ခရစ္စမတ်ကာလ၌နိုင်ငံတကာသို့ထုတ်လွှင့်သောရဟန်းမင်းကြီး၏ဩ၀ါဒ။

ရဟန်းမင်းကြီးလီယို (၁၄) သည် ခရစ္စမတ်အချိန်ကာလ၌‌ရောမမြို့သူမြို့သားများနှင့်ကမ္ဘာ ကြီးသို့ဩ ၀ါဒထုတ်လွှင့်မိန့်ကြားခဲ့သည်။ ထိုသို့ထုတ်လွှင့်ရာ၌ သူရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်း ဆောင် မှစ၍စဉ်ဆက်မပြတ်မိန့်ကြားလာခဲ့သောငြိမ်းချမ်း‌ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ တာ၀န်ယူမှု၊ တာ၀န်ခံ မှုနှင့် အကြမ်းဖက်မှုနှင့်တည်ငြိမ်မှုကင်းမဲ့ဒေသအတွင်းရှိအပြစ်မဲ့ပြည်သူများအတွက်လည်းထည့်သွင်း၍မိန့်ကြားတောင်းဆိုထားပြန်သည်။ 

ငြိမ်းချမ်းရေးအတွက်ဆုတောင်း

 ရဟန်းမင်းကြီးသည် ‘လက်ဘနွန်၊ ပါလက်စတိုင်း၊ အီစ္စရေး နှင့်ဆီးရီးယားနိုင်ငံတို့၏တရား မျှတခြင်း၊ ငြိမ်းချမ်းရေး’ အတွက်ဆုတောင်းပေးခဲ့သည်။ ငြိမ်းချမ်းရေးကတိသည်ဖြောင့်မတ်ခြင်း၌အမြစ် တွယ် ပြီး ပြန်လည်ဆန်းသစ်ရန်လိုသည်။ ယူကရိန်းအတွက်ကိုမူလက်နက်များစွန့်ကြရန်ထုတ်ဖော်၍ထူး ခြားစွာတောင်းဆိုခဲ့ပြီး၊ ဤဖြစ်စဉ်၌ပါ၀င်ပတ်သက်ကြသောနိုင်ငံ တကာအဖွဲ့အစည်းများ အားလုံး သတ္တိ ရှိရှိ ဖြင့်ရိုးသားစွာ၊ တည့်မတ်စွာ၊ လေးစားမှုရှိစွာဖြင့်တွေ့ဆုံဆွေးနွေးကြရန်တောင်းဆိုခဲ့သည်။

 ထို့အတူဆူဒန်၊ တောင်ဆူဒန်၊ မာလီ၊ ဘူကီနာဖားဆို၊ ကွန်ဂိုသမ္မတနိုင်ငံနှင့်အခြားသောမတ ရားသဖြင့် အကြမ်းဖက်ခံနေရ၊ နိုင်ငံရေးတည်ငြိမ်မှုမရှိ၊ ဘာသာရေးညှဉ်းပမ်းနှိပ်စက်မှုနှင့်အစွန်းရောက် သောအဖွဲ့ အစည်းတို့၏‌ဘေးရန်ကိုကြောက်ရွံ့စိုးရိမ်နေကြရသောဒေသရှိမေ့လျော့ခံအပြစ်မဲ့ပြည်သူများအတွက်လည်းထုတ်ဖော်ပြောဆိုတောင်းခံခဲ့သည်။

 ရဟန်းမင်းကြီးသည်ဟေတီနိုင်ငံ၌ဖြစ်ပွားနေသောမကြမ်းဖက်မှုများလည်းငြိမ်းချမ်းရေးနှင့် ရင်ကြား စေ့ရေးလမ်းကြောင်းကိုလည်းတိုးတက်လာအောင်လုပ်ဆောင်ကြရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက်လည်းထုတ်ဖော်တောင်းဆိုပြီး၊ နိုင်ငံသည်ရင်ကြားစေ့ ရေးနှင့်မျှော်လင့်ခြင်းလမ်းကြောင်း ဆီသို့ ဦးဆောင်သွားနိုင်စေရန်၊ အထူးသဖြင့်လူငယ်မျိုးဆက်များအတွက် အနာဂါတ်ဆီသို့ဦးဆောင် သွားနိုင် ရန်၊ လာတင်းအမေရိကားဒေသနှင့်စပ်လျဉ်း၍ နိုင်ငံရေး၌တာ၀န်ရှိသူများအားဘုံကောင်းကျိုးအ တွက် တွေ့ဆုံဆွေးနွေးအကန့်ကိုလည်းနေရာပေးလုပ်ဆောင်ရန်၊ အတွေးအခေါ်မျှသာပေးပြီးအုပ်စုကွဲအောင် ဖန်တီးခြင်းကိုရှောင်ကြရန်၊

 ရဟန်းမင်းကြီးသည်ရှေးယခင်ကအိမ်နီးချင်းကောင်းဖြစ်ခဲ့ကြသောထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံတို့ ကြားမိတ်ပျက်နေခြင်းကိုပြန်လည်ပေါင်းစည်းနိုင်ရန်၊ အရှေ့တောင်အာရှနှင့်မကြာမီကသဘာ၀ ဘေး ဒုက္ခကိုဆိုး၀ါးစွာခံစားခဲ့ရသောကမ်းရိုးတန်းဒေသတစ်လျှောက်လုံးအတွက်လည်းမမေ့မလျော့ထည့် သွင်းမိန့် ကြားထားပြီး၊ ဒုက္ခရောက်နေသူများအားလည်းထိ‌ရောက်သော အကူအညီများကိုပေးအပ် ကြရန်ကို လည်းမိန့်ကြားခဲ့ပါသည်။

ခရစ္စမတ်၏အနက်အဓိပ္ပါယ်

 ကမ္ဘာတစ်၀ှမ်း၌ဖြစ်ပွားနေသောပဋိပက္ခများကြောင့်ရဟန်းမင်းကြီးအထပ်ထပ်အကြိမ်ကြိမ် တောင်း ဆိုခဲ့သောငြိမ်းချမ်းရေးသည်နောက်ဆုတ်သွားဟန်ရှိသော်လည်း ရဟန်းမင်းကြီးက ‘ယနေ့စစ်မှန် သော ငြိမ်းချမ်းရေးသည်ကောင်းကင်မှကျွန်ုပ်တို့ဆီသို့ဆင်းကြွလာပြီ’ ဟုခရစ္စမတ်၏အနက်ကိုမိန့်ကြားခဲ့ သည်။

 သူငယ်တော်ယေဇူး၏မွေးနေ့နှင့်စပ်လျင်း၍ တည်းခိုခန်း၌ယေဇူးသခင်အတွက်နေရာမရှိ တော့နွား တင်းကုပ်၌မွေးဖွားခြင်းခံခဲ့သည်။ သူ့အားဖြင့်အရာရာဖန်ဆင်းခဲ့၊ သူသည်ဘုရားသခင်၏သားတော် ဖြစ်သော်လည်းသူ့အတွက်လောက၌နေရာမရှိခဲ့ပေ။ ချစ်ခြင်း၌ခရစ္စတူးသခင်သည်ဆင်းရဲနွမ်းပါးခြင်း၊ ငြင်း ပယ်ခံရခြင်း၊ အပယ်ခံများနှင့်မတူမတန်ဆက်ဆံခံရသူများနှင့်ထပ်တူအဖြစ်ခံယူထားသည်။

 ယေဇူးသခင်၏မွေးဖွားခြင်း၌ဘုရားသခင်၏သားတော်အဘယ်သို့ရှင်သန်ရပ်တည်သွားမည့် ဆုံးဖြတ် ချက်ကိုလစ်ဟဖော်ပြနေပြီဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကားကျွန်ုပ်တို့အားအပြစ်၀န်ထုပ်၌ယှက်ကန် မနေရအောင်သူကိုယ်တိုင်၀င်ထမ်းခြင်းဖြစ်သည်။ ထို့အတူလူသားတို့၏တာ၀န်သည် ငြိမ်းချမ်းရေး ကိုကာ ကွယ်ရန်လည်းပါသည်။ စိန့်ဩဂုတ်စတင်းကိုကိုးကား၍ ‘ကျွန်ုပ်တို့မပါဘဲ ဖန်ဆင်းခဲ့ သောဘုရား သခင်သည် ကျွန်ုပ်တို့၏အားထုတ်မှုမပါဘဲကယ်တင်မည်ဖြစ်ဟုတ်။ ထိုပါ၀င်မှုသည်ငြိမ်းချမ်းရေး လမ်းစဉ်ပင်ဖြစ်သည်’ ဟုမိန့်ကြားခဲ့သည်။    

ခရစ္စတူးသခင်သည်ငြိမ်းချမ်းရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်သူသည်လူသားကို အပြစ်မှလွှတ် မြောက် စေခဲ့သည်။ ခရစ္စတူးသခင်သည်ငြိမ်းချမ်းရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော လူသားထု ကိုအပြစ်မှ လွှတ်မြောက်စေခဲ့သည်။ ဤနည်းအားဖြင့်ကျွန်ုပ်တို့အားပြည်တွင်း၊ ပြည်ပပဋိ ပက္ခဖြစ် စေသည့်အခြေအနေ အားလုံးမှလွတ်မြောက်အောင်လမ်းဖောက်လျှောက်ပြခဲ့သည်။ နှလုံးမရှိကခွင့် လွှတ်ရန်မဖြစ်နိုင်။ ခွင့်မလွှတ် နိုင်ကငြိမ်းချမ်းရေးကိုတည်ဆောက်သောလူသားများမဖြစ်နိုင်ပေ။

 ယေဇူးသခင်သည်လူ့အဖြစ်ကိုခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏ကျိုးပဲ့လွယ်သည့်အခြေအနေ ကိုသူကိုယ် တိုင်ထမ်းခဲ့သည်။ သူသည်ယနေ့ကမ္ဘာ့ဒေသအသီးသီး၌ဒုက္ခရောက်နေကြသောဂါဇာဒေသမှ ပြည်သူ များ၊ ယီမင်ပြည်သူများ၊ ဒုက္ခသည်များနှင့်ရွေ့ပြောင်းဒုက္ခသည်များ၊ အလုပ်လက်မဲ့ဖြစ်နေသူများ၊ လုပ်အားအမြတ်ထုတ်ခံရသောလုပ်သားများ၊ လူ့ဂိုဏ်သိက္ခာမဲ့သောအခြေအနေဆိုး မျိုး၌နေ ရသော အကျဉ်း သားများနှင့်ထပ်တူပြုထားသည်။ ထို့ကြောင့် ဤသို့သောအခြေအနေဆိုးများနှင့်ကြုံတွေ့၊ ခံစား၊ ရှင်သန် ဖြတ်သန်းနေရသောကမ္ဘာသူကမ္ဘာသားများသည်မိမိတို့နှင့်မဆိုင်ဟုမသိ၊ မကြား၊ မမြင်ယောင် ဆောင်၍နေ နေကြသောကမ္ဘာကြီးအားရဟန်းမင်းကြီး ဘုရားသခင်သည်ကျွန်ုပ်တို့၏ဒုက္ခအဖြစ် ဆိုးနှင့်စပ်လျင်း၍သူနှင့်မဆိုဟုဆိုကာမသိ၊ မမြင်၊ မကြားသကဲ့သို့မနေခဲ့ကြောင်းမိန့်ကြားခဲ့သည်။

အစဉ်ဖွင့်ထားသောတံခါး

 ဂျူဘီလီနှစ်သည်မကြာမီပိတ်ရတော့မည်။ သန့်ရှင်းသောဂျူဗလီနှစ်ကိုလည်းပြန်လည်ပိတ် ရန်ပြင်ဆင် နေပြီ။ ရဟန်းမင်းကြီးကနောက်ဆုံးမျှော်လင့်ချက်သတင်းစကားကိုပါးလိုက်သည်။ ‘ကျွန်ုပ်တို့၏ မျှော် လင့်ချက်ဖြစ်သောခရစ္စတူးသခင်သည် ကျွန်ုပ်တို့နှင့်အတူအစဉ်ရှိနေမည်’ ဟုဖြစ်ပါသည်။ ခရစ္စတူးသ ခင်သည် ‘အစဉ်ဖွင့်လှစ်ထားသောတံခါးဖြစ်သည်။ သူ၏ကြွလာခြင်းမှာစီရင်ရန်မဟုတ်။ ကယ်တင် ရန်ဖြစ် သည်’ ဟုဖြစ်ပါသည်။        

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *