ဆန်းကျယ်သောဘုရားသခင်၏ရဟန်းဘောင်သို့ခေါ်တော်မူခြင်း။

(အထင်အမြင်လွဲးမှားစေရန်မဟုတ်ပါ၊ ဘုရားသခင်၏ခေါ်တော်မူခြင်း ဆန်းကြယ်ပုံကို တင်ပြခြင်းသာ ဖြစ်ပါသည်။)

သူ၏အမည်ကား ဖာသာရ် Travis Moger ဖြစ်သည်။ ရဟန်းသိက္ခာခံယူခဲ့သည်မှာ (၉) လ သာရှိ သေး သည်။ သူ၏ရဟန်းဘောင်သို့ခေါ်တော်မူခြင်းမှာအလွန်ထူးခြားသည်။ သူသည်ယခင်ကသင်းကွဲ ညီအစ် ကိုအသင်းတစ်ခု၏ဓမ္မအမှုတောင်ဆောင်တစ်ဦးဖြစ်ခဲ့သည့်အပြင် စစ်သားများအားဘာသာရေးလမ်း ညွှန်မှု၊ အားပေးနှစ်သိမ့်အကြံပေးလမ်းညွှန်သည့်အမှုတော်ကိုလည်းထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် (မေလ ၂၀၂၅) ဗာဂျီးနီးပြည်နယ်အနောက်ဖက်ရှိ Wheeling-Charleston ဂိုဏ်းအုပ် သာသနာ၏ သာ သနာ ပိုင်ဘုန်းတော်ကြီးအဖြစ်ကက်သလစ်သာသနာ၏ထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။

သူသည်အိမ်ထောင် သည်လည်းဖြစ်ပါသည်။ သူ၌ဇနီး၊ သားတစ်ဦးရှိပြီး မိသားစုတစ်စုလုံးလွန်ခဲ့သော (၇) နှစ်ကကက်သလစ် ဘာသာ၀င်အဖြစ်ပြောင်းလဲခံယူခဲ့ကြသည်။

သူ့အနေဖြင့်ကက်သလစ်သာသနာသို့ကူးပြောင်းလာခဲ့ခြင်းမှာ ရဟန်းသိက္ခာခံယူရန်ရည် ရွယ်ခဲ့ခြင်း မဟုတ်။ ဘုရားသခင်သည်သူနှင့်သူ၏မိသားစုကိုကက်သလစ်ဘာသာသို့ကူးပြောင်းရန်အတွက် ဆု တောင်းခြင်းကိုနားညောင်းခဲ့ကြောင်းကက်သလစ်သာသနာ၏ရုပ်သံဖြစ်သော EWTN ၏သတင်းထောက် Julia Convery အားဖြေကြားခဲ့သည်။

စစ်ဖက်ဆိုင်ရာဘာသာရေးအမှုတော်ဆောင်တစ်ဦးအဖြစ်အမှုထမ်းနေစဉ်တစ်ခုသောလှုပ် ရှားမှု၌သူ၊ သူ၏ဇနီးနှင့်သားတို့၏စိတ်ထဲ၌မတိုင်ပင်မဆွေးနွေးဘဲ ကက်သလစ်ဘာသာသို့ကူးပြောင်းလို စိတ်ဖြစ် ပေါ်လာခဲ့ကြောင်း၊ အိမ်ထောင်ဦးစီးဖြစ်သောသူအမှုတော်ထမ်းနေသောကြောင့်အိမ်၌မရှိခိုက်၌ဇနီး ဖြစ် သည်ကက်သလစ်ဘာသာ၀င်ဖြစ်လာရန်လေ့လာသင်ယူကြားသောအစီအစဉ်ဖြစ်သည့် OCIA (RCIA -Rite of Christian Initiation of Adults, which is now called OCIA — the Order of Christian Initiation of Adults) အစီအစဉ်၌စာရင်းသွင်း၍တက်ရောက်လျှက်ရှိနေခဲ့သည်။

 သူ့အားယုံကြည်ခြင်းမျိုးစေ့ပျိုးချပေးခဲ့သူမှာသူ့အရင်စစ်သားများ၏ဘာသာရေး၀တ္တရားများ ကိုကြီး ကြပ်စီမံရသောကြီးကြပ်ရေးမှူးဖြစ်သည်။ ၀တ်ပြုခြင်းနှင့်ဆက်စပ်ပါသည်။ ကက်သလစ်တို့၏မစ္ဆားပူ ဇော်ခြင်းသည်သူကြီးပြင်းလာခဲ့ရသောအသိုင်းအ၀ိုင်းနှင့်လွန်စွာအလှမ်း‌ဝေးပါသည်။

