
အကယ်၍ကက်သလစ်နှင့်ဩသိုဒေါ့စ်တို့ပြန်လည်ပေါင်းစည်းခဲ့သော်။

ကက်သလစ်နှင့်ဩသိုဒေါ့စ်သည်ခရစ်ယာန်တရားရှင်သန်ရေးအတွက်အဆုတ်နှစ်မွှာဖြစ်သည်။
ကက်သလစ်သာသနာ၏ဩသိုဒေါ့စ်ကိုခရစ်ယာန်၏အဆုတ်နှစ်မွှာဟုလှပ၊ ထိမိစွာတင်စား ကြသည်။ ဤသာသနာတော်ကြီးနှစ်ခုပြန်လည်ပေါင်းစပ်နိုင်ရန်သည်လည်းခရစ်ယာန်ထုတစ်ရပ်လုံး၏ဆန္ဒ လည်း ဖြစ်သည်။ ၄င်းတို့ကိုအလွယ်တကူသုံးနှုန်းကြသည်မှာအရှေ့တိုင်းနှင့်အနောက်တိုင်းဟုဖြစ်ပါသည်။ ကက်သလစ်သာသနာနှင့်ဩသိုဒေါ့စ်သာသနာသည်ယေဇူးသခင်၏ခန္ဓာတော်မြတ်၏အဆုပ်နှစ်မွှာဖြစ် ကြောင်းစိန့်ဂျွန်ပေါလ် (၂) ကထိထိမိမိမိန့်ကြားခဲ့သည်။
သာသနာသည်သူ၏အဆုတ်နှစ်ခုဖြင့်အသက်ရူရမည်။
(၁၀၅၄) ခုနှစ်မှစ၍သာသနာတော်ကြီး၏အဆုတ်နှစ်မွှာသည်တစ်ခြမ်းစီခွဲ၍အသက်ရှူရှင် သန်နေခဲ့ရာမှ ပထမဦးဆုံးအကြိမ်ခရစ်ယာန်ကမ္ဘာတစ်ခုလုံးသည် အဆုတ်တစ်စုံဖြင့်အတူတကွအသက်ပြန် ရူလာ သည်။ ယုံကြည်ခြင်း၊ စက္ကရာမင်းတူးများ၊ တမန်တော်တို့ကြီးတို့မှဆင်းသက်လာသည့်သမိုင်းနောက် ခံနှင့်၀တ်ပြုခြင်းများ၌ပြန်လည်ပေါင်းစည်းခဲ့သည်။
၁။ ခရစ်ယာန်သမိုင်း၏အနာကြင်ရဆုံးအနာတရကိုပြန်လည်ကုစားခဲ့သည်။
အရှေ့တိုင်းနှင့်အနောက်တိုင်းသက်၀င်ယုံကြည်မှုအယူ၀ါဒကွဲလွဲလာခဲ့သည်အချိန်ကာလမှာ နှစ်ပေါင်း (၁၀၀၀) ကြာသွားခဲ့သည်။ ထိုမျှကြာမြင့်သွားခဲ့သောဒဏ်ရာကိုပြန်လည်ကုစားရန်မှာမလွယ်ကူလှ ပေ။ ရာစုနှစ်ပေါင်းများစွာနားလည်မှုကွဲလွှဲနေခဲ့သည်။ ယဉ်ကျေးမှုကွာဟချက်များရှိခဲ့သည်။ ထူးခြားသော ယုံကြည်ခြင်းဆိုင်ဘာသာရေးသွန်သင်ချက်များလည်းရှိလာခဲ့သည်။
သို့သော်ယေဇူးသခင်သည်ကျွန်ုပ်တို့ကိုသတိပေးနေသည်။ ထိုသတိပေးချက်ကား ‘လူ့အစွမ်း အစဖြင့် ဆိုလျှင်မဖြစ်နိုင်ပါ။ သို့သော်ဘုရားသခင်အတွက်မည်သည့်အရာမျှမဖြစ်နိုင်ဟူ၍မရှိပါ’ ဟုဖြစ်သည်။ (သံမာတေဦး ၁၉း၂၆)
စည်းလုံးညီညွှတ်ခြင်းသည်လူ့အစီအမံမဟုတ်။ ဘုရားသခင်ကိုယ်တော်တိုင်၏အလိုအဆန္ဒ ဖြစ်သည်။
၂။ လောက၌အားအကောင်းဆုံးဘာသာဖြစ်သကဲ့သို့ ပိုကြီးမားပြီး၊ ပိုခိုင်မာသောသည်။
ကမ္ဘာပေါ်ရှိကက်သလစ်ခရစ်ယာန်ဘာသာ၀င်များ၏ဦးရေသည် (၁.၄) ဘီလီလျံရှိသည်။ ဩသိုဒေါ့စ် ခရစ်ယာန်ဦးရေသည် (၂၂၀ – ၂၆၀) သန်းကြားရှိသည်။ အကယ်၍၄င်းတို့ပြန်လည်ပေါင်းစည်မည် ဆိုပါက တမန်တော်ကြီးတို့မှဆင်းသက်လာသောသာသနာများဖြစ်သည်ကက်သလစ်နှင့်ဩသိုဒေါ့စ်တို့ပေါင်းစည်းလိုက်မည်ဆိုသော် ဘာသာ၀င်ဦးရေ (၁.၆) ဘီလီလျံအထိဖြစ်လာမည်ဖြစ်၍ ကမ္ဘာပေါ်၌သက်၀င်ယုံ ကြည်မှုတစ်ခုတည်းကိုယုံကြည်သောဘာသာ၀င်အများဆုံးဘာသာဖြစ်လာမည်ဖြစ်သည်။
သို့သော် ဘာသာ၀င်ဦးရေထက်အရေးကြီးသောအချက်ကား တမန်တော်ကြီးတို့မှဆင်းသက် လာသော သာသနာတော်ကြီးသည် ဧ၀ံဂေလိတရားတော်ကြေငြာဟောပြောရာ၌သော်လည်းကောင်း၊ ကရုဏာ ရေးလုပ်ငန်းနှင့်သက်သေခံလုပ်ငန်းများလုပ်ဆောင်ရာ၌တားဆီးမရသော အသံတစ်သံတည်း၊ သာသနာ အမှုတစ်ခုတည်း၊ မြင်သာသောခရစ္စတူးသခင်၏မြတ်သောခန္ဓာတော်တစ်ခု တည်းအဖြစ်အင်အားကြီး တစ်ခု ဖြစ်လာမည်။
၃။ စက္ကရာမင်တူးများအားလုံးတစ်ညီတစ်ညွတ်တည်းပြန်လည်ပေါင်းစည်းသွားမည်။
ကက်သလစ်ဘာသာ၀င်သည်ဩသိုဒေါ့စ်တို့ပူဇော်သောမစ္ဆားတရားတော်မြတ်၌ကိုယ် တော်မြတ်ကို ပင့်ခွင့်ပြုထားသကဲ့သို့ ထို့အတူဩသိုဒေါ့စ်ဘာသာ၀င်များလည်းကက်သလစ်သာသနာ၌ပူ ဇော်သော မစ္ဆားတရားတော်မြတ်၌ကိုယ်တော်မြတ်ပင့်ယူနိုင်သည်။ ဤအခြေအနေသည်အခြားသောခရစ် ယာန် အသင်းတော်များနှင့်မပြုလုပ်နိုင်၊ ပြုလုပ်ခွင့်မပြုထားသောထူးခြားဖြစ်စဉ်ဖြစ်သည်။
ထို့အတူ သာသနာနှစ်ခုလုံး၏ရဟန်းတော်များသည် မစ္ဆားတရားကိုအတူပူပေါင်း၍ပူဇော်နိုင် ခွင့်လည်း ရှိသည်။
