေ့လာသုံးသပ်ထားသည်။ တွေ့ဆုံဆွေး နွေးမှုကို အကျိုးရှိစွာဖော်ဆောင်နိုင်ရန်မှာ စကားအားဖြင့်၊ သဘောတရားအားဖြင့်တူညီမှုရှိရမည်။ ပြောဆို ဆွေးနွေးထားသောစကားများကိုနက်နက်ရှိုင်းရှိုင်းအဓိပ္ပါယ်ဖော်ဆောင်ရန်မှာယနေ့ကျွန်ုပ်တို့ခေတ်ကာလ၏အဓိကစိန်ခေါ်မှုကြီးဖြစ်နေသည်ဟုဖြစ်ပါသည်။
ထို့အတူဂိုဏ်းချုပ်ဆရာတော်ကလည်း နိုင်ငံတကာပူပေါင်းလုပ်ဆောင်မှုသည်ပြည်တွင်း၏ အတွေး အခေါ်၊ အယူအဆကိုပြောင်းလဲအောင်လုပ်ဆောင်ခြင်းနှင့်လုပ်ဆောင်ရမည့်အရာများကိုထိရောက် စွာမ လုပ်ဆောင်နိုင်သောဒေသများအားကူညီပံ့ပိုးပေးခြင်းသည်အဓိကကျသောသော့ချက်ဖြစ်သည်။ ဤ ပူးပေါင်းလုပ်ဆောင်မှုများကိုအားလျော့သွားစေခြင်းထက်အားဖြည့်တင်းပေးရန်၊ထပ်ပိုးဥပဒေသများဖြင့် အခြေခံလူ့အခွင့်အရေးများကိုပြည့်၀စွာလေးစားလိုက်နာရန်လုပ်ဆောင်ရမည်။ အဓိကပစ်မှတ် မှာ ရာဇ၀တ် မှုကျူးလွန်ခံရသောသားကောင်းသာဖြစ်ရမည်။ ၄င်းတို့၏အသံများကိုကြားနာရမည်။ ၄င်းတို့၏ဂုဏ်သိက္ခာ ကိုကာကွယ်စောင့်ရှောက်ရမည်။ ထို့အတူတရားမျှတသောလုပ်ရိုး လုပ်စဉ် များ ကိုလည်းအာမခံကာအခြေခံလူ့ အခွင့်အရေးကိုလည်းလေးစားရမည်။ ဂိုဏ်းချုပ်ဆရာတော်က ဗာတီ ကန်အနေဖြင့်အပြုသဘောဆောင် သည့်တွေ့ဆုံဆွေးနွေးခြင်းကိုရှေ့ရူကြောင်း၊ ထိုသို့သောတွေ့ဆုံ ဆွေးနွေးမှုသည်လူသားအားအကြမ်းဖက် ခြင်းမှအကျိုးရှိသော၊ အဓွန့်ရှည်သောတုန့်ပြန်ကာကွယ်မှု ကို ရရှိစေသည်ဟုဆွေးနွေးတင်ပြ၍နိဂုံးချုပ်ခဲ့ သည်။
Fr. Clement Ate

