ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့သည် အဖိုးတန်လှပါသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗာတီကန်ရင်ပြင်တွင် ပြုလုပ်ခဲ့သော လူတုတွေ့ဆုံခြင်းနှင့် အန်ဂျေလူစ် (Angelus) မေတ္တာ ဆိုခြင်း၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်ဘာသာဝင်များအနေဖြင့် အစဉ်နိုးကြားနေကြရန်၊ အဓိကကျ သော အရာများအပေါ်တွင်သာ အာရုံစိုက်ကြရန်နှင့် ဘုရားသခင်၏ မျက်မှောက်တွင် ကျွန်ုပ်တို့သည် မည်မျှအထိ အဖိုးတန်သည်ကို ဘယ်သောအခါမှ မမေ့လျော့ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

ကျွန်ုပ်တို့အား ချစ်တော်မူသော သခင်ဘုရားနှင့် တွေ့ဆုံနိုင်ရန်အတွက် နေ့စဉ်နေ့တိုင်း ဆုတောင်းခြင်း နှင့် ဆင်ခြင်တွေး တောခြင်းများအတွက် အချိန်ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဖိတ် ခေါ်ခဲ့ကာ။

ထိုနေ့၏ ဧဝံဂေလိကျမ်းစာဖြစ်သော စိန့်ဂျွန်ကျမ်းကို ကိုးကားခဲ့ပြီး ထိုကျမ်းတွင် ယောဟန်ဗတ္တစ် စတား သည် ယေဇူး သခင် အား “ဤလောကအပြစ်ကို ချွတ်သော ဘုရားသခင်၏ သိုးသူငယ်တော်”၊ “မက်ဆီး ယားအရှင်” အဖြစ် အသိ အမှတ် ပြုခဲ့ခြင်းကို ပြန်လည်အမှတ်ရစေခဲ့သည်။

ယောဟန်သည် ယေဇူးသခင်အား ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကိုယ်တော်၏ ဘုရားဖြစ် ခြင်းနှင့် အီဇရာအဲလ်လူမျိုးများလုပ်ဆောင် လိုက်နာရမည့် တာဝန်များကို ကြေညာခဲ့ကြောင်း။ ထို့ နောက် သူ၏ တာဝန်များ ပြီးဆုံးသွားပြီဖြစ်၍ “ငါ့နောက်၌ ကြွလာသောသူသည် ငါ့ထက်သာ၍ ကြီး မြတ် တော်မူ၏။ အကြောင်းမူကား ငါမရှိမီ ကိုယ်တော်သည် ရှိတော်မူ၏” (အခန်းငယ် ၃၀) ဟု သက် သေ ခံကာ ဘေးသို့ ဖယ်ပေးခဲ့သည်။

ယောဟန်သည် လူထု၏ အလွန်ချစ်ခင်မှုကို ရရှိထားသူဖြစ်ပြီး ယေရုဇလင်ရှိ အာဏာပိုင်များပင် သူ့ကို ကြောက်ရွံ့ခဲ့ ရကြောင်း၊ ထိုသို့ ကျော်ကြားမှုကို အသုံးချရန် အလွန်လွယ်ကူသော်လည်း သူသည် အောင် မြင်မှုနှင့် လူကြိုက်များမှု ဟူသော သွေးဆောင်ဖြားယောင်းမှုများကို အရှုံးမပေးခဲ့ကြောင်း၊ ယောဟန် သည် ယေဇူးသခင်၏ ရှေ့မှောက်တွင် မိမိကိုယ်မိမိ သေးငယ်သူအဖြစ် ခံယူကာ ယေဇူး သခင်၏ ကြီး မြတ်မှုအတွက် နေရာပေးခဲ့သူဖြစ်ကြောင်း။

“ယောဟန်သည် မိမိကိုယ်မိမိ သခင်ဘုရားအတွက် လမ်းပြင်ပေးရန် စေလွှတ်ခြင်းခံရသူဖြစ်ကြောင်း သိရှိနားလည်ခဲ့ ကာ။ သခင်ဘုရား ကြွလာသောအခါတွင်လည်း ဝမ်းမြောက်ခြင်းနှင့် နှိမ့်ချခြင်းတို့ဖြင့် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုကာ လူအများအာရုံစိုက်ရာ နေရာမှ ဖယ်ပေးခဲ့သည်” ဟု မိန့်ကြားခဲ့သည်။

အရေးကြီးသော သက်သေခံချက်။

“ယနေ့ခေတ် ကျွန်ုပ်တို့အတွက် သူ၏ သက်သေခံချက်သည် မည်မျှ အရေးကြီးပါသနည်း”

လူသားတို့သည် မိမိတို့အား ပျော်ရွှင်စေမည်ဟု ထင်မှတ်ရသော အသိအမှတ်ပြုခံရမှု၊ သဘောတူညီ မှုနှင့် ထင်ပေါ် ကျော်ကြားမှုများနောက်သို့ လိုက်နေတတ်ကြသော်လည်း၊ အဆုံးတွင် ဆင်းရဲဒုက္ခနှင့် ကွဲပြားမှုများသာ ကြုံတွေ့ရတတ် ကြောင်း၊ ၎င်းသည် “ခိုင်မာမှုမရှိသော၊ စိတ်ပျက်စရာကောင်းသော၊ ချုပ်နှောင်မှုဖြစ်စေသော လူနေမှုပုံစံနှင့် ဆက်ဆံရေး များ ကိုသာ ဖြစ်ပေါ်စေသည်” စေကြောင်း၊

“အမှန်တရားမှာမူ ကျွန်ုပ်တို့သည် ဤသို့သော ‘အတုအယောင် ပျော်ရွှင်မှုများ’ ကို မလိုအပ်ပါ” “ကျွန်ုပ် တို့၏ ဝမ်းမြောက်ခြင်းနှင့် ကြီးမြတ်ခြင်းတို့သည် ခဏတာ ကျော်ကြားမှု သို့မဟုတ် အောင်မြင်မှုဟူ သော လှည့်စားမှုများအပေါ်တွင် အခြေမခံဘဲ၊ ကောင်းကင်ဘုံရှိ အဖခမည်းတော်၏ ချစ်ခြင်းနှင့် အလိုရှိခြင်းကို ခံရသူများအဖြစ် မိမိကိုယ်မိမိ သိရှိနားလည်ခြင်းအပေါ်တွင်သာ အခြေခံကြောင်း”။

ယေဇူးသခင် မိန့်ကြားသော ချစ်ခြင်းမေတ္တာသည် ယနေ့တိုင် ကျွန်ုပ်တို့အကြားသို့ ကြွလာသော ဘုရား သခင်၏ မေတ္တာဖြစ်ကြောင်း၊ ထိုသို့ကြွလာခြင်းသည် ကျွန်ုပ်တို့အား အံ့သြမှင်တက်စေရန် မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ရုန်းကန်မှုများကို မျှဝေခံစားရန်နှင့် ကျွန်ုပ်တို့၏ ဝန်ထုတ်ဝန်ပိုးများကို ကိုယ်တော်တိုင် ထမ်းဆောင်ပေးရန်ဖြစ်ကြောင်း။

ကိုယ်တော်၏ မျက်မှောက်တွင် အဖိုးတန်လှခြင်း

ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်တော့်ရှေ့ မှောက်တွင် ကျွန်ုပ်တို့သည် မည်မျှအထိ အဖိုးတန်သည်ဟူသော အမှန်တရားကို ဖော်ပြပေးနေခြင်း ဖြစ် သည်ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပြီး။

အဆုံးမသတ်မီတွင် ပုပ်ရဟန်းမင်းကြီး လီယိုက ဘာသာသူများအနေဖြင့် ကျွန်ုပ်တို့အကြားရှိ သခင် ဘုရား၏ တည်ရှိမှုအပေါ် အာရုံမပျံ့လွင့်ကြရန်နှင့် “အပေါ်ယံ အသွင်အပြင်များနောက်သို့ လိုက်ရင်း အချိန်နှင့် စွမ်းအင်များကို အလဟဿ မဖြုန်းတီးကြဖို့”

“ယောဟန်ထံမှ သင်ခန်းစာယူကာ အမြဲနိုးကြားနေရန်၊ ရိုးရှင်းမှုကို မြတ်နိုးရန်၊ စကားပြောဆိုရာတွင် ရိုးသားရန်၊ ခြိုးခြံချွေတာစွာ နေထိုင်ရန်နှင့် စိတ်နှလုံး၏ နက်ရှိုင်းမှုကို ပျိုးထောင်ရန်” တိုက်တွန်းပြီး

“ကျွန်ုပ်တို့သည် မရှိမဖြစ်လိုအပ်သော အရာများဖြင့်သာ ရောင့်ရဲတင်းတိမ်ကြပါစို့။ ဖြစ်နိုင်လျှင် နေ့စဉ် နေ့တိုင်း တိတ်ဆိတ်စွာ ဆုတောင်းခြင်း၊ ဆင်ခြင်ခြင်းနှင့် နားထောင်ခြင်းတို့အတွက် သီးသန့် အချိန် ပေး ကြပါစို့။ တစ်နည်းအားဖြင့် သခင်ဘုရားနှင့် တွေ့ဆုံရန်နှင့် ကိုယ်တော်နှင့်အတူ ရှိနေနိုင်ရန် အတွက် ‘တောကန္တာရသို့ ခေတ္တဆုတ်ခွာခြင်း’ ကို ပြုလုပ်ကြပါစို့”။

ရိုးရှင်းခြင်း၊ ပညာရှိခြင်းနှင့် နှိမ့်ချခြင်းတို့၏ စံနမူနာဖြစ်သော အမိမယ်တော်မာရိယားအား ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်တွင် ကူညီမစရန် ဆုတောင်းပေးကာ နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်-Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *