
သက်ရှိများနှင့် မျိုးတုန်းမှုအန္တရာယ်
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ” မျိုးတုန်းလာနေပီဖြစ်တယ့် သက်ရှိများနှင့်သစ်ပင်များ ” ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ယနေ့ ကျွန်ုပ်တို့ ကမ္ဘာမြေဟာ အနာဂတ်ကို ထည့်သွင်းစဉ်းစားသင့်တဲ့ အခြေအနေကို ရောက်နေပါပြီ။ လက်ရှိ ကျွန်တော်တို့ သုံးစွဲနေတဲ့ သယံဇာတများဟာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပါပြီ။ လောဘကြောင့်၊ တစ်ဦးစီ လိုအပ်ချက်တွေကြောင့် အဆင်အခြင်မဲ့စွာ ထုတ်ယူသုံးစွဲနေခဲ့ကြပါတယ်။ ဒီလိုပုံစံမျိုးနဲ့သာ ဆက်လက်ထုတ်ယူသုံးစွဲနေမယ်ဆိုရင်တော့ သယံဇာတများဟာ တဖြည်းဖြည်း လျော့နည်းပါးပြီး ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ မျိုးနွယ်စုနဲ့ သတ္တဝါတွေဟာလည်း မျိုးတုန်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ ထိုအရာတွေကို အဓိကတရားခံအဖြစ် လုပ်ဆောင်နေတာကတော့ ကျွန်တော်တို့ လူသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရေတို စီမံကိန်းတွေပဲ လုပ်ဆောင်ခဲ့ပြီးတော့ အနာဂတ်မှာ ရေရှည် ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ အစီအစဉ်မဲ့ သုံးစွဲမှုတွေကို ရပ်တန့်စေရန် ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကပင် စတင်ပြီး ပြောင်းလဲပေးဖို့… ဒီတစ်ပတ် ဒီ Video ကို ဒီမှာပဲ အဆုံးသတ်လိုက်ရပါတယ်။
တင်ဆက် — ဝီလျံ ဇော်နိုင်ဦး
တည်းဖြတ် — စတီဗင်