ကက်သလစ်ဘာသာ၀င်တစ်ဦးနှင့်ဩသိုဒေါ့စ်ဘာသာ၀င်တစ်ဦးတို့ကြားလက်ထပ်ပါက (၁၀၀) ရာခိုင် နှုန်းစက္ကရာမင်တူးဂုဏ်မြောက်သည်။ အခြားသောခရစ်ယာန်များနှင့်မူဤအခြေအမျိုးကိုယခု ကဲ့သို့မသတ်မှတ်ထားဘဲသေချာစွာပြန်လည်မေးမြန်းစီစစ်ပြီးမှသာအခြေအနေမျိုးအဖြစ်သတ်မှတ်လေ့ရှိသည်။
ဤပေါင်းစပ်ခြင်းသည် နောက်ဆုံးညစာစားပွဲအတွင်းရဟန်းချုပ်ဖြစ်သောယေဇူးသခင်ဧ၀ံ ဂေလိကျမ်း စာ၌ဆုတောင်းခဲ့သကဲ့သို့‘သူတို့သည်တစ်စည်းတစ်လုံးတည်းဖြစ်ခြင်းကြောင့် ကမ္ဘာကြီးသည် ယုံကြည် ကြမည့်အကြောင်းဖြစ်သည်’ ဟုဆုတောင်းချက်ပြည့်စုံခြင်းဖြစ်သည်။ (သံယောဟန် ၁၇း၂၁)
ကျွန်ုပ်တို့ပြန်လည်ပေါင်းစည်းနိုင်က ကမ္ဘာကြီးသည်ယုံကြည်လာမည်ဖြစ်သည်။
၄။ အရှေ့တိုင်းနှင့်အနောက်တိုင်းတို့ပေါင်းစည်းခြင်း၏အလှတရား …
အနောက်တိုင်းသည်ဓမ္မတွေးခေါ်ပညာရှင်တို့၏ဓမ္မအတွေးအခေါ်များ၊ တည်ဆောက်ပုံ၊ သာ သနာအမှု တော်နှင့်စက်ြာ၀ဋာတစ်ခုလုံးအားလွှမ်းခြုံခြင်းကိုတန်ဖိုးထားသည်။
အရှေ့တိုင်းကား နက်နဲဆန်းကြယ်မှု၊ ၀ိနည်း၊ ရသေ့တို့၏ကျင့်စဉ်နှင့်သန့်ရှင်းသောရှေးထုံး သက်သေ များကိုတန်ဖိုးထားသည်။
သို့သော်နှစ်ဖွဲ့လုံးကို ခရစ်ယာန်တရားတော်၏ထူးကဲမှုအတွက်နက်နက်ရှိုင်းရှိုင်းရူမြင်သော မျက်စိနှစ် လုံးကဲ့သို့လည်းကောင်း၊ သာသနာတော်ကြီးကိုပိုမိုမြင့်မြတ်စေရန်ကြွချီပင့်မြောက်ပေးသော တောင်ပံ တစ်စုံကဲ့သို့လည်းကောင်းသတ်မှတ်ပါသည်။
ဘုရားသခင်၏အလိုတော်မှာ
– ကွဲပြားရန်မဟုတ်။ သို့သော်ပေါင်းစည်းရန်၊
– ပြိုင်ဆိုင်ဘက်ကန်ရန်မဟုတ်။ သို့သော်သန့်ရှင်းခြင်းကိုမျှေ၀ရန်၊
– သံသယ၀င်ရန်မဟုတ်၊ သို့သော်ညီအစ်ကိုရင်းစိတ်ကိုမွေးမြူရန်ဖြစ်သည်။
၅။ ၀ိညာဉ်ရေးပြန်လည်ရှင်သန်နှိုးကြားလာသည်ကိုကမ္ဘာကြီးသည်ရာစုပေါင်းများစွာမြင်တွေ့ခွင့်မရဖြစ် နေခဲ့သည်။ စည်းလုံးညီညွှတ်သောတမန်တော်ကြီးတို့မှဆင်းသက်လာသည့်သာသနာတော်ကြီးသည်
– ဥရောပ၌ခရစ်ယာန်တရားကိုပြန်လည်ရှင်သန်နှိုးကြားလာအောင်ဦးဆောင်ပေးနိုင်သည်။