ထိုအခြေအနေသည် သူ့အတွက်အလွန်ပြင်းထန်ခဲ့သည်ဟုကြီးကြပ် ရေးမှူးဖြစ်သူ Falkenthal က သ တင်းထောက်အားရှင်းပြခဲ့ သည်။ ထိုအချက်ကိုသူသည်သတိမထားခဲ့ပေ။ သို့သော်အမေရိကားသို့ ပြန်ရောက်ချိန်၌သူ၏ဇနီးသည်ကက် သလစ်ဘာသာ၀င်အဖြစ်ပြောင်းလဲ ခံယူရန် RCIA (အထက်၌ ရှင်းပြပြီး) အစီအစဉ်ကိုတက်ရောက်နေသည် ကိုသိလိုက်ရသည်။ ဤသို့ဖြင့်ဇနီးမောင်နှံသည် ဘာသာ ရေးနှင့်စပ်လျဉ်းသော၄င်းတို့၏ခံစားချက်ကိုဖလှယ်ခဲ့ ကြသည်။ ထိုအခြေအနေသည်ဇနီးမောင်နှံ နှစ်ဦးအားပိုမို၍နီးကပ်စေခဲ့သည်။ ဘုရားသခင်သည်သူ့အားကက် သလစ်သာသနာသို့ခေါ် ဆောင်ရန် သေချာသောအစီအမံရှိနေပြီဖြစ်သည်ဟုအမျိုးသားဖြစ်သူကဖြည့်စွက်ပြောကြားခဲ့သည်။

 ကက်သလစ်ဘာသာထဲသို့၀င်ရောက်ရန်လေ့လာပြီး (၅) နှစ်အကြာ (၂၀၁၈) ပါစကားတနဂ် နွေနေ့၌မိ သားစု (၃) ဦးလုံးသည်ကက်သလစ်ဘာသာ၀င်အဖြစ်တင်းပြည့်ကျပ်ပြည့်ခံယူခဲ့ပါတော့သည်။ သာ သနာထဲသို့၀င်ရောက်ခဲ့စဉ်က အိမ်ထောင်သည်ဖြစ်ခဲ့ဖူးသူတစ်ဦးသည်ကက်သလစ် ဘုန်းတော်ကြီး ဖြစ် နိုင် သောလမ်းကြောင်းရှိသည်ကိုလည်းလုံး၀မသိခဲပေ။ သို့သော် Wheeling-Charleston ဂိုဏ်းချုပ် ဆရာတော် Mark Brennan ကရဟန်းမင်းကြီးသက်ရှိထင်ရှားရှိနေစဉ် Moger အားသူ၏အိမ်ထောင် ရေးအသက်တာကို ပယ်ဖျက်ပြီးကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အဖြစ်ဆောက်တည် ရှင်သန်သည့် အခွင့်ကိုပေးခဲ့ကြောင်း၊ ထို နောက်မှကက်သလစ်ရဟန်းတစ်ပါးအဖြစ် ဆက်လက်တက် လှမ်းခွင့် ကိုပေးခဲ့ကြောင်း၊ မိသားစုအသက်တာ ကိုရှင်သန်ဖြတ်သန်းခဲ့ဖူးသူဖြစ်၍ယခုကက်သလစ် ရဟန်းတော် အဖြစ်ကျင့်ကြံရှင်သန်ရာ၌ကောင်းသောရဟန်းတစ်ပါးဖြစ်လာလိမ့်မည်ဟုမျှော်လင့်ကြောင်းဆရာတော်ကြရှင်းပြသည်။ (မှတ်ချက်။ ။ယခုဆောင်းပါးအရ ဤအဆင့်သည်လွန်စွာလွယ်ကူ သယောင်ဖြစ် နေသော်လည်းလက်တွေ့၌မူလွယ်ကူလွန်းလှသည်မဟုတ်။ တွေ့ဆုံမေးမြန်းမှု၊ စစ်ဆေးမှုအဆင့် ပေါင်း များစွာကိုအချိန်ယူလုပ်ဆောင်ရသည်။ လွယ်လင့်တကူရနိုင် သောအခြေအနေမဟုတ်ပါ။)

 ဆရာတော်အနေဖြင့်ခေါ်တော်မူခြင်းရှိရန်စည်းရုံးလှုပ်ရှားရသောအမှုတော်ကိုတာ၀န်ယူစဉ် ၌ဤသူ သည်ကောင်းသောအိမ်ထောင်သည်၊ ကောင်းသောရဟန်းဖြစ်မည်လောဆိုသည်ကိုအစဉ်လေ့လာ စမ်း စစ်ကြောင်း၊ အကယ်၍ဖခင်ကောင်းဖြစ်လျှင် ရဟန်းကောင်းလည်းဖြစ်မည်ကိုသေချာပေါက်အာမံခံနိုင် သည့်အကြောင်းရှင်းပြခဲ့သည်။ ဤအချက်နှင့်စပ်လျဉ်း၍ ဖာသာရ် Moger သည်လည်း ယခင်ကအိမ် ထောင် သည်ဖခင်ဖြစ်ခဲ့ပြီး ယခု၀ိညာဉ်ရေးဖခင်ဖြစ်ရခြင်းနှင့်စပ်လျဉ်း ၍သူ၏အမြင်ကို လည်း ဆရာတော်၏အမြင် နှင့်ထပ်တူရှိနေခဲ့သည်။

ကလေးတစ်ဦးကိုလောကကြီးသို့ရောက်ရှိလာစေပြီး ကျွေးမွေးကြီးထွားလာစေရန်မှာအခြား သူတစ်ဦး ၌ရင်းနှီးမြှုပ်နှံသကဲ့သို့ဖြစ်သည်။ ထို့အတူပင် ၀ိညာဉ်ရေးဖခင်ဘ၀သည်လည်း ဘုရားသခင်၏ဖခင် ဘ၀နှင့်တူပါသည်။

သားဖြစ်သူမတ်ခ်ကလည်း EWTN ရုပ်သံအားဖခင်ဖြစ်သူနှင့်စပ်လျင်း၍ ဖခင်ဖြစ်သူဤ ၀ိညာဉ်ရေး အသက်တာသစ်ရွေးချယ်လျှောက်လှမ်းခြင်းသည် မိသားစု၏၀ိညာဉ်ရေးအသက်တာကိုလည်း ပိုမိုလေး နက်စေကြောင်းဖြေကြားခဲ့သည်။

 သမီးဖြစ်သူ Maddy Cordle ကလည်း သူ့အနေဖြင့်ဖခင်၏ကက်သလစ်သာသနာထဲသို့အ ဆင့်ဆင့် ပြောင်းလဲသွားသည်ကိုအစမှအဆုံးထိတိုင်မြင်တွေ့ခဲ့ရကြောင်း၊ ထို့အတူပင်မိခင်နှင့်မောင်လေးတို့ ၏ ပြောင်းလဲခြင်းကိုလည်းမြင်တွေ့ခဲ့ရကြောင်း၊ ထိုအခြေအနေကိုမြင်တွေ့လိုက်ရချိန်၌ အိမ်ထောင် သည် အ ဖြစ်မိသားစုဘ၀၌လည်းလွန်စွာနီးကပ်ကြသကဲ့သို့ ဘုရားသခင်အားချစ်ခင်မှု၌လည်းပိုမို၍ အား ကြီး ကြောင်း ကိုမြင်တွေ့ခွင့်ရခဲ့သည်ဟုပြောပါသည်။    

ဖခင်အတွက်မှာမူဘုရားကိုချစ်သောစိတ်အတွက်အရာရာကိုချန်လှပ်ထားရန်၀န်မလေးပေ။ ဤအချက် သည်ဘုရားသခင်သူ့အားပေးထားသောလက်ဆောင်ဖြစ်ပြီး၊ ထိုအသက်တာမျိုးကိုသူ၏သာသနာ လုပ် ငန်း၌မြင်တွေ့ရပေမည်ဟုသားဖြစ်သူကဆိုပါသည်။

သမာရိုးကျမဟုတ်သော ကက်သလစ်ရဟန်းဘ၀ကိုခံယူခဲ့ရသော်လည်း ဤအရာအားလုံး သည်ဘုရား သခင်ကို ‘အသင့်ရှိပါသည်’ ဟုဖြေကြားခဲ့ခြင်း၏အကျိုးဖြစ်သည်ဟု ဖာသာရ် Moger ကဆိုပါ သည်။ ဘုရားသခင်ဦးဆောင်သောလမ်းကြောင်းအတိုင်းလိုက်လျှင်ဘုရားသခင်ကောင်းချီးပေးပါသည်။ သူ သည်မဖြစ်မနေဖြစ်မြောက်အောင်လုပ်ဆောင်မည်ကိုလည်းယုံကြည်ရမည်ဟုပြောကြားခဲ့သည်။           ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *