
အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မဘုရားကျောင်းပွဲနှင့် စိန့်ထရေဇား လမ်းစဉ်သွယ် သီလရှင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ တောင်တွင်းကြီးမြို့နယ်၊ သဲဖြူကျေးရွာ၌ တည်ရှိသော အပြစ် မဲ့သဒ္ဓေယူတော်မူသော မယ်တော်သခင်မဘုရားကျောင်းပွဲနှင့်စိန့်ထရေဇား လမ်းစဉ်သွယ် သီလရှင် ကျောင်းဆောင်သစ်ဖွင့်ပွဲ မစ္ဆားတရားတော်မြတ်ကို (၄.၁၂.၂၀၂၅) ကြာသပတေးနေ့ နံနက် ၈းဝဝ အချိန်၌ Fr. John Aye Kyaw မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
မစ္ဆားတရားအတွင်း Fr. John Aye Kyaw မိန့်ကြားသည်မှာ
ကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းစည်းလုံးရမယ် စိတ်နှလုံးကိုဖြူစင်အောင် သန့်ရှင်းအောင် ထားရ မယ်။ သန့်ရှင်းတယ်ဆိုတာ မေတ္တာတွေအများကြီးဆိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မုန်းနေကြ၊ အနိုင်ကျင့်နေကြ၊ ရက်စက်နေကြ၊ စီးပွားရေးအရ အမြတ်ထုတ်ကြတယ်၊ လူမှုရေးအရဖိနှိပ်နေတယ် နေတယ်ဆိုရင် ကျွန်ုပ်တို့တွေက မသန့်ရှင်းဘူး။ ကျွန်ုပ်တို့သည် အဲဒီစိတ်ဓာတ်တွေကိုဖယ်ပြီး အချင်း ချင်းကူညီရိုင်းပင်း စိတ်ထားဖို့လိုပါတယ်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်၌ တစ်လုံးတစ်ဝတည်းဖြစ်ဖို့ ကျွန်ုပ်တို့ပတ်ဝန်းကျင်လူတွေနဲ့ဆက်ဆံတဲ့အခါ ဆင်းရဲလို့ ချမ်းသာလို့ဆိုပြီး ခွဲခြားဆက်ဆံလို့မရဘူး။
ဘုရားသားသမီးရဲ့ အစုအဝေးဆိုတာ စည်းလုံးရတယ်၊ မေတ္တာတရားရှိရတယ်၊ ဒုက္ခရောက်နေသူကို ကူညီရတယ်၊ ချို့တဲ့ သောသူ၊ မကျန်းမာသောသူ၊ စားစရာနေစရာမရှိသူတွေကို အကျိုးအမြတ် မမျှော် ကိုးပဲ သူတစ်ပါးကို ထောက်ပံ့ကူညီစောင့်ရှောက်ပေးတာ။ အဲ့ဒါသည်ခရစ်ယာန် ယုံကြည်ချက်၊ ခရစ် ယာန်ဘဝအသက်တာဖြစ်တယ်” ဟုမိန့်ကြားခဲ့သည်။
ကျောင်းထိုင်းဘုန်းတော်ကြီး Fr. Peter Htwal Sei Myint မှလည်းပွဲကျင်းပရခြင်းအကြောင်းကို ပြောပြရာမှာ
“ ဒီနှစ်ကျောင်းပွဲကျင်းပတဲ့အချိန်ပိုပြီးတော့ ထူးခြားလာတာက ဘုန်းဘုန်းတို့ရွာမျာလိုအပ်နေတဲ့ စစ္စတာရ် ကျောင်းဖွင့်ပွဲနှင့် အတူတစ်ခါတည်းတွဲပြီးတော့ ကျင်းပခွင့်ရခဲ့တယ်။ ဒီစစ္စတာရ်ကျောင်း ဖြစ်မြောက်ဖို့အတွက် အလှူငွေအားဖြင့်လည်းကောင်း၊လုပ်အားဖြင့်လည်းကောင်း၊ကူညီပေးကြသော သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။
ဘုန်းဘုန်းတို့ဒီသဲဖြူကျေးရွာက နေထိုင်တဲ့ ဘာသာတူတွေက တောင်သူတွေပဲဖြစ်တဲ့အတွက် ကောက်ပဲ သီးနှံတွေ ဈေးကွက်မရှိတဲ့အခါမှာ ဘာသာတူတွေလည်း အခက်အခဲဖြစ်နိုင်တယ် ဒါကြောင်း နှစ်ပွဲ မလုပ်ပဲ တစ်ပွဲကိုပေါင်းပြီးလုပ်မယ် ဆိုပြီးစစ္စတာရ်တွေနဲ့ တိုင်ပြင်ပြီးတဲ့နောက် ကျောင်းပွဲနှင့် တွဲပြီး တော့ စစ္စတာရ်ကျောင်းသစ်ဖွင့်ပွဲကို တွဲပြီးကျင်းပဖြစ်ပါတယ်။
ကျောင်းပွဲနှင့် စစ္စတာရ်ကျောင်းဖွင့်ပွဲပါတွဲပြီး ကျင်းပတဲ့အဓိက ရည်ရွယ်ချက်ကတော့ နောက်နှစ်တွေ ကျောင်းပွဲတွေလုပ်တိုင်းမှာ စစ္စတာရ် တွေအတွက်လည်း အမှတ်တရ ဖြစ်စေဖို့ရန်အတွက်နဲ့ နောက် ဘုန်းဘုန်းတို့ ရွာမှာရှိတဲ့ဘာသာတူတွေ အခက်အခဲတွေကြားက ပွဲကျင်းပကြတာဖြစ်တဲ့အတွက် နှစ်ပွဲ မကျင်းပပဲ ပိုမိုပြီးတော့ အမှတ်တရ ဖြစ်သွားအောင် တစ်ပွဲတည်း ကောင်းကောင်းမွန်မွန်နဲ့ ကျင်းပဖြစ် အောင်လို့ ဒီကျောင်းပွဲမှာ စစ္စတာရ် ကျောင်းပွဲနဲ့တွဲပြီး ကျင်းပရခြင်းဖြစ်တယ်” ဟုပြောသည်။
ဂျော်ကင်း ဦးစိုးမင်း (သာသနာ့အကျိုးတော်ဆောင် အကော်မတီအတွင်းရေးမှူး)
သဲဖြူကျေးရွာမှာ သီလရှင်ကျောင်းအသစ်နှင့် သီလရှင်များရရှိလာခြင်းအတွက် ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်အသစ်တစ်ခု ရရှိသလိုခံစားရတယ်။ သီလရှင်တွေသဲဖြူကျေးရွာကို ရောက်ရှိတဲ့အချိန်မှာ တော့ သဲဖြူကျေးရွာ သာသနာအတွက် အားထားစရာ မိခင်ကောင်းတွေကိုပိုင်ဆိုင်ထား ရသလိုခံစားရ တယ်။
သီလရှင်ကျောင်း၊ သီလရှင်များရှိခြင်းအားဖြင့် ဘာသာရေးအမြင်၊ ပညာရေး၊ လူမှုရေးအတွက်လည်း များစွာအထောက်အကူပြုစေမယ်လို့မျှော်လင့်မိပါတယ်။ သဲဖြူကျေးရွာလေးက ဘာသာတူအိမ်ခြေ အလွန် နည်းပါးပါတယ် ဘာသာသတူ ဘာသာရေးအမြင်၊ ဘာသာရေးခံယူချက်အားနည်းကြပါတယ် ကိုယ့်သားသမီးပေါ်မှာ ဘာသာရေးအမြင် ကောင်းကောင်းပြန်လည် ပေးစွမ်းနိုင်စွမ်းမရှိကြပါဘူး။
အခုလိုသီလရှင်များရရှိခြင်းအပေါ်မှာပဲ ဘာသာတူကလေးသူငယ်များ ဘာသာရေးအတွေးအမြင်နှင့် ပေါင်းသင်းဆက်ဆံရေးတွေမှာ ပိုမိုတိုးလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ သာသနာတစ်ခုမှာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းရှိမှသာ သာသနာတစ်ခုက ကိုယ်အင်္ဂါရပ်ပြည့်စုံ သလိုကျွန်ုပ်နားလည်မိပါတယ်။ ဘာသာတူများအနေဖြင့်လည်း ဘုန်းကြီး သီလရှင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့အများကြီးလိုအပ်ပါတယ်။
