
ဆွစ်ဇာလန်ဘားဆိုင်တစ်ခု၌နှစ်သစ်ကူးပွဲကျင်းပရင်းမီးသင့်၍လူသေမှုဖြစ်ပွား။

ဇန္န၀ါရီလ ၁၊ ၂၀၂၆) နံနက်အစောပိုင်း၌ဆွစ်ဇာလန်နိုင်ငံ၏ ဘားတစ်ခု၌နှစ်သစ်ကူးပွဲကျင်း ပနေရာမှ မတော်တဆဖြစ်ကဘားဆိုင်၏မျက်နှာကျက်မီးစွဲလောင်မှုဖြစ်ပွားခဲ့သည်။ ထိုအခင်းကြောင့်လူ ပေါင်း (၄၀) ခန့်အသက်ဆုံးရှုံးခဲ့ပြီး၊ (၁၁၀) ကျော်ထိခိုက်ဒဏ်ရာ များရရှိသွားခဲ့သည်ဟုသိရသည်။ ထိုသို့ဖြစ် ပွားခဲ့သည့်သတင်းကြောင့်ရဟန်းမင်းကြီးကအသက်ဆုံးရှုံးသွားသူများအတွက်နှင့်၀မ်းနည်းပူဆွေးနေသောမိသားစု၀င်များအတွက်ဆုတောင်းပေးကြောင်းသံကြိုးစာပေးပို့နှစ်သိမ့်ခဲ့သည်။
သံကြိုးစာကိုပြင်သစ်ဘာသာစကားဖြင့်ရေးသားပြီး ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin မှလက်မှတ်ရေးထိုးပေးပို့ခဲ့သည်။ သံကြိုးစားထဲ၌ ရဟန်းမင်းကြီးအနေဖြင့်မီး သင့်မှု ကြောင့်အသက်ဆုံးရှုံးသွားသောသူတို့၏၀ိညာဉ်ကိုငြိမ်းချမ်း၍အစဉ်ထွန်းလင်းသောနေရာ၌လက်ခံစေရန်ဆုတောင်းပေးကြောင်း၊ ကိုယ်ခံန္ဓာ၌လည်းကောင်း၊ အတွင်းနှလုံးသား၌လည်းကောင်းနာကြင်စွာခံစား ကြေကွဲနေကြသူများအားလည်းအားပေးနှစ်သိမ့်ပါကြောင်း၊ ဘုရားမယ်တော်သည် သူ၏နူးညံ့ သိမ်မွှေ့ ခြင်း၌ ယခုအဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရသူအားလုံးကိုနှစ်သိမ့်မှုပေးပါစေကြောင်း၊ မျှော်လင့်ချက်များ လည်းဆက်လက် ရှင်သန်စေပါစေကြောင်းရေးသား၍အခင်းဖြစ်ပွားသော Sionဂိုဏ်းအုပ်သာသနာ ပိုင်ဆရာ တော်Jean-Marie Lovey ထံသို့ပေးပို့ခဲ့သည်။
အခင်းဖြစ်ပွားရာ၌လူ (၄၀) ဦးခန့်အသက်ဆုံးရှုံးခဲ့ပြီး၊ (၁၁၅) ဦးမျှထိခိုက်ဒဏ်ရာများရရှိခဲ့ သည်။ မီးစွဲ လောင်နေခဲ့သည်မှာ (၂) နာရီမျှကြာကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့နှစ်ကူးချိန်၌ဖြစ်ပွားခဲ့ ကြောင်း၊ ဖြစ် ပွားရသည့်အကြောင်းအရင်းကိုဆက်လက်၍စစ်ဆေးနေသေးကြောင်း၊ အသက်ဆုံးရှုံးသွားသူ များ အနက်နိုင်ငံသားများသာမဟုတ်ဘဲအီတလီ၊ ပြင်သစ်လူမျိုးတို့လည်းပါ၀င်သည်။ အသက်ဆုံးရှုံးသွားသူ များအနက်အသက်အငယ်ဆုံးမှာ (၁၆) နှစ်အထိပါရှိကြောင်းသိရအာဏာပိုင် ကသတင်းထုတ် ပြန်ထား သည်။
ယခုကဲ့သို့ဖြစ်ပွားသွားရခြင်းအတွက် Sion ဂိုဏ်းအုပ်သာသနာအနေဖြင့်လည်းစိတ်မ ကောင်းဖြစ် ရကြောင်း၊ ကြားရသည့်သတင်းအတွက်ထိတ်လန့်သွားခဲ့ရကြောင်း၊ အသက်ဆုံးရှုံးသွားသူများ အတွက်၊ အသက်ဆုံးရှုံးသွားသူများအတွက်၀မ်းနည်းပူဆွေးနေသောမိသားစုများအတွက်၊ ထိခိုက်ဒဏ်ရာရ ရှိ သွားသူများနှင့်လည်းထပ်တူ၀မ်းနည်းစိတ်ထိခိုက်ပါကြောင်း ဇန္န၀ါရီ (၁) ရက်နေ့ကကြေညာချက်ထုတ် လာပါသည်။ လူများစွာအတွက်ပျော်ရွှင်ရမည့်ညသည်အနိဌာရုံဖြင့်ကြုံတွေ့ခဲ့ရကြောင်း၊ မီးသင့်ရာ တွင် ပါ၀င် ပေးခဲ့ကြသူများအားလုံးကိုလည်းကောင်း၊ ဆေးရုံများဆီသို့ပို့ဆောင်ရာ၌ လက်ခံကုသ ကြိုးစားပေးခဲ့ကြသော ဆေးရုံများ၊ ဆေးရုံမှလူနာတင်ကားများ၊ ကျန်းမာရေး၀န်ထမ်းများ၊ ရဲများ၊ အရပ်ဖက်အဖွဲ့နှင့်အာဏာပိုင်အ ဖွဲ့တို့အားလည်းကျေးဇူးတင်ကြောင်းကြေညာချက်၌ဖော်ပြထားသည်။ အခင်းဖြစ်ရာ၌ပါ၀င်သောသူများ၊ မိသားစု၀င်များအားလုံးသနားခြင်းနှင့်အကူအညီ များရရှိပါစေ မည့်မယ်တော့်ထံအပ်နှံပူဇော်ပေးမည်ဖြစ် ကြောင်းဖော်ပြထားသည်။
ဆွစ်ဇာလန်နိုင်ငံ၏ကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်မှလည်း အဆိုပါသတင်းဆိုးအ တွက်ကြုံ တွေ့ခံ စားဖြတ်သန်းနေရသူများနှင့်တစ်ထပ်တည်းရှိကြောင်း၊ ကယ်ဆယ်ရေး၌ပါ၀င်သူများအား လည်းကျေး ဇူးတင်ကြောင်း၊ ယခုနှယ်အဖြစ်ဆိုးနှင့်ကြုံတွေ့ရချိန်၌ ကျွန်ုပ်တို့၏ဘုရားကျောင်းများသည်အ ကူအညီ၊ နှစ်သိမ့်ခြင်းနှင့်ဆုတောင်းခြင်း၏ဌာနဖြစ်ကြောင်း ဇန္န၀ါရီ (၂) ရက်နေ့စွဲဖြင့် ဆရာတော်ကြီးအဖွဲ့ ချုပ်၏ ဥက္ကဌဆရာတော် Charles Morerod မှလက်မှတ်ရေးထိုးကကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကြေညာချက်ထဲ၌ ဇန္န၀ါရီလ (၂) ရက်နေ့၊ သောကြာညနေဒေသစံတော်ချိန် (၆) နာရီ၌သာ သနာတစ် လုံးအနေဖြင့်ဘုရားကျောင်းတိုင်းမှခေါင်းလောင်းကိုထိုး၍၀မ်းနည်းသည့်အထိမ်းအမှတ်ကိုထုတ်ဖော်ပြကြရန်၊ နိုင်ငံအတွင်းရှိအခြားအဖွဲ့အစည်းများလည်းမိမိတို့နည်းဟန်ဖြင့်၀မ်းနည်းပူဆွေးသည့်အ ကြောင်းများကိုထုတ်ဖော်ပြထားသည်။ ၄င်းတို့အတွက်ကိုယ်တော်မြတ်ဖူးမြှော်ခြင်း၊ စိတ်တီးစိပ်ခြင်း၊ တနဂ်နွေနေ့နံနက် (၁၀) နာရီအချိန်မစ္ဆားပူဇော်ပေးမည်ဖြစ်ကြောင်းဖော်ပြထားသည်။
အသက်ဆုံးရှုံးသွားကြသူများအတွက်မစ္ဆားကို ဆရာတော် Jean-Marie Lovey မှဦးဆောင် ပူဇော် မည် ဖြစ်သည်။ ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌဖြစ်သောဆရာတော် Bishop Morerod သည် လည်းမစ္ဆား ပူဇော်ခြင်း၌အတူပူဇော်ပေးမည်ဟုသိရသည်။ မစ္ဆားတရားပူဇော်ခြင်း၌ Montana ဧ၀ံဂေလိအသင်း တော်၏ခေါင်းဆောင်များ၊ ဆွီစ်စီးနော့၏ဥက္ကဌဖြစ်သော Gilles Cavin တို့လည်းတက် ရောက်မည် ဖြစ်ကြောင်းကြားသိရပါသည်။
Fr. Clement Ate

