
သားသမီးတွေကို သခင်လိုမထားပါနဲ့။
ဒီနေ့မှာ သားသမီးကို သခင်လို မထားပါနဲ့ဆိုတဲ့ စာပေတစ်ခုကို တဆင့်မျှပေးသွားမှာဖြစ်ပါ တယ်။
စာထဲမှာ အခုလိုရေးသားတာကို တိုက်ရိုက်ပဲ တင်ပြပေးသွားမှာပါ။
မိဘအရှိန်အဝါနဲ့ တောက်ပနေတဲ့ သားသမီးတွေ၊ ကိုယ်ရည်ကိုယ်သွေးမရှိပဲ လူ့ပတ်ဝန်းကျင် မှာ များလွန်းနေတာတွေက မိဘရဲ့ အပြစ်မကင်းဘူးဆိုတာကို မိဘတွေကိုယ်တိုင်က လက်မခံကြပါ ဘူး။
မိဘတွေက ချွေးစက်တွေကြားမှာ ရုန်းကန်နေပေမယ့် သားသမီးကျတော့ တောက်ပနေတာ။
ငယ်စဉ်ကတည်းက သင်ယူသင့်တာတွေကို သင်ယူခွင့်မပြုကြပဲ မျက်မမြင်က ပြတဲ့လမ်းကို ပေးလျှောက်နေသလို ကို့ယို့ကားယားနဲ့ ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်သွားကြတဲ့ မိသားစုတွေ ပြောမကုန်ပါဘူး။
သားသမီးတွေကို လောကြီးမှာ ကြုံရမဲ့အမှန်တရားကို သိခွင့်မပေးပဲ ကြီးပျင်းလာဖို့ ခွင့်မပြု သင့်ပါဘူး။
သားသမီးနဲ့ မိဘကြားက မေတ္တာတရားကို မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ ချပြပေးသင့်ပါတယ်။ သားသမီးကို သခင်လိုထားပြီး မိဘက ကျွန်လိုနေကာ ရေခပ်ပေးတာကအစ ခြေထောက် မလှမ်းရ၊ မကြွရတော့တဲ့အထိ ဖူးဖူးမှုတ်နေတာက သားသမီးကို ဖျက်ဆီးနေကြတာပါ။
စာပဲကျတ်ပါ ဘွဲ့ရအောင်ပဲလုပ်ပါဆိုပြီး ဘာကိုမှ ပေးမလုပ်ဖူး မရှိရှိတာကို လုပ်ပြီး ဆင်ပေး တယ်။
မိဘရဲ့ အပူအပင် သောကတွေကို ဘာမှ သိခွင့်မပေးဘဲ လိုအပ်သမျှကို ဖြည့်ဆည်းပေးနေ တာမျိုးက ကလေးရဲ့ လူ့အသိဉာဏ်ကို ပျက်စီးစေလို့ပါပဲ။
ကလေးရဲ့ Intelligent ကို ဖျက်ဆီးတဲ့ မိဘက Education ကို ဘယ်လောက်ထည့်ပေး ထည့်ပေး ဘာမှအသုံးမဝင်နိုင်သလို ကလေးရဲ့ဘဝအတွက် တာဝန်ယူတဲ့စိတ်၊ တာဝန်သိတဲ့စိတ် Self-care ဆိုတဲ့ ကိုယ်ကိုယ်ကို ဂရုစိုက်နိုင်ခြင်းကနေ အများကို ဂရုစိုက်နိုင်ခြင်းကိုလည်း သိနားလည်ခွင့် ပြုမထားရင် အတ္တကြီးတဲ့ လူတစ်ယောက်ဖြစ်အောင် ကလေးရဲ့ ဘဝကို သတ်နေတဲ့ သူက မိဘတွေပါပဲ။
သက်တောင့်သက်သာနဲ့ ကြီးပျင်းလာတဲ့ ကလေးဖြစ်အောင် မထားပါနဲ့။
ဘာမှအပူအပင်မရှိတဲ့ကလေးက ရုန်းကန်တတ်ဖို့ကို ဘယ်တော့မှ သင်ယူဖို့ မဖြစ်နိုင်လို့ပါ။
ကလေးကို ငယ်စဉ်ဘဝကတည်းက ချစ်လွန်းလို့ ထမင်းဝါးပြီး ခွံ့ရင်တောင် ကလေးက မျိုချ မှ ဗိုက်ပြည့်နိုင်မယ်ဆိုတာလေးတော့ နားလည်ခွင့်ပြုကြပါ။
ခြေကောင်းလက်ကောင်းနဲ့ ဒုက္ခိတဖြစ်အောင် ကလေးကို အဆိပ်မခပ်ကြပါနဲ့။
မိဘအပေါ် သားသမီးသိတက်ခြင်း၊ မသိတက်ခြင်းက မိဘရဲ့ မှန်ကန်တဲ့ ပျိုးထောင်မှု ပေါ်မှာ ပဲ မူတည်ပါတယ်။
လူ့ဘဝရပ်တည်နည်းကို အမှန်အတိုင်းချပြပါ။ စိတ်ကောင်း၊ စိတ်မြတ်ထားခြင်း၊ ကိုယ့်တန်ဖိုးကို သိတတ်ခြင်း၊ ကိုယ်ကိုယ်ကို မှန်မှန်ကန်ကန် ချစ်တတ်အောင် သင်ယူခွင့်ပြုပါ။
မိဘဆိုတာ သေတတ်တဲ့သူတွေမို့ လောကကြီးထဲ ကျန်ခဲ့မယ့် ကလေးကို အောက်ခြေခိုင် အောင် လူ့ဘဝထဲ မှန်ကန်တဲ့ စိတ်ကောင်းစိတ်မြတ်နဲ့ ရပ်တည်နိုင်အောင် အခြေခံ စိတ်ကောင်း စိတ်မြတ်တွေကို ငယ်စဉ်ဘဝတည်းက ထည့်ပေးထားကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ သားသမီးမြေးတွေကို ချစ်ရင် အလိုမလိုက်ပါနဲ့၊ စိတ်ဓာတ်ခိုင်မာအောင် ပျိုးထောင်ပေးပါ။ ပညာကို တန်ဖိုးထားတတ်ပါစေ။ ကြိုးစားလိုစိတ်ရှိပါစေ။
အကောင်းမြင်တဲ့စိတ်လေးတွေ အမြဲရှိနေပါစေ။
သူတစ်ပါးကို စာနာစိတ် ကူညီလိုစိတ်ထားတတ်ပါစေ၊ သည်းခံခွင့်လွှတ်တတ်ပါစေ။
မိဘဆရာသမားတွေကို ရိုသေတန်ဖိုးထားတတ်ပါစေ။
သားသမိးကို အလိုလိုက်လွန်းတဲ့ မိခင်ဟာ နောင်တစ်ချိန် သားသမီးရဲ့ ကျွန်အဖြစ် အလိုလို ရောက်တယ်ဆိုတာ သတိထားပါ။

