“ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းခြင်းကို အရှိန်မြှင့်ကြပါစို့”

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းမေတ္တာပြုသည့် ရက်သတ္တပတ် (Week of Prayer for Christian Unity) စတင်ခြင်းအထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်အချင်းချင်းအကြား မြင်သာထင်သာရှိသော စည်းလုံးညီညွတ်မှုရရှိစေရန် ဆုတောင်းခြင်းကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ခြင်း နှင့် ဤအစီအစဉ်၏ နောက်ခံသမိုင်းကို ပြန်လည် ဝေမျှခဲ့ပါသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ အန်ဂျေလူး (Angelus) မေတ္တာဆိုအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ယနေ့ စတင်သည့် လွန်ခဲ့သော ရာစုနှစ်နှစ်ခုခန့်ကတည်းက အမြစ်တွယ်ခဲ့သည့် ‘ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းမေတ္တာပြုသည့် ရက်သတ္တပတ်’ ဤအစီအစဉ်သည် ပုပ်ရဟန်းမင်းကြီး လီယို (၁၃) မှ “ပြင်းပြင်းထန်ထန် အားပေးတိုက်တွန်းခဲ့သော” အစီအစဉ်ဖြစ်ပြီး၊ လွန်ခဲ့သော အနှစ်တစ်ရာတိတိက ‘ခရစ်ယာန်များစည်းလုံးမှုအတွက် ရှစ်ရက်တာဆုတောင်းခြင်းဆိုင်ရာ အကြံပြုချက်များ’ ဖြင့် ပထမဆုံးအကြိမ် ပိုမိုပြည့်စုံကြွယ်ဝလာခဲ့ကြောင်း။

ယခုနှစ် ရက်သတ္တပတ်၏ အဓိကသတင်းစကား (Theme) မှာ ရှင်ပေါလု၏ ဧဖက်ဩဝါဒစာမှ ထုတ်နုတ်ထားသော “သင်တို့သည် ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးတည်းသို့ ခေါ်တော်မူခြင်းကို ခံရကြသည်နှင့်အညီ၊ ကိုယ်တစ်ခု၊ ဝိညာဉ်တစ်ပါးတည်းရှိ၏” (ဧဖက် ၄:၄) ကို အခြေခံကာ ရဟန်းမင်းကြီးက သတိပေးနှိုးဆော်ခဲ့ပြီး။

ဤဆုတောင်းခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းများကို အာမေးနီးယန်း အာပိုစတိုးလစ် အသင်းတော် (Armenian Apostolic Church) ၏ ဘာသာပေါင်းစုံဆက်ဆံရေးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးသော အီကူးမင်းနီကယ် (Ecumenical) အဖွဲ့မှ ပြင်ဆင်ထားခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က “ထို့ကြောင့် ခရစ်ယာန်အားလုံး၏ ပြည့်ဝစုံလင်ပြီး မြင်သာထင်သာရှိသော စည်းလုံးညီညွတ်မှုအတွက် ဤရက်များအတွင်း ဆုတောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်ကြရန် ကက်သလစ်ဘာသာတူအဖွဲ့အစည်းအားလုံးကို ကျွန်ုပ် ဖိတ်ခေါ်လိုသည်” ဟု မိန့်ကြားခဲ့သည်။

ဤစည်းလုံးညီညွတ်ရေးအတွက် ဆုတောင်းမှုတိုက်တွန်းချက်သည် ဇန်နဝါရီ ၂၅ ရက် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည့် ရက်သတ္တပတ်တစ်လျှောက်လုံး၏ ဆင်ခြင်သုံးသပ်မှုများနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ဖြည့်စွက်မိန့်ကြားခဲ့ကာ။

အစဥ်အလာအတိုင်း ဇန်နဝါရီ ၂၅ ရက် ရှင်ပေါလု၏ အကြင့်ပြောင်းလဲခြင်းပွဲနေ့ (Solemnity of the Conversion of Saint Paul) တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ရောမစံတော်ချိန် ညနေ ၅ နာရီခွဲ၌ ‘မြို့ရိုးပြင်ပရှိ စိန့်ပေါလ် ဘာဆီလီကာ’ (Basilica of Saint Paul Outside the Walls) တွင် ကျင်းပမည့် ညနေဆုတောင်းဝတ်ပြုခြင်း (Vespers) ကို ဦးဆောင်မည်ဖြစ်သည်။

ဘာသာပြန်-Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *