ဆယ်ကျော်သက်အရွယ် သားသမီးကို Dating နဲ့ ပတ်သက်လို့ မိဘတွေက လမ်းပြ လမ်းညွှန်ပေးရအောင်။

ကျွန်မတို့ ငယ်တုန်းဆယ်ကျော်သက်အရွယ်အချိန် ဟိုးအချိန်ကနဲ့ အခုက ခေတ်ကာလ အများကြီးပြောင်းလဲသွားပါပြီ။

            ကျွန်မတို့ ဆယ်ကျော်သက်အရွယ် သားသမီးကို မိဘတွေက အော်ဟစ်ဆူပူပြီး ဆုံးမခဲ့ကြ တာပါ။

            ဒီနေ့ခေတ်မှာတော့ မိဘအနေနဲ့ ဆယ်ကျော်သက်သားသမီးကို အော်ဟစ်ဆူပူနေလို့လဲ မထိရောက်တော့ပါဘူး။ မိဘအနေနဲ့ Dating နဲ့ ပတ်သက်တဲ့ အပြုအမူတွေ အကြောင်းအရာတွေကို အသေးစိတ်ပြောပြပေးရမှာပါ။

            အရင်ဆုံး မိမိကိုယ်မိမိ တန်ဖိုးထားနိုင်ဖို့ အကောင်းဆုံးပုံဖော်နိုင်မဲ့ နည်းတွေကို ပွင့်ပွင့် လင်းလင်း ပြောပြပြီး ပုံဖော်ပေးရမှာပါ။

            အကောင်းဆုံးကတော့ မိဘကိုယ်တိုင် Good Role Model အဖြစ် နေပြပြီး Dating နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရိုးသားမှန်ကန်တဲ့ အသုံးအနှုန်းတွေနဲ့ ပုံဖော်ပေးရမယ်။

            မိမိရဲ့ ဆယ်ကျော်သက်သားသမီးကို Date လုပ်တာကို အမိန့်ပေးဟန့်တားနေမဲ့အစား သူတို့ချစ်တဲ့သူ ချစ်သူကို အဓိပ္ပါယ်ရှိတဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်မယ်။

            မိမိချစ်တဲ့သူကို ယုံကြည်မှုတွေ ရိုးသားမှုတွေ ကြင်နာမှုတွေကို အခြေခံပြီး ကောင်းမွန်တဲ့ Healthy Connection ဆက်နွယ်မှုတွေဖြစ်အောင် တည်ဆောက်နိုင်ဖို့ လမ်းညွှန်ပေးရင် အကောင်းဆုံးပါပဲ။

            အကယ်၍ သူတို့ချစ်သူ အချင်းချင်း မပြေလည်ပဲ ကွဲကွာသွားရင် Rejection တွေဖြစ်သွားခဲ့ ရင်လည်း ဒါက ဘဝတစ်ခုလုံး ဆုံးသွားတာမဟုတ်ဘူး။ ဘဝရဲ့ တစိတ်တပိုင်းသာဖြစ်တယ်။ နောက်ကျန်တဲ့ ဆယ်ကျော်သက် ဘဝကို ကောင်းကောင်းမွန်မွန်ပြန်ရပ်တည်နိုင်တယ်ဆိုတာ သင် ပေးရပါအုံးမယ်။          

            ချစ်ခြင်းမေတ္တာဆိုတာ အတင်းအကြပ် လုပ်ယူလို့(ဝါ) ဟန့်တားလို့ ရနိုင်တဲ့ အရာမဟုတ် ပါဘူး။

            လူငယ်တစ်ယောက်ဖြစ်လာဖို့အတွက် ခွန်အားတွေ၊ အတွေးအမြင်တွေ၊ ကိုယ်ပိုင်တန်ဖိုးတွေ ထိုက်ထိုက်တန်တန်ရှိနေတယ်၊ မိမိရဲ့ ခံစားချက်တွေနဲ့ မိမိကိုယ်တိုင် ဖျက်ဆီးလိုက်လို့ မိမိမှာ တာဝန်ရှိတဲ့ လူငယ်တစ်ယောက်ဆိုတာကို ခွန်အားပေးရင်း ပြောပြပေးရမှာပါ။

            Relationship ရဲ့တစ်ဖက်မှာ ဟိုတုန်းက မိမိရဲ့တန်ဘိုးကို ပြန်သတိရ အမှတ်ရစေဖို့ အားပေး တဲ့အနေနဲ့ ကူညီပြောပြပေးရအုံးမယ်။

            ဒီတော့ မိမိရဲ့စရိုက်၊ ဂုဏ်သိက္ခာတို့ကို အလေးထားပြီး ပြန်ပြီးတည်ဆောက်ရတော့မယ်။

            စည်းဘောင်သတ်မှတ်မယ် ပြီးတော့ မိမိရဲ့ ကိုယ်ပိုင်ကြီးပွားတိုးတက်ဖို့ ရည်ရွယ်ရတော့မယ် မိမိကိုယ်မိမိ ပြန်ရိုသေမှုရှိတာက healthy relationship အတွက် တဘက်လူကို ဆွဲဆောင်မှု အပေး ဆုံးပဲဆိုတာကို မိဘက သင်ပေးရပါအုံးမယ်။

            မိမိရဲ့ ဆယ်ကျော်သက်ရွယ်သားသမီးကို အတန်းပညာ(သို့)အသက်မွေးဝမ်းကျောင်းပညာကို ပထမဦးစားပေးအဖြစ် ထားပြီး ကိုယ်ပိုင်ကြီးပွားတိုးတက်ဖို့အတွက် သင်ပေးရပါမယ်။

            ခုမှ ဆယ်ကျော်သက်ရွယ်ပဲရှိသေးတဲ့အတွက် အရွယ်ရောက်ရင် ဘဝမှာ နေရာတစ်နေရာရဖို့ ကြိုးစားဖို့ ပြောပြလမ်းညွှန်ပေးရပါမည်။

            Dating ဆိုတဲ့ နှစ်ဦးတွေ့ဆုံမှုက ဒီဆယ်ကျော်သက်အရွယ်မှာ မဖြစ်မနေ တွေ့ဆုံရမဲ့ အလုပ် တစ်ခုလို့ သတ်မှတ်ရင် မှားသွားနိုင်ပါတယ်။ ပြောပြပေးရပါ့မယ်။ ရှေ့ဆက်ရမဲ့ ခရီးရှည်ကြီးမှာ အမျိုးစုံတွေ့ဆုံရအုံးမယ်။

            မိမိကိုယ်မိမိ သက်တူရွယ်တူတွေကြားမှာ ပြန်ပြီးအာရုံစိုက်ပြီး ကြည့်လိုက်ပါ။ Pressure ဖိအားမရှိတဲ့ ခံစားချက်မျိုးနဲ့ သူငယ်ချင်းတွေကြားမှာ အတူရှိနေလိုက်ပါ။

            ဆယ်ကျော်သက်ရွယ်ဆိုတာ ဖိုမလက္ခဏာ ခံစားမှုနဲ့ဆိုင်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဆွဲဆောင်မှု မျိုးဖြစ်တဲ့အတွက် ခံစားချက်နောက်ကို လိုက်ပါသွားတတ်ပါတယ်။

            အဲ့ဒီတော့ ခံစားချက်နောက်ကို လိုက်ပါသွားတဲ့အခါမှာ မိမိက မည်သူနဲ့ dating သွားမယ်ဆို တဲ့ အတွေးတွေပျောက်ပြီး မိမိကိုယ် မည်သူက ဆွဲဆောင်နေသလဲဆိုတဲ့ အတွေးနဲ့ မိမိနဲ့ မသင့်တော် တဲ့သူနဲ့လည်း စိတ်ခံစားမှုကြောင့် Dating သွားဖြစ်ကြတယ်။

            ဒါတွေက ငယ်ရွယ်သေးတဲ့ ဆယ်ကျော်သက်တစ်ယောက်အတွက် သာမန်ဆိုပေမဲ့လို့ အရေးကြီးလှပါတယ်။

            ဘယ်သူကမှ ရေွးချယ်ပေးတာမဟုတ်ပါဘူး၊ မိမိကိုယ်တိုင်ရွေးချယ်တာပါဆိုတာကို သိထားဖို့ လိုပါတယ်။

            နောက်တစ်ခု အရေးကြီးတာက မိမိက တရားဥပဒေနဲ့ဆိုင်တဲ့ အမှန်တရားနဲ့ မိမိကို တာဝန် ယူနိုင်မှုတို့ကို ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်  မိမိက ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိနေဖို့ ပြောပြပေးထားဖူးမယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေရှိရမယ့် သဘောပေါ့နော်။

            ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်အနေနဲ့ မိဘက ပြောပြထားလို့ ကြိုတင်သိထား  ရင် ဘယ်လိုပြဿနာမျိုးပဲဖြစ်နေပါစေ။ Problem Solve လုပ်နိုင်ပြီး သူတို့ ရှေ့ဆက်ရမယ် လူငယ်ဘဝအတွက်လည်း အခုကတည်းက သင်ယူသွားနိုင်ပါတယ်ဆိုတာ တင်ပြရင်း ဒီနေ့အတွက် ရပ်နားလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *