ရဟန်းမင်းကြီးလီယို (၁၄) ယူကရိန်းသမ္မတအားလက်ခံတွေ့ဆုံခဲ့။

ရဟန်းမင်းကြီးလီယို (၁၄) ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်သည်မှစ၍ယူက ရိန်းသမ္မတနှင့် တွေ့ဆုံခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၃) ကြိမ်ရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ယူကရိန်း သမ္မတအား ‘ကစတယ်ဂန်ဒေါလ်ဖို’ ကျောင်းတိုက်၌လက်ခံတွေ့ဆုံခဲ့သည်။ ရဟန်းမင်းကြီးကငြိမ်း ချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုလက်ကိုင်၍ထမ်မံတိုက်တွန်းခဲ့သည်။

၄င်းအပြင် စစ်ပွဲ၌ ဖမ်းဆီးခံရသောအကျဉ်းသားများအရေးနှင့်ယူကရိန်း ကလေးများအားမိသားစုနှင့် အမြန်ဆုံး ပြန် လည်အပ်နှံပေးရေး၊ သံခင်းတမန်ခင်းနည်းလမ်းများအားဖြင့်တရားမျှတခြင်းနှင့် အဓွန့် ရှည်တည်တံ့ သောငြိမ်းချမ်းရေး ကိုတည်ဆောက်ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းသမ္မတသည် လွန်ခဲ့ သော (၅) လခန့် ကလည်းယခုတစ်ကြိမ် တွေ့ဆုံသောနေရာ၌ပင်ရဟန်းမင်းကြီးလီယို (၁၄) နှင့်သီးသန့် တွေ့ဆုံခဲ့ပြီး ယခုဆွေးနွေးသောအကြောင်း အရာများကိုဆွေးနွေးပြောဆိုခဲ့ဖူးသည်။ ရဟန်းမင်းကြီးအမှု တော်ကို ထမ်းဆောင်ခဲ့သည့်နှစ်လခန့်လောက် ဖြစ်သည့်ဇူလိုင်လ၌ရဟန်းမင်းကြီးကစစ်ပြေးဒုက္ခသည် များအရေးနှင့်စပ်လျင်း၍စိတ်မကောင်းဖြစ်ရကြောင်း၊ ယူကရိန်းပြည်သူများအတွက်ဆက် လက်ဆု တောင်းပေးမည်ဖြစ်ကြောင်း၊ ဗာတီကန်အနေဖြင့်စစ်ပွဲဖြစ်ပွား နေသောယူရိန်း-ရုရှားနှစ်နိုင်ငံကို လည်း တွေ့ဆုံ၍ဖြစ်နိုင်ခြေရှိသောညှိုနှိုင်းဆွေးနွေးချက်မျိုကိုလည်းဖြစ်စေ ရန်ဆန္ဒရှိသကဲ့သို့ကြိုးစား နေ ကြောင်းမိန့်ကြားခဲ့သည်။

ယခုတစ်ကြိမ်တွေ့ဆုံခြင်းနှင့်စပ်လျင်း၍ယူကရိန်း သမ္မတမှသတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် သူ့အားလက္ခံတွေ့ဆုံပေးပြီး ရု ရှားမှဖမ်းဆီးခေါ်ဆောင်သွား သောယူ ကရိန်း လေးများအားနိုင်ငံသို့လည်းကောင်း၊ မိသားစုများနှင့်လည်း ကောင်းအမြန်ဆုံးပြန်လည်ရောက်ရှိ လာ ရေးသည်အလွန်အရေးကြီးပြီး အချိန်ဆွဲမနေဘဲလုပ်ဆောင်ရမည့် ကိစ္စအဖြစ်ထည့်သွင်းစဉ်းစား ပေးသည့်အတွက်လည်း ရဟန်းမင်းကြီးအားကျေးဇူးတင်ကြောင်းအဂ်လိပ်ဘာ သာဖြင့်ဖြေကြား ခဲ့သည်။ ဤတွေ့ဆုံခြင်းကို ဒီဇင်ဘာ (၉) ရက်နေ့၊ ဒေသစံတော်ချိန်နံနက်ပိုင်းကဖြစ် ကြောင်းဗာတီကန် သတင်း၌ဖော်ပြထားသည်။

ဘာသာပြန် Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *