

အဖွဲ့အစည်းနှင့်လုပ်ဆောင်ခြင်းဖြင့်ရရှိနိုင်သောစံတန်ဖိုးများကို ခရစ္စမတ်လက်ဆောင်အဖြစ်
ပေးခြင်း။
အရှေ့ပိုင်းရှမ်းပြည်၊ ကျိုင်းတုံကက်သလစ်သာသနာ အလွန်သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံး တော် ဗဟိုဘုရားကျောင်းဝင်း၌ ဆရာတော်ဂျွန်စောယောဟန်၏လမ်းညွှန်မှုဖြင့် ကျောင်းထိုင် ဘုန်း တော်ြကီး ဖာသာရ်စတီးဗင်း အားနိုဉီးဆောင်ကာ ၂၀၂၅ ဒီဇင်ဘာ(၂၀)နှင့်(၂၁)ရက်နေ့ များတွင် သူငယ်တော်အိမ်ဆောက်ပြိုင်ပွဲနှင့် မျှော်လင့်ခြင်းဂျူဘီလီသီချင်း ဘင်ခရာတီးပြိုင်ခြင်းတို့ဖြင့် မွေးဖွား လာမည့်သူငယ်တော်ကို ကြိုဆိုခြင်းပွဲကို ကျင်းပခဲ့ကြပါသည်။
ထိုပြိုင်ပွဲတွင်မြို့ပေါ်ရှိ ကျောင်းပေါင်းစုံနှင့် အနီးရှိသာသနာအုပ်စုဝင်များအဖွဲ့(၇)ဖွဲ့မှပါဝင် ယှဉ်ပြိုင်ခဲ့ ကြပါသည်။ ပြိုင်ပွဲကို နံနက်(၉-၁၂)နာရီထိပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မွန်ဆီညော်စတီးဗင်း အားချူ ဦးဆောင်သောအဖွဲ့မှ အမှတ် ပေးဒိုင်လူကြီးများ အဖြစ်ဆောင်ရွှက်ခဲ့ကြပါသည်။
ဆရာတော်ကြီးဂျွန်စောယောဟန်မှ ပြိုင်ပွဲ အဖွင့်အမှာစကား ပြောကြားရာမှာပြိုင်ပွဲတွင် ပါဝင်ကြ သောလူကြီး လူငယ် ကလေး များအားလုံးတို့သည် မိမိတို့၏အရည်အချင်းများကိုထုတ်ဖော်ခွင့်ရရှိခြင်း၊ အများနှင့်ကိုက်ညီ အောင် ဆောင်ရွှက်တတ်ခြင်း၊ သည်းခံခြင်း၊ ဦးဆောင်သူ၏အမိန့်ကိုနာခံတတ်ခြင်း၊တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း စသည့်အတွေ့အကြုံများကိုရရှိမည့်အပြင် အဖွဲ့အစည်းနှင့်လုပ်ဆောင် မှုမှရသော အကျိုး ရလဒ်များကို အမြဲတမ်းတန်ဖိုးထားပြီးနောက် စုစုစည်းစည်းနှင့်နေထိုင်တတ်မှု့ နာခံတတ်မှု တစ်ဦးနှင့်တစ်ဦးနားလည်သည်းခံတတ်မှုစသည့် စံတန်ဖိုးများကို မိမိ၏ဘဝတစ် လျှောက် လုံးတွင်ပါဝင် သွားအောင် ပြုလုပ်နေထိုင်ကျင့်ကြံကြဖို့အားပေးတိုက်တွန်းခဲ့ပြီး သားသမီးများအား လုံးကိုငြိမ်ချမ်းမှု အပေါင်းနှင့် ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်း ကောင်းကြီးပေးခဲ့ပါသည်။
သူငယ်တော်အိမ်ဆောက်ပြိုင်ပွဲတွင် စိန်ထရေးဇာကျောင်းနှင့်မြို့သစ်ဘာသာသူများမှ ပထမ၊ စိန်ဂျိုး ဇက်သာသနာအုပ်စုမှ ဒုတိယနှင့် ရဟန်းလောင်းကျောင်းသားများမှ တတိယဆွတ်ခူးရရှိကာ ဘင်ခရာတီးမှုတ် ပြိုင်ဆိုင်မှုတွင် စိန်လွီစ်ကျောင်းသားများမှ ပထမ၊ စိန်ပီတာသာသနာအုပ်စုမှ ဒုတိယ နှင့် စိန်ဂျိုးဇက် သာသနာအုပ်စုမှ တတိယ အသီးသီးရရှိသွားပါသည်။ ညပိုင်းတွင်လည်း အကပဒေသာ များဖြင့် ဖျော်ဖြေ တင်ဆက်ပြီး ဒီဇင်ဘာ(၂၁)ရက်ညတွင် ဆုလက်ဆောင်များကို ချီးမြှင့်ခြင်းဖြင့် မွေးဖွားလာမည့် သူငယ်တော်လေးအား ရွှင်လန်းဝမ်းမြှောက်စွာ ကြိုဆိုခဲ့ကြပါသည်။
Diocese of Keng Tung Celebrates Pre-Christmas Festivities with Emphasis on
Unity and Service
Under the guidance of His Excellency Bishop John Saw Yaw Han of Keng Tung
Diocese, Eastern Shan State, hosted a vibrant pre-Christmas celebration on December
20–21, 2025, at the Immaculate Heart of Mary Cathedral.
The event, titled "Giving the Values of Teamwork as a Christmas Gift," was
organized by Parish Priest Father Stephen Ah No. The festivities aimed to welcome the
Nativity of Jesus through communal activities, including a Nativity Crib-building
competition and a Marching Band competition featuring the "Jubilee of Hope" hymns.
Fostering Community Values
A total of seven teams, representing local schools and nearby parish pastoral groups,
participated in the morning sessions. The panel of judges was chaired by Monsignor
Stephen Ah Chu.
In his inaugural address, Bishop John Saw Yaw Han emphasized that the event was
more than a mere competition. He highlighted that the gathering served as a platform
for children, youth, and adults to demonstrate their talents while cultivating essential life
skills.
"Beyond showcasing your abilities, these activities teach us the importance of
coordination, patience, and the strength found in unity the Bishop stated. I urge you to
carry these values—solidarity, obedience, and mutual understanding—throughout your
lives as a testament to the benefits of working together for a common goal
The Bishop concluded the opening ceremony with a special blessing for peace upon all
attendees and their families.
Competition Highlights
The competitions saw spirited participation from across the diocese. The final rankings
were announced as follows:
Nativity Crib-Building Competition
• Winner: St. Theresa School & Myo Thit Parishioners
• Runner-up: St. Joseph Parish Group
• Third Place: St. Aloysius Minor Seminary Students
Marching Band Competition
• Winner: St. Louis Students
• Runner-up: St. Peter Parish Group
• Third Place: St. Joseph Parish Group
A Joyful Conclusion
The two-day celebration featured evening entertainment with diverse cultural dance
performances. The event culminated on the night of December 21 with an awards
ceremony. The diocese described the gathering as a joyful spiritual preparation for the
birth of Christ, centered on the theme of communal harmony.
News- By Sr. Su Su Hlaing
Photo-Diocese of Keng Tung (OSC)
Website: rvamyanmar.org

