အာဗီအေနေ့ နှင့် ကျေးဇူးတင်မစ္ဆားတရားပူဇော်ခြင်း။

အာဗီအေမြန်မာဘာသာအစီအစဉ်၏ RVA Day နှင့် ၂၀၂၅ခုနှစ် တစ်နှစ်လုံးအတွက် ကျေးဇူးတင်ခြင်း မစ္ဆားတရားတော်မြတ်ကို မန္တလေးကက်သလစ်သာသနာ၊  ကာသီဒြယ် ရွေနှလုံးတော် ဘုရားကျောင်း၌ (၁၈.၁.၂၀၂၆) တနင်္ဂနွေနေ့၊ နံနက် ၈းဝဝ အချိန်၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော် ပေးခဲ့ပါသည်။

မစ္ဆားတရား၌ဆရာတော်ကြီးမာကုဦးတင်ဝင်း မိန့်ကြားသည်မှာ

“လောကမှာ အခက်အခဲတွေအများကြီးရှိပါတယ် မိသားစုတိုင်းမှာလည်း ရုန်းကန်ရတဲ့အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီလိုနဲ့ လောက အခက်အခဲတွေနဲ့ပဲလုံးပန်းနေရပြီး ဘုရားရှင်ထံဝတ်ပြုဆုတောင်း ဖို့ မေ့နေတတ်ကြတယ်။ ဘုရားရှင်သာသင် လျှင်ငါတို့ရဲ့ သောက ကိုလမ်းညွန်ပေးနိုင်တယ် ငါတို့ရဲ့ အပြစ်များကို ကယ်ချွတ်တော်မူတဲ့ သိုးငယ်တော်ဖြစ်တော်မူတယ် ဆိုတဲ့ယုံကြည်ခြင်းကို တိုးပွားအောင် ကြိုးစားရမည်။

ဘုရားကျောင်းတက်တဲ့အခါဒီတစ်နာရီလောက် အချိန်ကို တစ်ခြားအအရာတွေမတွေးပဲ ဘုရားရှင်ကို ရပ်ရပ်ရောရော အပ်နှံပူဇော်ပါ ဘုရားငါ့ကိုဘာပြောနေတယ်ဆိုတာ နားထောင်ပါ။ယုံကြည်စွာနဲ့ လုပ် ကြည့်ပါ သင်တို့ဘဝလည်း ဘုရားရှင်ရဲ့ ရပ်ရောခြင်းနှင့် စောင့်ရှောက်ခြင်းတွေကို သိသိသာသာ နေ့စဉ် ခံစားရရှိလာနိုင်မည်ဖြစ်ပါတယ်။ ဟုမြွက်ကြားခဲ့ပါသည်။

အာဗီအေပွဲနေ့ ကျင်းပရခြင်းပတ်သက်ပြီး တာဝန်ခံဘုန်းတော်ကြီး Fr. Peter Kyi Maung မှ ကျေးဇူး တင်စကားပြောကြားရာမှာ

အရင်က နှစ်စဉ်နှစ် တိုင်း တစ်နှစ်တစ်ခါ အာဗီအေတောတရှင်များနှင့် တွေဆုံပွဲတွေ လုပ်နိုင်ခဲ့ပေမဲ့ ၂၀၁၉ နောက်ပိုင်း ကိုဗစ်ကာလနှင့် အခြားသော အခြေအနေများကြောင့် တောတရှင်များနှင့်တွေ့ဆုံပွဲ ကျင်းပဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတယ်။

ဒါကြောင့်ဒီနေ့မှာ တော့ အရင်ကလိုတွေ့ဆုံပွဲမလုပ်နိုင်ပေမဲ့ RVA Day ဆိုပြီးဘုရားရှင်ကိုကျေးဇူးတင်တဲ့ အနေနဲ့ရော ဒီအာဗီအေ အစီအစဉ်ကို ရပ်တည်နိုင်အောင် ကူညီထောက်ပံ့ပေးကြတဲ့ အလှူရှင်များ၊ အစဉ်အမြဲအားပေးနားထောင်ကြတဲ့ တောတရှင်များ၊ အာဗီအေစတင်ကတည်းက ယနေ့ထိ တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် ရရှိခဲ့တဲ့ကျေးဇူးတော်တွေ အားလုံးကို ကျေးဇူတင်တဲ့ အနေနဲ့ ဒီနေ့ ပွဲကို ကျင်းပကြခြင်းဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

တောတရှင်တစ်ချို့မှလည်း အာဗီအေနားထောင်ဖြစ်တဲ့အကြောင်းကို ခုလိုပြောသည်

အန်တီမေရီ (တောတရှင်)

အန်တီကအာဗီအေကို Radio ခေတ်ကတည်းက နားထောင်ဖြစ်တယ် စာလည်းရေးဖြစ်တယ် အာဗီအေ ကို အရင်ခေတ်က စာတွေနဲ့ပဲဆက်သွယ်လို့ရတယ်လေး။ ပြီးရင်ဒီဘက် အွန်လိုင်းဘက်ပြောင်းလာ တဲ့အခါတွေမှာလည်း အာဗီအေနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ဖူးတယ်။

အာဗီအေကိုနားထောင်ခြင်းအားဖြင့် ခွန်အားတွေအများကြီးရတယ် မိသားစုအစီအစဉ်၊ဝိညာဉ်ရေးဆိုင် ရာများ၊ သဘာဝနဲ့ဆိုင်တဲ့အရာတွေ၊ ရဟန္တာများအကြောင်းတွေ၊ ပြီးတော့အသင်းတော်ရဲ့ခေါင်ဆောင် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ သာသနာပြုလုပ်ငန်း အကြောင်းတွေကိုလည်း အများကြီးသိခွင့်ရလို့ ကျေး ဇူးတင်ပါတယ်။

နိုင်ငံခြားမှာ နေတဲ့ အန်တီသမီးကိုတောင် အာဗီအေနားထောင်ဖို့ အကြံပေးတာ ခုတော့သူလည်း တော် တော် နားထောင်ဖြစ်ပြီတဲ့ သူတို့ကဘုရားကျောင်းသိပ်မတက်ရဘူးလေတစ်ခါတလေမှ သွားတက် ရတာဒါကြောင့် ဒီအာဗီအေက ဩဝါဒပဲနားထောင်ဖြစ်တယ်။

ကော်လက် ထွန်းလွင်ဦး( တော်တရှင်)

ကျွန်ုပ်က အာဗီအေကို ၂၀၀၅ လောက်ကနေစနားထောင်ဖြစ်တယ်။ ခုလိုအာဗီအေကနေ ဩဝါဒတရား နှင့်အခြား ဗဟုတုသ ရမည့်အရာတွေကို တင်ဆက်ပေးတဲ့အတွက် အထူးသဖြင့် နိုင်ငံခြားမှာ အလုပ်လုပ် နေတဲ့ လူငယ်တွေ၊ မိသားစုတွေ အတွက် ဝိညာဉ်ရေးမပျက်သွားအောင် ဆက်သွယ်ပေးတဲ့ အတွက် အကျိုးအများကြီးရှိတယ်လို့မျှော်လင့်မိတယ်။

အာဗီအေကနေတောတရှင်များ တစ်ယောက်နဲ့တစ်ယောက် တေးသီချင်းပါးတာတို့ ပြီးတော့ အာဗီအေ နှင့်တောတရှင်များကြား ပေးစာ၊ပြန်စာ ကဏ္ဍတွေ ထပ်ပြီးတင်ဆက်ပေးနိုင်ရင် ကောင်းမှာပဲလို့ အကြံပြုချင်ပါတယ်။

RVA Day နေ့၌ မြို့ပေါ်ရှိဘုန်းတော်ကြီးများ၊ ဘာသာတူများ တက်ရောက်ဂုဏ်ပြုခဲ့ပြီး ဘုရာကျောင်း အပြီးတွင် အာဗီအေမှ လာရောက်ဂုဏ်ပြုသော တောတရှင်များအား မုန့်များဖြင့် ဧည့်ခံခဲ့သည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *