ရဟန်းမင်းကြီး၏ ရှေ့လာမည့် ဝတ်ပြုခြင်းဆိုင်ရာ အစီအစဉ်အချိုကို ဗာတီကန် တရားဝင် ထုတ် ပြန် ကြေညာ။

လာမည့် နှစ်လတာအတွင်း ရဟန်းမင်းကြီး၏ ရှေ့လာမည့် ဝတ်ပြုခြင်းဆိုင်ရာ အစီအစဉ်အချိုကို ဗာတီ ကန်မှ သောကြာနေ့တွင် တရားဝင် ထုတ်ဖော်ပြသလာပါသည်။ ရဟန်းမင်းကြီး ဦးစွာဦးဆောင်မည့် ဝတ် ပြုခြင်း အခမ်းအနားများမှာ –

၁။ ဇန်နဝါရီလ (၂၅) ရက်နေ့ – စိန့်ပေါလ်၏ အကျင့်ပြောင်းလဲခြင်းပွဲနေ့။

၂။ ဖေဖော်ဝါရီလ (၂) ရက်နေ့ – သူငယ်တော်ယေဇူး မွေးဖွားပြီးရက် (၄၀) ပြည့်သည့်နေ့၌ ဂျေရုဆလင် ဗိမာန်တော်သို သွားရောက်ပူဇော်ခြင်း ပွဲနေ့။

၃။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ – ဗုဒ္ဓဟူးနေ့၌ ပြာခံ၍ ဝါတွင်းအစပြုသည့်နေ့။

၄။ ရဟန်းမင်းကြီးသည် နှစ်စဉ် ဝါတွင်းကာလ ပထမပတ်၌ ပြုလုပ်လေ့ရှိသော ရဟန်းမင်းကြီး၏ လက် အောက်ရှိ ရုံးတော်မှ အမှုထမ်းများ၏ ဥပုသ်စောင့်ခြင်း၌ ပါဝင်မည်။

အသေးစိတ် အစီအစဉ်များ။

(၁) ဇန်နဝါရီလ (၂၅) ရက်နေ့ – စိန့်ပေါလ်၏ အကျင့်ပြောင်းလဲခြင်း ပွဲနေ့ ဤနေ့၌ ရဟန်းမင်းကြီးသည် စိန့် ပေါလ် ဘာစီးလီကာသို ကြွရောက်ပြီး ညနေဆုတောင်းမေတ္တာကို ဦးဆောင်မည်ဖြစ်သည်။ ထိုနေ့သည် (၅၉) ကြိမ်မြောက် ခရစ်ယာန်များ စည်းလုံးညီညွတ်ရေးရရှိရန် ဆုတောင်းသော ရက်သတ္တပတ် အဆုံး သတ်သည့်နေ့လည်း ဖြစ်သည်။ ထိုနေ့ည ဆုတောင်းခြင်း၌ ဖတ်ရှုမည့် ကျမ်းချက်မှာ သံပေါလု၏ ဧဖက်မြိုသားများထံ ရေးသားပေးပိုသော ဩဝါဒစာ (၄:၄) မှ ဖတ်ကြားထောက်ရှုမည် ဖြစ်သည်။

(၂) ဖေဖော်ဝါရီလ (၂) ရက်နေ့ – သူငယ်တော်ယေဇူး ဗိမာန်တော်သို သွားရောက်ပူဇော်ခြင်း ပွဲနေ့ ထိုနေ့၌ ရဟန်းမင်းကြီးသည် စိန့်ပီတာ ဘာစီးလီကာ၌ ပွဲနေ့ မစ္ဆားတရားကို ဦးဆောင်ပူဇော်မည်ဖြစ်သည်။ ထိုနေ့ သည် (၃၀) ကြိမ်မြောက် ကမ္ဘာ့သုံးပါးသစ္စာရှင် သူတော်စင်များ၏နေ့ (World Day of Consecrated Life) လည်း ဖြစ်သည်။ သုံးပါးသစ္စာရှင် မောင်မယ်များအား ကျေးဇူးတင်ရမည့်နေ့ ဖြစ်သကဲ့သို ၎င်းတို၏ ဆက်ကပ်ခြင်းကို ပြန်လည်ဆန်းသစ်ရမည့်နေ့လည်း ဖြစ်သည်။

ဤနေ့ကို စိန့်ဂျွန်ပေါလ် (၂) မှ စတင်သတ်မှတ် ကျင်းပခဲ့သည်။ ရည်ရွယ်ချက်မှာ သုံးပါးသစ္စာရှင်တို၏ လှပသော အသက်တာကို ပြန်လည်တူးဆွ တန်ဖိုးထားတတ်ရန်နှင့် ၎င်းတို၏ ဆက်ကပ်ခြင်း အသက် တာသည် သာသနာအတွက်နှင့် ကမ္ဘာကြီးအတွက် အလွန်ကြီးမားသော လက်ဆောင်ဖြစ်သည်ကို သိရှိ နားလည်စေရန် ဖြစ်သည်။

(၃) ဖေဖော်ဝါရီလ (၁၈) ရက်နေ့ – ပြာခံသော ဗုဒ္ဓဟူးနေ့ (ဝါတွင်းအစပြုသည့်နေ့) ထိုနေ့၌ ရဟန်း မင်း ကြီးသည် ရောမမြို Aventine တောင်ကုန်းပေါ်ရှိ စိန့်ဆာဘီးနာ ဘာစီးလီကာ၌ သီတင်းသုံးနေကြသော ဘေနေဒစ်တင်း ရသေ့များနှင့် မစ္ဆားပူဇော်ကာ ပြာလူးမှတ်ပေးမည်ဖြစ်သည်။ ဤအစဉ်အလာသည် ရဟန်းမင်းကြီး စိန့်ဂျွန် (၂၃) လက်ထက် (၂၀) ရာစုက ပြုလုပ်ခဲ့သည့် အစဉ်အလာကို ဆက်လက် ထိန်း သိမ်းခြင်း ဖြစ်သည်။

(၄) ဝါတွင်းကာလ ပထမပတ် ဥပုသ်စောင့်ခြင်း ရဟန်းမင်းကြီးနှင့် ရုံးတော်၌ အမှုထမ်းနေကြသော ရဟန်းသံဃာတော်များသည် နှစ်စဉ် ဝါတွင်းကာလ ပထမပတ်၌ နှစ်ပတ်လည် ဥပုသ်စောင့်ခြင်းကို ပြုလုပ်လေ့ရှိသည်။ ယခုနှစ် ဥပုသ်စောင့်ခြင်းကို (ဖေဖော်ဝါရီလ ၂၂၊ ၂၀၂၆) တနင်္ဂနွေနေ့၌ စတင်၍ သောကြာနေ့ (ဖေဖော်ဝါရီလ ၂၇) တွင် ပြီးဆုံးမည်ဖြစ်သည်။ ယခုနှစ်၌မူ ယခင်နှစ်များကဲ့သို ဗာတီကန်၏ ပြင်ပ၌ ကျင်းပမည်မဟုတ်ဘဲ ဗာတီကန်အတွင်း၌သာ ကျင်းပမည်ဖြစ်သည်။

ဥပုသ်၏ ဦးတည်ချက်မှာ ‘Praedicate Evangelium’ (ဧဝံဂေလိတရားတော်ကို ဟောပြောကြလော့) ဖြစ်သည်။ လက်ရှိ ရဟန်းမင်းကြီး၏ ဝတ်ပြုခြင်းဆိုင်ရာ တာဝန်ခံမှာ ဂိုဏ်းချုပ်ဆရာတော် Diego Ravelli ဖြစ်သည်။

Fr. Clement Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *