ခရစ္စမတ်ကာလတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပါ။

ပုပ်ရဟန်းမင်းကြီး လီယို (Leo) ၁၄ သည် Castel Gandolfo ရှိ ကျောင်းခရစ္စမတ်ဂီတဖျော်ဖြေပွဲ၌ ကလေး ငယ်များနှင့်အတူ ပူးပေါင်းပါဝင်ပြီး ခရစ္စမတ်ကာလ၏ မေတ္တာလက်ဆောင်ကို လူတိုင်းထံ ပေးပို့ရန် တက်ရောက်လာသူများအား ဖိတ်ခေါ်ခဲ့သည်။

Castel Gandolfo ရှိ ပုပ်ရဟန်းမင်းကြီး ပေါလ် (Paul) ၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဖျော် ဖြေသော ၁၁ ကြိမ်မြောက် ခရစ္စမတ်ဖျော်ဖြေပွဲ ‘InCanto’ သည် အထူးလာရောက်လည်ပတ်မှုတစ်ခု ဖြစ် ခဲ့သည်။ ယနေ့မွန်းလွဲပိုင်းတွင် တက်ရောက်လာသူများထဲ၌ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ပါဝင်ခဲ့သည်။ အင်္ဂါနေ့များတွင် ပုံမှန်တည်းခိုလေ့ရှိသော အနီးရှိ ဗီလာ ဘာဘာရီနီ (Villa Barberini) မှ ထွက်ခွာပြီး နောက် ပုပ်ရဟန်းမင်းကြီးသည် ကျောင်းသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် အားကစားခန်းမ၌ ပြုလုပ် သော ဂီတဖျော်ဖြေပွဲအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုများနှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲသည် ကလေးငယ်များအတွက် လူတိုင်းအား မင်္ဂလာရှိသော ခရစ္စမတ်ဖြစ်ပါစေ ကြောင်း ဆုတောင်းပေးရန် အခွင့်အရေးတစ်ခုဖြစ်ပြီး စစ်မှန်သော ကြွယ်ဝမှုသည် မိမိရရှိသောအရာဖြင့် တိုင်းတာခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်အတွင်း၌နှင့် အခြားသူများနှင့် ဆက်ဆံရေး၌ ဖန်တီးနိုင်သည့် ငြိမ်းချမ်းရေးဖြင့် တိုင်းတာကြောင်း အလေးပေးဖော်ပြခဲ့သည်။

ခရစ္စမတ်သည် ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းရေးကို နိုးကြားစေသည်

“ဖျော်ဖြေပွဲအဆုံးမှာ၊” ပုပ်ရဟန်းမင်းကြီး လီယိုက “အီတလီ၊ လက်တင်၊ အင်္ဂလိပ်နှင့် စပိန်ဘာသာစ ကားများနဲ့ ခရစ္စမတ်သီချင်းတွေကို နားထောင်ရတာ အရမ်းကောင်းပါတယ်။” ကလေးငယ်များက ဘာသာစကားအမျိုးမျိုးဖြင့် သီဆိုသည်ကို ကြားရခြင်းသည် ခရစ္စမတ်က လူတိုင်း၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းရေးကို နိုးကြားစေသည်ကို လူတိုင်း နားလည်စေရန် ကူညီပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ဖိတ်ကြားမှုအတွက်လည်း ကျေးဇူးတင်စကား ပြော ကြား ခဲ့ပြီး၊ ယင်းဖိတ်ကြားချက် လက်ခံရရှိ၍ ဝမ်းသာကြောင်း ပြုံးလျက် ထပ်လောင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ပိုမိုလုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း

“မေတ္တာကို ယူဆောင်လာသော ကောင်းကင်တမန်များ” ဟု ရည်ညွှန်းထားသည့် သီချင်းတစ်ပုဒ်ကို သုံးသပ်ရင်း ပုပ်ရဟန်းမင်းကြီးက ကလေးငယ်များသည် ၎င်းတို့၏ ဂီတမှတစ်ဆင့် မေတ္တာကို ယူဆောင် လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ချစ်သောသူသည် သီဆိုသည်” ဟု ပြောကြားခဲ့သော စိန့် အော်ဂတ်စတင်း (Saint Augustine) ၏ စကားများကို ပြန်ပြောင်းပြောပြခဲ့ပြီး မေတ္တာသည် နှလုံးသား အား အမှန်တကယ် အရေးပါသည့်အရာကို ဆုပ်ကိုင်နိုင်စေသည်ဟု ဆိုသည်။

“ဘုရားသခင်က မေတ္တာရဲ့ လက်ဆောင်ကို ကျွန်တော်တို့အားလုံးဆီ ပေးအပ်ချင်ခဲ့ပါတယ်၊ ဒါက ခရစ္စမတ်ပါပဲ” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ပြောကြားပြီး ဘုရားသခင်သည် လူသားများနှင့် အထူး သဖြင့် အငယ်ဆုံးသောသူများနှင့် အားအနည်းဆုံးသူများနှင့် နီးစပ်ကြောင်း အလေးထားပြော ကြားခဲ့ သည်။

“ကျွန်တော်တို့အတွက် ဒါက ကြီးမားတဲ့ ဖိတ်ခေါ်ချက်ပါပဲ- ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး၊ မေတ္တာနဲ့ စည်း လုံးညီညွတ်မှုကို ကြွေးကြော်ဖို့ ပိုမိုလုပ်ဆောင်ရမယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အငယ်ဆုံးသောသူများတွင် ဘုရားသခင်ကို မြင်တွေ့ခြင်း

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယိုသည် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအား ဆုမွန် ကောင်း ပေးသနားခဲ့ပြီး အတူတကွ ဆုတောင်းရန်နှင့် ဘုရားသခင်၏ ရှိနေခြင်းကို အထူးသဖြင့် အငယ် ဆုံးသောသူများတွင် အသိအမှတ်ပြုရန် ၎င်းတို့၏ နှလုံးသားများကို ဖွင့်ထားရန် တိုက်တွန်းခဲ့သည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *