လောင်းကစားသည်မိသားစုကိုဖျက်ဆီးသည်။

ကျားဖြန့်အရေးကမ္ဘာ့သတင်းစာမျက်နှာ၌ဟိုးလေးတကြော်ကြော်ဖြစ်နေခဲ့သည်မှာကြာပြီ။ ၄င်း၏ ဆိုး ကျိုးကိုကမ္ဘာပေါ်ရှိနိုင်ငံအတော်များများကလည်းခါးစီးခံခဲ့ကြရ၍ယခုအခါတပ်လှန့်လာကြ၊ ကိုင် တွယ် အရေးယူရန်အထိတိုးမြှင့်လုပ်ဆောင်လာစဉ်ရဟန်းမင်းကြီးမှလည်းလောင်းကစားနှင့်စပ်လျင်း၍ပွင့်လင်းစွာမိန့်ကြားလာပါသည်။

လူဦးရေထူထပ်ခြင်း၊ မိမိသားစု၏ရုန်းကန်မှုများ၊ လူမှုရေးနယ်ပယ်ကျဉ်းမြောင်းလာနေသော လူငယ် များ၊ လူကြီးများကြောင့်နွမ်းပါးချို့တဲ့မှုများကြီးထွားလာခြင်း၊ သဘာ၀ပတ်၀န်းကျင်ညစ်နွမ်းလာခြင်း၊ လူမှုရေးပြဿနာများစသောအကြောင်းတရားများသည်အီတလီနိုင်ငံ၏မြို့ပြနေပြည်သူတို့၏အကြီးမားဆုံး သောအကြပ်အတည်းဖြစ်လာနေသည်ဟုတနလ်ာနေ့ကမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည်ဤအကြောင်းအရာကို ဒေသအာဏာပိုင်အဖွဲ့အစည်းများအားဗာတီ ကန်၌ လက်ခံ တွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ ဤပြဿနာများကိုကိုင်တွယ်ဖြေရှင်းလိုပါကဦးစွာအားနည်းသူ များ၊ ဆင်းရဲသောသူများ၏အသံကိုနားထောင်ရမည်။ ထိုသို့မဟုတ်ပါကဒီမိုကရေစီဆိုသည့်အမည်နာမသည် လက်တွေ့မရှိဘဲအမည်ခံရုံသက်သက်၊ သဘောတရားမျှသာဖြစ်ပေမည်။

ဆိုးဆိုး၀ါး၀ါးကြီးထွားအားကောင်းလာနေသောလောင်းကစား

ရဟန်းမင်းကြီးအနေဖြင့်အကြောင်းအရာတစ်ခုကိုဆွဲထုတ်မိန့်ကြားလိုသည်မှာ လောင်းက စားမှုဖြစ် ပါသည်။ လောင်းကစားသည်မိသားစုကိုဖျက်ဆီးသည်။ ပျက်စီးစေသည်။ စစ်တမ်းများကောက်ခံ ချက်အရ များမကြာမီနှစ်များအတွင်း အီတလီနိုင်ငံတစ်၀ှမ်း၌လောင်းကစား၀ိုင်း များဆိုးဆိုး ၀ါး၀ါး ကြီးထွား လာခဲ့သည်ကိုတွေ့ရှိရသည်။ သာသနာ၏လူမှုရေးကူညီမှုအသင်း (ကာရီတာ့စ်) ၏တွေ့ ရှိချက် အရ လောင်း ကစားသည်လူမှုအသိုင်းအ၀ိုင်း၏အကြီးမားဆုံးပြ ဿနာတစ်ခုဖြစ်နေသည့် အကြောင်း ဖြစ်ပြီး၊ ဤလောင်းက စားမှုကြောင့်ပညာရေး၊ တွေးတောဆင်ခြင်နိုင်စွမ်းများကျဆင်းခြင်း၊ နိုင်ငံအတွင်း လူမှုရေးရာယုံကြည်မှုများ လျော့နည်းပပျောက်လာနေသည်။

အထီးကျန်ဆန်မှုနှင့်စပ်လျင်း၍နိုင်ငံသားများကြားမှန်ကန်သောလူသားဆက်ဆံရေးကို လည်းတိုး မြှင့် လုပ်ဆောင်ရန်ရဟန်းမင်းကြီးကဒေသအာဏာပိုင်များအားပန်ကြားခဲ့သည်။

(၂၀) ရာစုကအီတလီကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သော ဒွန် Primo Mazzolari အားကိုး ကား ၍လည်းရဟန်းမင်းကြီးကလမ်းညွှန်ခဲ့သည်။ အဆိုပါဘုန်းတော်ကြီးသည် ဘုန်းတော်ကြီးတစ် ပါးဖြစ် သကဲ့သို့လူမှုရေးရာ၌တက်ကြွလှုပ်ရှားသူလည်းဖြစ်သည်။ ဘုန်းတော်ကြီးသည်သူ့ခေတ်အခါကလူမှု အသိုင်းအ၀ိုင်းလိုအပ်နေသောရေမြောင်း၊ အိမ်ရာ၊ လမ်းများ၊ ရေလှောင်ကန်၊ လူသွားလမ်း များကိုသာ လုပ် ဆောင်ပေးခဲ့သည်မဟုတ်။ ဘ၀ကိုအဘယ်သို့ရှင်သန်ရမည်။ အဘယ်သို့ခံစားရမည်။ အခြားသူ များကို လည်းနိုင်သလောက်အဘယ်သို့ကူညီဖေးမရမည်။ ညီအစ်ကိုမောင်နှမကဲ့သို့ချစ်ချစ် ခင်ခင်နေ ထိုင်တတ်ရန် တို့ကိုလည်းသင်ကြားပေးခဲ့သည်။

ခရစ္စမတ်နှင့်စစ်မှန်သောအာဏာ

ရဟန်းမင်းကြီးသည်ထိုအဖွဲ့အားလက္ခံတွေ့ဆုံသောနေ့ကားဒီဇင်ဘာ (၂၉) ရက်နေ့ဖြစ် သည်။ ဒီဇင်ဘာ (၂၈) ရက်နေ့၌အမိသာသနာသည်နှစ်စဉ်ယေဇူးသခင်အတွက် ကွပ်မျက်ခံရသောအပြစ်မဲ့ ကလေး သူငယ်များ၏ပွဲနေ့ကျင်းပသည်။ ယခုနှစ်၌မူ ဒီဇင်ဘာ (၂၈) သည်တနဂ်နွေနေ့၌ကျရောက်၍သန့် ရှင်း သောအိမ်ထောင်စုပွဲနေ့ကိုသာကျင်းပခဲ့သည်။ သို့သော်ရဟန်းမင်းကြီးကအဆိုပါအပြစ်မဲ့ကလေးသူငယ် များအကြောင်းကိုလည်းထည့်သွင်းမိန့်ကြားခဲ့သည်။

မိမိတို့ကိုယ်ကိုမကာကွယ်နိုင်သေးသည့်အပြစ်မဲ့ကလေးသူငယ်များအားအစုလိုက်အပြုံ လိုက်သတ် ဖြတ်ခြင်းသည်လူမဆန်သောလုပ်ရပ်ဖြစ်သည်ကိုပြသနေသည်။ လူစိတ်ကင်းမဲ့ပြီးချစ်ခြင်းမေတ္တာ အလှ တရားကိုမသိသူဖြစ်သည်။ ချစ်ခြင်းမေတ္တာသည်လူ့အသက်၏ဂုဏ်သိက္ခာကိုထွန်းညှိပေးသည်။ အခြား တစ်ဖက်၌မူ ယေဇူးသခင်၏မွေးဖွားခြင်းသည်အာဏာအားလုံးထက်ကြီးမြင့်မြတ်သည်ကိုဖော်ပြနေ သည်။ အဘယ်ကြောင့်ဆိုသော်သူ့အားလုပ်ကြံရန်ထိုမျှအားထုတ်ခဲ့သော်လည်းမစွမ်းသာခဲ့ပေ။ ယေဇူး သခင် ၏အာဏာသည်တာ၀န်အားလုံး၊ အစေခံမှုအားလုံး၏အထက်၌ရှိသည်ဟုမိန့်ကြားခဲ့သည်။

ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3925

Leave a Reply

Your email address will not be published. Required fields are marked *