– ကိုယ်ကျင့်တရား၊ လူ့ဂုဏ်သိက္ခာနှင့်စပ်လျင်း၍တန်ဖိုး၏အဓပ္ပါယ်ဆိုမှုတွင်ရှုပ်ထွေးရောနောနေမှု၌ရှင်းလင်း ပြတ်သားစွာဦးဆောင်နိုင်သည်။
– မိမိတို့ယုံကြည်ခြင်းကြောင်ဖိနှိပ်ညှဉ်းဆဲခံရသောခရစ်ယာန်များကိုကာကွယ်မှုပေးနိုင်သည်။
– ကမ္ဘာ့အဆင့်ဘာသာ၀င်ဦးရေသစ်များတိုးပွားမှုရှိသည်။
– သာသနာပြုရာ၌ပုံစံသစ်၊ အသက်တာသစ်ဖြင့်ပြုသည်။
– လူပေါင်းသန်းနှင့်ချီ၍ရှေးဦးဖခင်ကြီးများ၏ယုံကြည်ခြင်း၊ သွန်သင်ချက်များကိုရှာဖွေတွေ့ရှိကြသည်။
– ဘာသာရေးတန်ဖိုးများကျဆင်းပေါ့ပျက်သွားစေခြင်း၊ ပိုမိုသာလွန်ကောင်းမွန်ခြင်းမရှိတော့ဘဲအားလုံးသည်တန် ဖိုးမျှတူသည်ဟူသောအတွေးအခေါ်ကိုကြံ့ခိုင်စွာဖြင့်အကောင်းဆုံးသောအရာရှိကြောင်းကိုအစဉ်လမ်းညွှန်ပြပေး သည်။
ခရစ်ယာန်တရားတော်၏အဆုတ်တစ်စုံဖြင့်လေရူသွင်းရူထုတ်ခြင်းသည်ခရစ္စတူးသခင်၏ ခန္ဓာတော်တစ်ခုလုံးကိုအသက်ရှင်သန်စေခြင်းဖြစ်သည်။
စည်းလုံးခြင်းသည်ခရစ္စတူးသခင်၏အလိုဆန္ဒဖြစ်သည်။ အစကနဦးကပင်ယေဇူးသခင်သည် သိုးတို့ကိုသိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်း၏ဦးဆောင်မှု၌ သာရှိ စေလိုခဲ့သည်။ (သံယောဟန် ၁၀း၁၆၊ ဧဖက်ဆုစ့် ၄း၃-၄)
ကွဲပြားနေခြင်းသည်ဘယ်တော့မှဘုရားသခင်ထံလာခြင်းမဟုတ်။ စည်းလုံးခြင်းသည်သာ ဘုရားသခင် ၏အလိုဆန္ဒဖြစ်သည်။ ဘုရားသခင်သည် သူ၏အလိုတော်ကိုပြည့်စုံအောင်ဖန်တီးပါစေ။
အမှန်ပင် (၂၀၂၅) ၌ရာစုပေါင်းများစွာကက်သလစ်နှင့် ဩသိုဒေါ့စ်တို့ကြား အတူမကျင်း ပနိုင် ခဲ့သော ခရစ်ယာန်တရားအတွက်အလွန်အခရာကျသောပွဲတော်မြတ်ကြီးဖြစ်သည့် ‘ပါစကား’ ပွဲတော်ကိုတစ် ရက်တည်း၌အတူကျင်းပနိုင်ခဲ့သည်။ ဤအချက်သည် ဩသိုဒေါ့စ်ခရစ်ယာန်တို့ အားကက်သလစ် သာသနာ ကျင်းသောပါစကားပွဲနေ့၌အတူတကွကျင်းပရန်ညှိုနှိုင်းသဘောတူနိုင်ခဲ့သည်။
၀တ်ပြုခြင်းဆိုင်ရာ၌ဩသိုဒေါ့စ်တို့အသုံးပြုသော ‘ဂျူလီယံ’ ပြက္ခဒိန်၌ ကက်သလစ်သာသ နာအသုံး ပြုသော ‘ဂရေဂေါရီယံ’ ပြက္ခဒိန်ထက် ‘၁၃’ ရက်နောက်ကျသည်။ ထို့ကြောင့်ဩသိုဒေါ့စ်တို့၏ပါစ ကားပွဲသည်ကက်သလစ်တို့ထက်နောက်ကျသည်။ ယခုကဲ့သို့ပါစကားပွဲနေ့ကိုကက်သလစ်သာသနာနှင့်အ တူသဘောတူကျင်းပခြင်းသည် ‘နိုင်ဆင်း’ အစည်းအဝေး၏ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာခြင်းကိုပြသ သည်။ ထို့အတူရှေးဟောင်း အကျဆုံး သာသနာနှစ်ခုအားပြန်လည်ပေါင်းစည်းနိုင်ရေးခြေလှမ်းဆီကိုဦးတည် နေသည်။ ရာစုနှစ်ပေါင်းနှင့်ချီ ကွဲနေခဲ့သောတူညီသည့်ယုံကြည်ခြင်းကိုပြန်လည်ပေါင်းကူးပေးလိုက်နိုင်ခြင်း ဖြစ်သည်။
စည်းလုံးခြင်းသည်ဖြစ်နိုင်ပါသည်။ ယုံကြည်ခြင်းသည်အချိန်အကန့်အသတ်၊ အပိုင်းအခြား မရှိပါ။ လူသားဆန်ဆန်ပြောရမည်ဆိုပါလျှင် ပြန်လည်ပေါင်းစည်းရေးသည်ခက်ခဲပါသည်။ သို့သော်ဘုရားအ လိုတော်အရပြောမည်ဆိုပါလျှင် သတ်မှတ်ချက်ပန်းတိုင်ရှိပြီးသားဖြစ်သည်။
ကက်သလစ်နှင့်ဩသိုဒေါ့စ်တို့တူညီစွာကျင်းပနေကြသောဘာသာရေး၀တ်ပြုခြင်းများမှာ
– တစ်ခုတည်းသောကိုယ်တော်မြတ်၊
– တစ်ခုတည်းသောရဟန်းသိက္ခာ၊
– တမန်တော်ကြီးတို့မှဆင်းသက်လာသည့်တစ်ခုတည်းသောအရိုက်အရာ၊
– ရှေးဦးခရစ်ယာန်ဖခင်တို့နှင့်တစ်ခုတည်းသောယုံကြည်ခြင်းကိုခံယူခြင်း၊
– ရှေးဦးသာသနာတော်ကြီးဖြစ်သည်ဆိုသည့်အချက်များဖြစ်ကြသည်။
မိသားစုသည်အချိန်ကြာမြင့်စွာကွဲကွာနေခဲ့သည်။ သို့သော်မိသားစု၏အနာတရာများသည်ကုစား၍ ရပါသည်။ သမိုင်းမဖန်တီးပေးနိုင်သောအရာကိုဘုရားသခင်သည်ဖြစ်လာအောင်လုပ်ဆောင်ပေးနိုင် ပါသည်။
သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၊ ကြွလာတော်မူပါ။ အရှင့်သာသနာကိုကုစားတော်မူပါ။ ကျွန်ုပ်တို့ အားတစ်လုံးတစ်၀တည်းပြန်လည်ဖြစ်လာစေတော်မူပါ ….. အာမင်
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

