
ရဟန်းမင်းကြီးယခုနှစ်အတွင်းအင်ဂိုလာနိုင်ငံသို့သမိုင်း၀င်တမန်တော်ခရီးသွားရန်ဆုံးဖြတ်ဖွယ်ရှိ။

အင်ဂိုလာနိုင်ငံသည်ရဟန်းမင်းကြီးလီယို (၁၄) တမန်တော်ခရီးကြွရောက်ဖွယ်ရှိသည့်နိုင်ငံ တစ်ခုဖြစ် ကြောင်း၊ အကယ်၍သွားဖြစ်ပါကရဟန်းမင်းကြီးလီယို (၁၄) ကြွရောက်သောအာဖရိကတိုက်၏ ပထမ ဦးဆုံးနိုင်ငံဖြစ်ကြောင်းအဆိုပါဒေသ၌အမှုထမ်းနေသောရဟန်းမင်းကြီးကိုယ်စားလှယ်ဂိုဏ်းချုပ်ဆ ရာတော် Kryspin Witold Dubiel မှအင်္ဂါနေ့ကသတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ ရဟန်းမင်းကြီး အ နေဖြင့်အင်ဂိုလာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်နိုင်ငံတော်သမ္မတ João Lourenço ၏ တရား ၀င်ဖိတ်ကြားချက်ကိုလက္ခံခဲ့ကြောင်း၊ နေ့ရက်၊ အချိန်၊ ခရီးစဉ်အတိအကျကိုမူ မဆုံးဖြတ် ရသေး ကြောင်း၊ ယ ခုဤသမိုင်း၀င်အစီအစဉ်ဖြစ်လာနိုင်ရန်စီစဉ်နေကြောင်းဖြေကြားခဲ့သည်။
အင်ဂိုလာနိုင်ငံသို့ရဟန်းမင်းကြီးကြွရောက်မည့်သမိုင်း၀င်တမန်တော်ခရီးသည် အင်ဂိုလာ ပြည်သူများ ၏တန်ဖိုးကိုပြန်လည်ထုဆစ်နိုင်စေသောအခွင့်အရေး၊ စံတန်ဖိုးထားခြင်းမတူသောယှဉ်တွဲနေ ထိုင်သည့် အဖွဲ့အစည်းများကြားနှင့်ကမ္ဘာတစ်၀ှမ်း၌အတူအလုပ်လုပ်ကိုင်နေသူများနှင့်ဖလှယ်နိုင်မည်ဖြစ် ကြောင်း အင်ဂိုလာနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားကပြောကြားခဲ့သည်။
အင်ဂိုလာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌကအင်ဂိုလာပြည်သူများအား လည်းရဟန်း မင်းကြီး၏သမိုင်း၀င်အလည်အပတ်၌တက်ကြွစွာပါ၀င်ကြရန်၊ ပေးအပ်သောတာ၀န်များကို ကြေပြွန် စွာထမ်းဆောင်ကြရန်၊ ပြည်သူများအသိရှိလာအောင်တိုးမြှင့်လုပ်ဆောင်ရန်ဂိုဏ်းချုပ်ဆရာတော် José Manuel Imbamba ကတိုက်တွန်းခဲ့သည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

