စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း (၇၅) ပြည့် စိန်ရတူဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ၇၅လမ်း၊ ၂၈နှင့်၂၉လမ်းကြားရှိ စိန့်ဖရန်စစ်သာသနာစီရင်စု၊ စိန့်ဖရန်စစ်ဇေးဗီးယား ဘုရား ကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဘီလီပွဲမစ္ဆားတရာတော်ကို (၂၀.၁၂.၂၀၂၅) စနေနေ့နံနက် ၈းဝဝ အချိန်၌ Fr. John Aye Kyaw မှ ဦးဆောင်ပူဇော်ပေးခဲပြီး ဩဝါဒ တရားကို မွန်ဆီညှော် Fr. Peter Sein Hlaing Oo မှမြွက်ကြားခဲ့ပါသည်။

မစ္ဆားတရားမစမှီ စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း၏ သမိုင်းမှတ်တမ်းတင် ကမ္ဗည်းကျောက်စာ တိုင်ကို မွန်ဆီညှော် Fr. Peter Sein Hlaing Oo ဦးဆောင်ပြီး ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ဘာသာ ဝင်များနဲ့အတူ ဖဲကြိုးဖြတ်ကောင်းကြီးပေးဖွင့်လှစ်ပေးခဲ့ပါသည်။

စိန့်ဖရန်စစ်ဇေူးဗီးယားဘုရာကျောင်းတော်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ဧပြီလ ၃ရက် ၁၉၄၂ခုနှစ် သောကြာနေ့ကြီးတွင် ဂျပန်ဗုံးဒဏ်ကြောင့် မူလဘုရားရှိခိုးကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်း၊ သီလရှင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပါသည်။

ဤဘုရားကျောင်းတော်ကြီးကို အသစ်ပြန်လည်တည်ဆောက်ခဲ့သော Fr.SEBASTIAN သည် ၁၉၄၆ နိုဝင်ဘာလ ၁၁ရက်နေ့တွင် ချမ်းသာရွာ၌ ရဟန်းသိက္ခာခံယူခဲ့ပြီး စိန့်ဖရန်စစ်ဇေးဗီးယားကျောင်းထိုင် ဖြစ်လာခဲ့သည်။ စစ်ကြီးပြီးဆုံး၍ ၁၉၄၇ တွင်မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြသည့် ဗြိတိသျှဘုရင်လေတပ် ၏တပ်သားများထံမှ လက်ခံရရှိသော အလှူငွေများကို မတည်လျက် စိန့်ဇေးဗီးယားဘုရားကျောင်း ဆောင်အသစ်ကို ၁၉၄၉ တွင်လက်ရှိနေရာ၌ စတင်ဆောက်လုပ်ခဲ့ရာ ၁၉၅၀ အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည်။

၁၉၅၀ ဒီဇင်ဘာလ ၃ရက်နေ့ ကောင်းကြီးပေးဖွင့်လှစ်ခဲ့သည်။ ယခုတွေ့မြင်နေရသော ဘုရားကျောင်း သည် (၇၅) နှစ်အတွင်း ပြင်ဆင်ပြုပြင် မွမ်းမံမှုများကြောင့် မူလပုံစံကို မတွေ့ရတော့ချေ။ သို့သော် ပင်မ အဆောက်အဦးသည် သဘာဝဘေးဒဏ်အမျိုးမျိုး အထူးသဖြင့် ၂၀၂၅ခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ် ခဲ့သည့် ငလျင်ဒဏ်ကို ကြံကြံခံရင်း ၇၅နှစ်ဂျူဘီလီပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မစ္ဆားတရား၌ မွန်ဆီညှော် Fr. Petet Sein Hlaing Oo မိန့်ကြားသည်မှာ သာသနာပြုလုပ်ငန်းတွေမှာ

“ပညာရှင်မဟုတ်သော်လည်း ပါရမီနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်များဖြစ်လို့ရှိရင် ဘုရာသခင်ရဲ့ဘုန်းဂုဏ်တော် ကိုဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒီနေ့စိန့်ဖရန်စစ်ဘုရားကျောင်းတော်ကြီးဟာ အားလုံးကိုကြိုဆိုလက် ခံတဲ့ကျောင်းတော်ကြီးဖြစ်တယ်။

ကျွန်ုပ်တို့အားလုံးသည် ယုံကြည်သူတို့ရဲ့အစုအဝေးဖြစ်နေပါပြီ ဒီအစုအဝေးထဲမှာ ကျွန်ုပ်တို့သည် စည်း လုံးညီညွတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းတို့ကို ကျွန်ုပ်တို့ လက်တွေ့ကြိုးစားကြရမှာဖြစ်ပါတယ်။ ဂျူ ဘီလီရဲ့အနှစ်သာရဖြစ်တဲ့ ဘုရားသခင်နဲ့၊ မိမိနီးစပ်သောသူနဲ့၊ပတ်ဝန်းကျင်နဲ့ ပြန်လည်ကျေအေး သင့် မြတ်ခြင်းကိုကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝအသက်တာမှာ လက်တွေ့ကျင့်ကြံကြိုးစားအားထုတ်ကြပါစို့။” ဟုမြွက်ကြားခဲ့ပါသည်။

ဂျူဘီလီပွဲကျင်းပရခြင်းနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Alphonse Aung Ko Latt မှလည်း

ဒီလို(၇၅) နှစ်ဆိုတဲ့ဂျူဘီလီပွဲကို ကျင်းပခွင့်ရတာဘုရားရှင်ရဲ့ကျေးဇူးတော်ဖြစ်တယ်။ဘုရားသခင်ကို ချီးမွမ်းခြင်းဖြစ်တတယ်။ ဒီကျေးဇူးတော် တွေကို ကျေးဇူးတင်ရင်း ဒီဘုရားကျောင်းတော်ကြီးကို ၇၅နှစ် ဂျူဘီလီဖြစ်လာဖို့ စတင်သာသနာပြု ဦးဆောင်ခဲ့သော ဘုန်းတော်ကြီးများ၊ သီလရှင်များ သာသနာ အမှူဆောင်များ တစ်ချို့ကတော့ ကွယ်လွန်ပြီးပေါ့နော သူတို့တွေကိုလည်း အောက်မေ့သတိရ ပြီးအတူ တကွ ဘုရားရှင်ထံကျေးဇူးတင်ဖို့ရန်အတွက် ဒီဂျူဘီလိုကိုကျင်းပရ ခြင်းဖြစ်ပါတယ်

ဒီပွဲတော်သို့ မြို့ပေါ်မှာရှိတဲ့ ဘာသာဝင်များနှင့် ဇော်ဂျီ၊ မြောက်ကိုင်း၊ ချမ်းသာကုန်း နှင့် နီးစပ်ရာဒေသ များမှ ဘာသာဝင်တွေပါဝင်ခဲ့သည်။ အားလုံးတော့ မလာနိုင်ပေမဲ့ဒီရပ်ဝေး၊ရပ်နီး များမှဘာသာဝင်များ စုစုပေါင်း (၄၀၀) ခန့်ဒီဂျူဘီလီမစ္ဆားတရား၌ ပါဝင်ခဲ့ပါသည် ဟု ပြောသည်။

Augustine အောင်သက်ဦး( ဘာသာဝင် စိန့်ဇေးဗီးယား)

ခုလို(၇၅) နှစ်ပြည့် ဂျူဘီလီမျာ ပါဝင်ခွင့်ရလို့အရမ်းပျော်ပါတယ်။ ပြီးတော့ ဒီကျောင်းရဲ့သမိုင်းကြောင်း တွေကိုလည်း ဘုန်းဘုန်းက ဩဝါဒမှာပြောပြတော့ ကိုယ့်ကျောင်းရဲ့သမိုင်းကို သိရလို့လည်းပျော်တယ်။ ဒီလိုဖြစ်လားအောင်စတင်ခဲ့တဲ့ ဘုန်းတော်ကြီးများကိုကျေးဇူးတင်တယ် ဂုဏ်လည်းယူတယ်။

ဂျူဘီလီမစ္ဆားတရားအပြီးတွင် ဂျူဘီလီကိတ်ခွဲခြင်း၊ ကြွရောက်လာသော ဘုန်းတော်ကြီးများအား ဂျူဘီလီအထိမ်းအမှတ်လက်ဆောင်များပေးခြင်းများကိုဆက်လက်ကျင်းပခဲ့ပါသည်။

Photo& News by RVA Myanmar

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#LocalNews#Archdioceseofmandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *