
ဆရာတော်ကြီးပေါလ် ဇိန်ထုံးဂရောင်အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်ကျောက်တိုင် ကောင်းကြီးပေးခြင်းအခမ်းအနား

ဆရာတော်ကြီးပေါလ် ဇိန်ထုံးဂရောင်အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲ ကျင့်ပ။
အာဗီအေမြန်မာ၊၁၀၊၁၂၊၂၀၂၅။
ဗန်မော် ကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ (Dingsing) သာသနာစီရင်စုအတွင်းရှိ ဆရာတော်ကြီးပေါလ် ဇိန်ထုံးဂရောင်၏ ဇာတိမြေဖြစ်သော (Gauri Lung Hkat) ကျေးရွာ၌ စိုက်ထူထားသော ဆရာတော် ကြီးပေါလ်ဇိန်ထုံးဂရောင်အား အောက်မေ့သတိရခြင်းအထိမ်းအမှတ် ကျောင်တိုင်ကောင်းကြီးပေး ဆုတောင်းခြင်း မစ္ဆားတရားတော်ကို ဗန်မော်သာသနာ၊ ဆရာတော်ကြီး Raymond Sumlut Gam မှ (၉.၁၂.၂၀၂၅)နေ့ နံနက် ၁၁းဝဝ အချိန်၌ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
ဤအထိမ်းအမှတ်ကျောင်တိုင်ဖြစ်မြောက်ဖို့ သာသနာစီရင်စု တာဝန်ခံ ဘုန်းတော်ကြီး Fr. Columban Nhkum Naw Li ကိုယ်တိုင်ဦးဆောင်ခြင်းနှင့်အတူ သာသနာစီရင်စုအတွင်းရှိ သာသနာ့အမှုထမ်းများ၊ ရပ်မိရပ်ဖလူကြီးများ၊ ဘာသာတူများ၊ ငွေအားဖြင့်ကူညီပေးသော အလှူရှင်များ အားလုံးပါဝင်မှုဖြင့် ဤ အထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဘာသာပြန်- Paul ( RVA Myanmar)
News &Photo – ( Dingsing ) သာသနာစီရင်စု
Credit- RVA Kachin ( Jing Hpaw Service)
#LocalNews

