ရဟန်းမင်းကြီးလီယို (၁၄) သည်ဖရန်စစ္စကင်တို့၏ဂျူဘီလီကိုကြေညာ။

ယခုရဟန်းမင်းကြီးအနေဖြင့်ဖရန်စစ္စကင်များ၏ထူးခြားသောဂျူဘီလီအဖြစ်ကြေညာခြင်း သည်အာ စီး စီမြို့မှစိန့်ဖရန်စစ်၏မွေးဖွားခြင်းနှစ် (၈၀၀) ပြည့်နှစ်ပတ်လည်ကျရောက်၍ဖရန်စစ္စကင်အသင်း ၀င်များ အတွက်ထူးခြားသောဂျူဘီလီနှစ်အဖြစ်သတ်မှတ်ကြေညာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သာသနာတစ်ခုလုံးအတိုင်းအတာနှင့်ကျင်းပခြင်းထက်စိန့်ဖရန်စစ်၏ဧ၀ံဂေလိအသက်တာကိုအခြေခံသော၀ိညာဉ်ရေးကျင့်စဉ်ကိုနည်းနာခံယူရှင်သန်နေသောအသင်း၀င်များအဖို့ဂျူဗလီအဖြစ်ကြေညာခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည်ဖရန်စစ္စကင်တို့၏ဂျူဗလီနှစ်ကို (ဇန္န၀ါရီလ ၁၀၊ ၂၀၂၆) ကကြေညာခဲ့ ပြီး၊ လာမည့် နှစ် (ဇန္န၀ါရီလ ၁၀၊ ၂၀၂၇) အထိကြာမြင့်မည်ဖြစ်သည်။ ဂျူဗလီကျေးဇူးတော်နှစ်ဖြစ်၍ဘာသာ တူများ အနေဖြင့်သတ်မှတ်ထားသောလမ်းညွှန်ချက်များကိုဖြည့်ဆည်းပါကအင်ဒူဂျင်းသျှာအပြစ်ခွင့်လွှတ်ခြင်းကောင်းချီးကိုလည်းခံယူနိုင်ပါသည်။ ဤသို့သတ်မှတ်ကျင်းပရခြင်းမှာ၀ိညာဉ်ရေးအသက်တာပြန်လည် ဆန်းစစ်၍ဆန်းသစ်နိုင်ရန်ဖြစ်ပါသည်။

အင်ဒူဂျင်းသျှာခံစားရရန်အတွက်အာပတ်ဖြေလျှောက်ခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်း၊ ရဟန်းမင်း ကြီး၏ရည်ရွယ်ချက်များအတွက်ဆုတောင်းပေးခြင်းအပြင် သက်ကြီးရွယ်အိုများ၊ မကျန်းမမာဖြစ် နေ သောသူများအနေဖြင့်အခြေအနေအမျိုးမျိုးကြောင့်ဘုရားဖူးခရီးများ၊ သတ်မှတ်ချက်များကို မဖြည့် ဆည်း နိုင်သော်လည်း မိမိတို့ခံစားနေရသော‌ေ၀ဒနာကိုယေဇူးသခင်၏ ဒုက္ခ‌ေ၀ဒနာနှင့် အတူပူးပေါင်း ခံထမ်းပူ ဇော်ခြင်းအားဖြင့်လည်းအပြစ်ဒဏ်ခွင့်လွှတ်ခြင်းကိုခံစားခွင့်ပြုပေးထားသည်။

ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌လက်တွေ့အဖြစ်အပျက်များသည်ပါရမီအသက်တာကိုလွှမ်း မိုးသွား ခြင်း၊ သဘောထားကွဲလွှဲမှုများ၊ လူမှုအကြမ်း ဖက်မှုများသည်နေ့စဉ်ကြုံတွေ့နေရ၍ငြိမ်းချမ်းရေးသည် ဖျက်ဆီးခံနေရ၊ ပို၍လက်လှမ်း‌ေ၀းလာနေသည်။ ထို့ကြောင့်ယခုနှစ်အာစီးစီမြို့ မှဧ၀ံဂေလိ တရား အတွက် ချို့တဲ့နွမ်းပါးသောဘ၀ကိုခံယူခဲ့သူလူချမ်းသာ ကြီးဖရန်စစ်ထံမှကျွန်ုပ်တို့တတ်နိုင် သည့်အတိုင်း ကြိုးစားပုံတုယူကျင့်ကြံအားထုတ်ကာယေဇူးသခင်၏ပုံစံတော်ကိုထုဆစ်ရှင်သန်ကြပါစို့။

ဖရန်စစ္စကင်အသင်း၀င်သူများအနေဖြင့်လည်း ယခုထူးခြားသောဂျူဗလီနှစ်၌မိမိတို့၏သန့် ရှင်းသော အသက်တာ၊ ငြိမ်းချမ်းရေးကိုအဆုတ်မနစ်ဘဲကြိုးစားတည်ဆောက်နေသူများအဖြစ်ဘာသာတူတို့ အား ပြသရန်အကောင်းဆုံးအချိန်ဖြစ်သည်။

ထူးခြားသောယခုနှစ်အခါသယမျိုး၌ရဟန်းမင်းကြီးလေအို (၁၄) သည်လည်းဖရန်စစ္စကင်မိ သားစုအ သင်းအားစာချွန်တော်ရေးသားပေးပို့ခဲ့သည်။ အဆိုပါစာထဲ၌ရဟန်းမင်းကြီးက လက်ရှိအခြေအနေ ၌အဆုံးသတ်နိုင်ဖွယ်မမြင်သောစစ်မက်များဖြင့်ပြည့်နက်နေချိန်၊ ပြည်တွင်းပြည်ပ၏ လူမှုရေးသဘော ထား ကွဲလွှဲမှုများသည်ဖျက်ဆီးခြင်းနှင့်အကြောက်တရားကိုမွေးဖွားကြီးထွားလာစေပါသည်။ စိန့်ဖရန် စစ်သည် ပြဿနာကိုဖြေရှင်းသည့်နည်းပညာကိုပေးခဲ့သူမဟုတ်။ သူ၏အသက်တာသည်စစ်မှန်၊ အဓွန့်ရှ ည်စေသော ငြိမ်းချမ်းရေးကိုမီးမောင်းထိုးပြနေသည်။ စိန့်ဖရန်စစ်သည် ကျွန်ုပ်တို့အား သတိပေး နေသည်မှာ ‘ဘုရားသခင် နှင့်အတူငြိမ်းချမ်းရေး၊ ကျွန်ုပ်တို့လူသားအချင်းချင်းကြား၌ငြိမ်းချမ်းရေး၊ ဖန် ဆင်းခံသဘာ၀ပတ်၀န်းကျင်များ နှင့်ငြိမ်းချမ်းရေးရှိရန်မှာစက်ြာ၀ဋာတစ်ခုလုံးနှင့် ရင်ကြားစေ့ရေး အတွက်မရှိမဖြစ်၊ ခွဲခြားမရသောအခြေအ နေတစ်ခုဖြစ်သည်ကိုသတိပေးနေ ကြောင်းစာချွန်တော်၌မိန့် ကြားထားသည်။

(၂၀၂၅) ဂျူဘီလီနှစ်ပြီးဆုံးသွားသည်မှာမကြာသေးဘဲ ယခုတဖန်ဂျူဗလီနှစ်ထပ်မံဖွင့်လှစ် လိုက်သည့် သတင်းကြောင့်အံ့ဩမှင်သက်သွားပြီလော။ ဂျူဘီလီဟုဆိုရာရာအမိကက်သလစ်သာသနာသတ် မှတ် ကျင်းပလာသည့်အတိုင်းပင် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ သာသနာအုပ်စု၊ ဘာသာရေးအခြေခံသောအဖွဲ့အ စည်းတစ်ခုခု၊ ရွာတည်ခြင်း၊ ဘာသာ၀င်ဖြစ်လာခြင်း (၂၅/ ၅၀/ ၇၅/ ၁၀၀) နှစ်ပြည့်နှစ်ပတ် လည် ကိုအမှတ်ရ ကျင်းပခြင်းဖြစ်ပါသည်။ ထိုသို့ကျင်းပရာ၌မကြာမီကပိတ်လိုက်သောဂျူဘီလီ ပွဲတော် ကြီးသည်ကမ္ဘာတစ်၀ှမ်း လုံးရှိကက်သလစ်အပြင်ယေဇူးခရစ္စတူးသခင်ကိုဘုရား၊ ကယ်တင်ရှင်အဖြစ် သက်၀င်ယုံကြည်သောခရစ် ယာန်တိုင်း၏ဂျူဗလီနှစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ယေဇူး သခင် လူ့အဖြစ်ကိုခံယူမွေးဖွားခဲ့သည်မှာ (၂၀၂၅) နှစ်ပြည့်သောနှစ်ပတ်လည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *