
ရဟန်းမင်းကြီးသည်ငြိမ်းချမ်းရေးနှင့်စစ်ဒဏ်သင့်နေသောမိသားစုများအတွက်ဆုတောင်းပေး။

ယမန်နေ့ ဒီဇင်ဘာ (၂၈) ရက်နေ့သည် တနဂ်နွေနေ့ဖြစ်ပါသည်။ အဆိုပါတနဂ်နွေနေ့သည် ကက်သလစ် သာသနာတော်ကြီး၏ခရစ္စမတ်ကာလအတွင်းအရေးကြီးသည့်၀တ်ပြုခြင်းဆိုင်ရာပွဲတစ်ပွဲဖြစ်သော ‘သန့်ရှင်းသောအိမ်ထောင်စုယေဇူး၊ မာရိယာ၊ ဂျိုးဇက်’ တို့၏ပွဲနေ့လည်းဖြစ်သည်။
ထို့ကြောင့်ရဟန်းမင်းကြီးက ကမ္ဘာ့မိသားစုကြီး၏ငြိမ်းချမ်းရေးအတွက် အထူးသဖြင့်စစ်မီး သင့်ဒေသ နှင့်အကြမ်းဖက်မှုကိုခံနေရသောမိသားစုများအတွက်ဆုတောင်းပေးရန်ဘုရားဖူးများအားပန်ကြားခဲ့သည်။ ထိုအခြေအနေမျိုးနှင့်ကြုံတွေ့ဖြတ်သန်းနေရသောမိသားစုအတွင်းမှကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိကြသူများအတွက် နှင့်ကျွန်ုပ်တို့ကိုယ်တိုင် သည်လည်း နာဇ ရက်မြို့မှသန့်ရှင်းသောအိမ်ထောင်စု၏ကြား၀င်ဆုတောင်းပေးမှုကိုတောင်းခံယူကြပါစို့။
အောင်မြင်မှုနှင့်ပါ၀ါသည်ကျွန်ုပ်တို့ကိုအနိုင်မပိုင်းစေပါနှင့်။
ခရစ္စယာန်မိသားစုများအနေဖြင့်မိမိတို့ခိုလုံရှင်သန်နေသောလူမှုအသိုင်းအ၀ိုင်းအတွက် အလင်းများဖြစ် ကြသည်။ ဤသို့ဆိုရာ၌ပဋိပက္ခများဖြစ်ပွားနေသောဒေသရှိသူများအားသာဆိုလိုသည်မဟုတ်။ စစ်ဖြစ် ပွားမှုမရှိသော်လည်းအထီးကျန်ဖြစ်နေခြင်း၊ သဘောထားမတိုက်ဆိုင်မှုများကြောင့်ကွဲပြားနေကြသူ များအတွက်အလင်းဖြစ်ရမည်။ သန့်ရှင်းသောအိမ်ထောင်စုသည်ဘုရားသခင်၏ ဗျာဒိတ်တော် အလင်း ကြောင့် အီဂျစ်ပြည်သို့အချိန်မှီတိမ်းရှောင်ခြင်းဖြင့်သူငယ်တော်ယေဇူး၏အသက်ကိုကယ်နိုင်ခဲ့သည်။
သို့သော်ကမ္ဘာကြီး၌ဟေရုဒ်ကဲ့သို့သောလူစားနေရာတိုင်း၌ရှိသည်။ သူ၏အကြံအစည်ကဲ့သို့ မည်သည့် အရာကိုချနင်း၍ရယူရစေကာမူရယူရန်၀န်မလေးသူများ၊ မတရားသဖြင့်ရယူသောအာဏာသည်မ ကောင်းဟူ၍ပင်မတွေးမိသူများ၊ အရာရာကိုပိုင်ဆိုင်သည်။ ပြည့်၀နေသည်။ အုပ်ချုပ်နေသည် ဟုအပေါ် ယံမျှ ဖြင့်သာယာနေသော်လည်းအမှန်တကယ်၌မည်သည့်အရာမျှ မပိုင်ဆိုင်ဘဲသူတို့ဘ၀သည် အသံ သာကျယ်သောလင်းကွင်းနှင့်တူသည်။ အထက်ကအခြေအနေများကိုပိုင်ဆိုင်နိုင်ရန်မိသားစု၊ ဆွေမျိုး သားချင်း၊ မိတ် ဆွေ၊ မိမိ၏ဘာသာရေးယုံကြည်ချက်များကိုပင်ချနင်းစတေး လိုက်သောကြောင့် နောက် ဆုံး၌ရလိုက်သောဆိုး ကျိုးကားအထီးကျန်မှု၊ စိတ်ပျက်မှု၊ စိတ်၀မ်းကွဲမှု၊ ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ရခြင်းများသာဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့်ဤသံလျက်နှင့်တူသောလှည့်စားမှုများကိုဘ၀၌အ၀င်ခံပြီး ကျွန်ုပ်တို့၏ ခရစ်ယာန် မိသားစုများကိုလည်ညစ်ကြီးစိုးခွင့်မပေးကြနှင့်။ ကျွန်ုပ်တို့မိသားစုအားဧ၀ံဂေလိတရားတော်၏ တရား ဖြင့်တန်ဆာဆင်ကာတန်ဖိုးမြှင့်တင်ကြစို့။ မိသားစုတန်ဖိုးအားဧ၀ံဂေလိတရားဖြင့်မြှင့်တင်နိင်ရန်မှာ ဆုတောင်းခြင်း၊ စက္ကရာမင်တူးများကိုခံယူခြင်း၊ အထူးသဖြင့်အာပတ်ဖြေခြင်း စက္ကရာမင်တူး ကိုမကြာ ခဏခံ ယူခြင်းအားဖြင့်လည်းကောင်း၊ အစွန်းမရောက်၊ ဘက်မလိုက်သောမေတ္တာ တရားစိတ် ကိုမွေး မြူခြင်းအား ဖြင့်တည်ဆောက်ယူရမည်။ ဆွေးနွေးညှိနှိုင်းခြင်း၊ သစ္စာရှိခြင်း၊ ရိုးရှင်းသော်လည်းလက် တွေ့ကျသောစကား၊ အပြုအမှုများဖြင့်တည်ဆောက်ရမည်။ ခရစ်ယာန်မိသားစုသည် ‘မျှော်လင့်ခြင်း ၏အလင်းတန်း’ ဖြစ်ကြရန်၊ ‘ချစ်ခြင်းကိုသင်ကြားပေးသောကျောင်း၊ ဘုရားသခင်အသုံးပြု သောကယ် တင်ခြင်းကိရိယာတန်ဆာ’ ဖြစ်ကြ ရန်ရဟန်းမင်းကြီးကတိုက်တွန်းမိန့်ကြားခဲ့သည်။
သန့်ရှင်းသောအိမ်ထောင်စုဖြစ်လာခြင်းနှင့်၄င်း၏အမှုတော်
ရဟန်းမင်းကြီးသည် သန့်ရှင်းသောအိမ်ထောင်စုတနဂ်နွေနေ့၌ဖတ်ရူရသောသံမာတေဦး၏ ဧ၀ံဂေလိ ကျမ်းစာအပေါ်အခြေခံ၍ထောက်ရူထားခြင်းဖြစ်သည်။ ကျမ်းလာအကြောင်းအရာ၌ကျမ်းရေးသူက ဘုရားသခင်၏ကောင်းကင်တမန်တော်သည်ဂျိုးဇက်အားဘုရင်ဟေရုဒ်သည်သူငယ်တော်ယေဇူးအားသတ်ရန်ကြံစည်နေ၍သူငယ်တော်နှင့်မိခင်အားခေါ်၍အီဂျစ်ပြည်သို့ထွက်ပြေးတိမ်းရှောင်ရန်ဗျာဒိတ်ပေးခဲ့သည်။ ဟေရုဒ်သည်သွေးဆာနေသောရက်စက်ယုတ်မာသူဖြစ်သည်။ သူသည်အာဏာရူးသော ကြောင့် အဘယ်သူမျှသူ့အားမချဉ်းကပ်နိုင်၊ အကြံမပေးနိုင်။ သူအမိန့်ပေးသမျှကိုသာလုပ်ဆောင်နေရ သော ကြောင့်သူသည်အထီး ကျန်ခံစားနေသည်။ ကြောက်ရွံ့စိုးရိမ်နေသည်။
အမှန်မှာဘုရားသခင်သည်သူ၏နိုင်ငံတော်အတွင်းလူ့သမိုင်း၌မဖြစ်ပွားဖူးသောအံ့ဖွယ်ရာကို ပြုနေ သည်။ ထိုအံ့ဖွယ်ရာသည်လူသမိုင်းအဆက်ဆက်ဘုရားသခင်ရွေးကောက်သောရှေးပုဂ္ဂိုလ်မြတ်များ၊ ပရောဖက်များကြိုတင်ဟောထားခဲ့သည့်ကယ်တင်ခြင်းကတိတော်ပြည့်စုံစေမည့်အံ့ဖွယ်ရာဖြစ်သည်။ သို့ သော်ထိုအရာများကိုသူမမြင်နိုင်။ အဘယ်ကြောင့်ဆိုသော်သူ၏ရာဇပလ္လင်၊ ချမ်းသားကြွယ်၀မှု၊ အခွင့်အရေး များလက်လွတ်ဆုံးရှုံးရမည့်ကြောက်စိတ်၊ စိုးရိမ်များကားသူ့အားဖုံးပိတ်ထားသည်။ ထိုအခြေအနေများအား လုံးသည်သူ၏စိတ်နှလုံးကိုခိုင်မာခက်ထန်စေသည်။ ထို့ကြောင့်လည်းသန့်ရှင်း သောအိမ်ထောင်စု၏ရှိနေခြင်း နှင့်အမှုတော်ကိုပို၍ပေါ်လွှင်စေသည်။
လောဘ၊ မောဟနှင့်ဖုံးလွှမ်းနေသောကမ္ဘာကြီးသည်တစ်ခုတည်းသောဖြစ်နိုင်ချေအရှိဆုံး ကယ်တင် ခြင်းမွေးဖွားရာနေရာ၊ လှောင်းစက်ရာပုခက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် မည် သည့်အဖိုးအခမျှမပေးဘဲအဖိုးအခမဲ့စွာလူသားတို့ကိုပေးခဲ့သည်။
ဂျိုးဇက်သည်ဤမျှခက်ခဲသောအမှုတော်ကိုမိမိအလိုကိုငြင်းလျှက်ဘုရား၏အလိုတော်ကိုနာခံခဲ့သည်မှာဘုရားသခင်ကိုအဘယ်မျှချစ်ကြောင်း၊ ယုံကြည်ကြောင်းပြသနေသည်။ ထို့ကြောင့်လည်း သူ၏ကာ ကွယ် စောင့်ရှောက်မှုအောက်၌အလင်းတရားကို သယ်ဆောင်ထွန်းလင်းပေးမည့်ဘုရားသခင်၏ သား တော်ကိုမွေးဖွားခွင့်၊ ကြီးထွားခွင့်၊ ခွန်အားတိုးပွားခွင့်ယုံကြည်စွာထိုးအပ်ခဲ့သည်။
ရဟန်းမင်းကြီးသည်အမိမယ်တော်၊ စိန့်ဂျိုးဇက်တို့၏ထပ်ဆင့်ဆုတောင်းပေးခြင်းအားဖြင့် ကမ္ဘာပေါ ရှိမိသားစုတိုင်းအားကောင်းချီးပေးကာကွယ်ရန်၊ သို့မှသာခရစ္စတူးသခင်၏စံပြအသက်တာကို လိုက်ကြ မည်ဖြစ်ကြောင်း၊ သူတို့သည်ခရစ္စတူးသခင်၏တည်ရှိနေခြင်းနှင့်အဆုံးမရှိသောမေတ္တာကိုသက် သေပြ မည့်သူများဖြစ်ကြစေရန်ဘုရားသခင်ထံဆုတောင်းပေးခဲ့သည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

