
လူ့အသက်ကာကွယ်ရေးအဖွဲ့၏ချီတက်ပွဲ၌လက်ရှိအမေရိကန်ဒုသမ္မတပါ၀င်ဟောပြောမည်။

လာမည့် (ဇန္န၀ါရီလ ၂၃၊ ၂၀၂၆) တွင်ကျင်းပမည့် လူ့အသက်ကိုကာကွယ်သည့်လှုပ်ရှားမှုကို အမေရိကန် နိုင်ငံ၏မြို့တော်၀ါရှင်တန်ဒီစီ၌ကျင်းပမည်ဖြစ်သည်။ ထိုချီတက်လှုပ်ရှားမှု၌လက်ရှိအမေရိကန် ဒုသမ္မတ JD Vance ကလည်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Mike Johnson၊ ရီပါပလီကန် Chris Smith ၊ R-New Jersey၊ အခြားသောဟောပြောသူများနှင့်တွဲဖက်၍ဟောပြောမည်ဟုသိရသည်။ ဤလှုပ်ရှားမှုကို ကျင်းပ လာခဲ့သည်မှာယခုနှစ်နှင့်ဆိုလျှင် (၅၃) ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
ဒုသမ္မတ JD Vance သည်ကက်သလစ်ဘာသာ၀င်တစ်ဦးဖြစ်သည်။ သူသည်ဤလူအသက် ကိုကယ်တင် ရေးချီတက်လှုပ်ရှားမှု၌နှစ်စဉ်ထောင်သောင်းနှင့်ပါ၀င်ကြသောအမေရိကန်နိုင်ငံသားများကိုကျေးဇူးတင်ကြောင်း၊ ယခုနှစ်မှာလည်းဆက်လက်ဆုံဆည်းရန်မျှော်လင့်ကြောင်း ကက်သလစ်ရုပ်သံသ တင်းဌာန တစ်ခုဖြစ်သော EWTN အားဒုသမ္မတ၏ပြောရေးဆိုခွင့်ရှိသူမှဖြေကြားခဲ့သည်။
ယခုတစ်ကြိမ်သည် အမေရိကန်ဒုသမ္မတ JD Vance ၏ဒုတိယအကြိမ်ပါ၀င်ခြင်းဖြစ်သည်။ သူသည် (၂၀၂၅) ခုနှစ်ချီတက်လှုပ်ရှားမှု၌လည်းပါ၀င်ခဲ့သည်။ ထိုလှုပ်ရှားမှု၌ဒုသမ္မတ JD Vance ကအဖေ တစ်ဦး ဖြစ်လာပြီဆိုသည်နှင့်ရှိရမည့်အသိမှာမွေးဖွားမလာသေးသောကလေးကိုကာကွယ်ရမည့်ဟုဖြစ်ကြောင်း၊ ယခုချီတက်လှုပ်ရှားမှုသည်ဇန္န၀ါရီလတစ်လတည်းအတွက်သာမဟုတ်။ လူ့အသက်ကို ကာကွယ် သော ချီတက်လှုပ်ရှားသည်ဤအဖွဲ့၏နေ့စဉ်ရှေ့ဆက်လှုပ်ရှားမှုဖြစ်သည်။ နောက်နှစ်ပြန်ဆုံတွေ့ မည် ဟုပြောခဲ့ သည်။
အမေရိကန်သမ္မတထရမ့်အနေဖြင့် (၂၀၂၆) ချီတက်လှုပ်ရှားမှု၌ပါ၀င်မည်မဟုတ်ကြောင်း၊ သို့သော်ဗွီဒီ ယိုဖိုင်လ်ဖြင့်လှပသောသတင်းစကားကိုပါးမည်ဖြစ်ကြောင်း၊ သမ္မတထရမ့်၏ဗွီဒီယိုဖိုင်လ်မိန့်ခွန်း ကိုဖွင့် ၍ နားထောင်ကြမည်ဖြစ်ကြောင်း၊ လူ့အသက်ကိုကာကွယ်သောသူတို့သည်ကြီးမြတ်သောသူများဖြစ် ကြသည်။ သူတို့သည်အမှန်တကယ်ကြီးမြတ်သောသူများဖြစ်ကြောင်း ကျွန်ုပ်ပြောချင်ပါသည် ဟုပြော ကြား ထားကြောင်းအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက EWTN အားပြောကြားခဲ့သည်။ သမ္မတထရမ့် သည်ဤသို့ ပြောကြားနေသော်လည်းလူ့အသက်ကိုကာကွယ်သောတက်ကြွ လှုပ်ရှားသူများအဖွဲ့ ကရီ ပက်ပလီကန်အနေဖြင့်မိဘများအတွက်အထောက်ပံ့ပေးသည့်အကူအညီကိုပြန်လည်စဉ်းစား၍ဖြေလျော့သင့်သည်ဟုတောင်းဆိုသည်ကိုသမ္မတထရမ့်က ထိုအချက်နှင့်စပ်လျင်း၍ကြားရမည် ဖြစ် ကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့ သည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

