
လက်ထပ်ထိမ်းမြားပြီးတဲ့သူ တိုင်း မိမိက အိမ်ထောင်ရှင်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ဖို့လိုအပ်သည်။
ဒီနေ့မှာ လက်ထပ်ထိမ်းမြားပြီးတဲ့သူ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မိမိက အိမ်ထောင်ရှင်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ဖို့ရန် Sharing ပေးချင်ပါတယ်။
နှစ်ဦးသဘောတူညီစွာနဲ့ လက်ထပ်ပေါင်းသင်းတဲ့ အိမ်တောင်တစ်ခုဆိုတာ လျှို့ဝှက် (ဝါ) တိတ်တဆိတ်ခံယူထားတဲ့ တာဝန်တစ်ခုမဟုတ်ပါဘူး။
မိမိက ထိမ်းမြားလက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေရင် Single တစ်ယောက် လို ပြုမူနေထိုင်ဖို့ မသင့်ပါဘူး။ Single တစ်ယောက်လို့ အမျိုးသားဆိုရင်လည်း ဘီယာဆိုင်တိုင် အချိန်ဖြုန်းတာ၊ အခြားအချိန်ဖြုန်းစရာ နေရာတွေအများကြီးရှိပါတယ်။ အဲ့ဒီနေရာတွေမှာ အချိန် ဖြုန်းနေမယ်ဆိုရင် မိမိနောက်မှာ ဘာအိမ်ထောင်မှ မရှိသလို နှောင်ကြိုးမရှိတဲ့ သူတစ်ယောက်လို ဖြစ်စေတဲ့အတွက် ဆိုလိုတာက နေ့တဓူဝ အပြင်ထွက် အပြင်မှာအချိန်ဖြုန်းတာမျိုး မလုပ်သင့်ပါဘူး။
အိမ်ထောင်ရှင် အမျိုးသမီးတေစ်ယောက်ဖြစ်ခဲ့ရင်လည်း ဒီနေ့ခေတ် အချိန်ဖြုန်းစရာတွေ နေရာတွေမှာ အချိန်ဖြုန်းနေတာ တစ်ခါတစ်ရံပဲ ကောင်းပါတယ်။ အမြဲတမ်းသွားဖို့တော့ မသင့်တော် ပါဘူး။
အပြင်ထါက်မယ်၊ စားသောက်ဆိုင်သွားမယ်ဆိုရင် မိမိလက်တွဲဖော်နဲ့ အတူသွားသင့်ပါတယ်။ ဒါမှမဟုတ်လည်း မိမိတို့ အိမ်မှာ မိမိလက်တွဲဖော်နဲ့ အချိန်ကုန်သင့်ပါတယ်။
တချို့သောသူတွေက မိမိလက်တွဲဖော်ကို (သို့) Family ကို ဘယ်တော့မှ မိတ်ဆက်ပေးတာ ကြေညာပြောဆိုတာမရှိကြပါဘူး။
လက်ထပ်ထိမ်းမြားလိုက်တဲ့အတွက် အိမ်ထောင်တစ်ခုတည်ဆောက်လာတဲ့အခါမှာ မိမိ အိမ်ထောင်ရဲ့ အတွင်းရေးကိစ္စတွေကို အခြားသူတွေ မသိအောင် လျှို့ဝှက်တာနဲ့ အိမ်ထောင်တစ်ခု တည်ဆောက်တဲ့ လျှို့ဝှက်ချက်နဲ့ မတူပါဘူး။
မိမိက အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် အိမ်ထောင်ရှင်တစ်ယောက်လို ပြုမူနေ ထိုင်ရတော့မယ်။ မိမိလက်တွဲဖော်နဲ့ တွဲရိုက်ထားတဲ့ပုံကို ပတ်ဝန်းကျင်က သိအောင် Share လုပ်ပေး ရမယ်။ မိမိပတ်ဝန်းကျင် မိမိကမ္ဘာကြီးကနေ မိမိနှလုံးသားကို ဘယ်သူပိုင်ဆိုင်တယ်ဆိုတာ သိအောင် လုပ်နိုင်ရပါမယ်။
မိမိရဲ့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူကမှ မိမိရဲ့ relationship အခြေအနေ အဆင့် အတန်းကို သုံးသပ်ထင်မြင်ချက်တွေနဲ့ မခန့်မှန်းသင့်ပါဘူး။ မိမိလက်တွဲဖော်အကြောင်းကို ဖွင့်ဟ ပြောဆိုပါ။ ဘယ်သူကမှ မိမိအိမ်ထောင်ရေးကို စွတ်ဖတ်တာ ထေားပြီးကြည့်တာ မိမိလက်တွဲဖော်ကို ခန့်မှန်းပြောဆိုတာတွေ မရှိရပါဘူး။ မိမိအိမ်ထောင်ကို မိမိက respect လုပ်ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မိမိပိုင်ဆိုင်တဲ့ အိမ်ထောင် မိမိက Single မဟုတ်ဘူး။ အခြားသူကို လူလွတ်တစ်ယောက်လို မြှူဆွယ်တာ အိမ်ထောင်မရှိသလို အယောင်ဆောင်ကာ အိမ်ထောင်မရှိဘူးဆိုပြီး ဖုံးကွယ်ကာ မလုပ် မိဖို့ လိုပါတယ်။ တခြားသူတွေ မမြင်အောင် လုပ်တာမျိုးတွေ မလုပ်သင့်ပါဘူး။
အကယ်၍ လက်တွဲဖော်တစ်ယောက်က အဝေးမှာ ရောက်နေလို့ဝေးကွာနေလည်း ဟန်ဆောင်ပြီး ဆင်ခြေဆင်လက်တွေနဲ့ Single တစ်ယောက်လို မနေထိုင်သင့်ပါဘူး။ မိမိရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို မိမိက လက်ထပ်ပြီးတဲ့သူ Single မဟုတ်ဖူး အိမ်ထောင်ရှိတဲ့ သူဆိုတဲ့ အဖြစ်မှန်ကို ပြောပြထားပါ။ မိမိလက်တွဲဖော်အကြောင်းကိုလည်း ပြောပြထားပါ။
မိမိတို့နှစ်ယောက်တွဲပုံ(ဝါ) မိသားစုပုံကို မိမိလုပ်ဖော်ကိုင်ဖက်တွေ မြင်အောင်ထားပါ။ မိမိမှာ မိမိချစ်ရမဲ့သူရှိတယ်။ မိမိအချစ်တွေကို ပိုင်ဆိုင်တဲ့ သူရှိတယ်ဆိုတာကို မိမိကိုယ်မိမိ ကာကွယ်တဲ့ အနေနဲ့ စည်းဘောင်တစ်ခုထားပြီး မိမိလုပ်ဖော်ကိုင်ဖက်တွေနဲ့ မိမိရဲ့ အချစ်တွေကို ကာကွယ်ထား တဲ့သဘောပါ။
လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်တစ်ယောက်ဆိုတာ မိမိအိမ်ထောင်အပေါ် သစ္စာရှိရမယ်။ ပွင့်ပွင့်လင်းလင်းရှိရမယ်။ ပြီးတော့ နှစ်ယောက်အတူ ညီညီညွတ်ညွတ်ရှိဖို့လိုပါတယ်။ လက်ထပ်ပြီး တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အိမ်ထောင်ရှင်တစ်ယောက်လို ပြုမူနေထိုင်ရမယ် ပတ်ဝန်းကျင်ကို ကမောက်ကမမဖြစ်စေဖို့ နေထိုင်ရမယ်။ လက်ထပ်ထိမ်းမြားထားတဲ့သူတစ်ယောက်က မိမိ အိမ်ထောင်အပေါ် မရေမရာ မဖြစ်စေပဲ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ထိုက်ထိုက်တန် တန် နေတတ်ရပါမယ်။
ဒါဆိုရင်တော့ မိမိတို့ရဲ့ အချစ်ဇာတ်လမ်းက မယိုင်မလဲတော့ပဲ ရွှေရတု၊ ငွေရတု တွေတိုင် ရတုပေါင်းများစွာနဲ့ အိမ်ထောင်ရှင်တွေအဖြစ် ပျော်ရွှင်စွာ ဘဝခရီးကို ဆက်လျှောက်သွားနိုင်မှာပါ။