သဲဖြူကျေးရွာ၌ ဘုန်းကြီး၊ သီလရှင်များရရှိထားတဲ့အတွက် သာသနာအမှုတွေမှာ အရင်ကထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ပိုပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဘရော်နီကား မိုင်ချိုနွယ်လွင်( ဒေသခံဘာသာဝင်)
စစ္စတာရ် တွေရောက်လာတော့ အရမ်းပျော်ပါတယ် စိတ်ကျေနပ်မှုလည်း အရမ်းရှိပါတယ်။ စ္စတာရ် တွေရှိခြင်းအားဖြင့် ကလေးတွေအတွက် ပိုပြီးလိမ္မာယဉ်ကျေးပြီး ဘုရားတရား၊ ဘုရားစကားပိုင်းတွေမှာ ပိုမိုတိုးတက်လာမယ့်အားသာချက်တွေအများကြီးရှိပါတယ်။ အရင်တုန်းက စ္စတာရ်တွေမရှိဘူးဆိုတော့ ကလေးတွေကို ခုလိုသင်ကြားပေးမဲ့သူမရှိဘူးပေါ့ ဘုန်းဘုန်းလည်း တစ်ပါး တည်းဆိုတော့ တစ်ခြားလည်းလုပ်စရာရှိတော့ ကလေးတွေဘက် အချိန်အများကြီးလည်းမပေးနိုဘူး။
ဒါကြောင့် ခုလိုစ္စတာရ်တွေ ရောက်လာတာ အများကြီးအကျိုးရှိပါတယ်။ဆက်ပြီးလည်းစ္စတာရ်တွေ ဘုန်းကြီးတွေနဲ့အတူ လက်တွဲပြီးတသာသနာလုပ်ငန်းတွေမှာ ပိုပြီးပါဝင်လုပ်ဆောင်ဖို့ စဉ်းစားထား ပါတယ်။ အရင်ကသူများရွားတွေမှာ သာစ္စတာရ် ကျောင်းဖွင့်ပွဲတွေသွားခဲ့တာ ကိုယ်ရွာမှာလဲ ဒီလို စ္စတာရ် တွေရရှိရင် အရမ်းကောင်းမှာပဲလို တွေးမိတာ ခုတော့တကယ်ပဲ ကိုယ့် ကျောင်းမှာ ခုလိုစ္စတာရ် ကျောင်းတွေ စ္စတာရ်တွေ ရရှိခဲ့ပြီဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်။
အောက်ဂတ်စတင်း ဆလိုင်းဦးခင်မောင်ရှင်း ( ဘုရားကျောင်း စက်ပိုင်းဆိုင်ရာ တာဝန်ခံ)
ကျွန်ုပ်တို့ဘာသာသူတွေအားလုံးက ဒီစ္စတာရ်ကျောင်းရတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ် အဓိကက တော့ ဒီမျိုးဆက်သစ်ကလေးသူငယ်တွေ အတွက်အရမ်းကို အကျိုးရှိ၊ တန်ဖိုးရှိပါတယ်လို့ ကျွန်ုပ်ခံယူပါတယ်။ စ္စတာရ်တွေရှိခြင်းအားဖြင့် အဓိကတော့ ကလေးတွေရဲ့ ဘုရားတရားယုံကြည်မှု ပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာမယ်။ ပြီးတော့ပညာရေးပိုင်းဆိုရင်လည်း ဒီကလေးတွေတွက် မူကြိုတွေ ကိုလည်းစ္စတာရ်တွေကပဲ ဦးဆောင်ပြီးလုပ်တာပိုပြီး အဆင်ပြေမယ်လို့မျော်လင့်ပါတယ်။
ဒုတိယကတော့ စ္စတာရ်တွေက ကျွန်ုပ်တို့လို အပြင်လူတွေထက်စာရင် ဘာသာဝင် တွေ လူငယ်တွေကို ပိုပြီး စည်းရုံးနိုင်တယ် ဦးဆောင်နိုင်တယ် အဲဒီလိုလုပ်နိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကျေးရွာမှာရှိတဲ့ ဘာသာဝင် လူကြီးလူငယ်မရွေး ဘုရားတရားအသိ ပိုမိုသိရှိလာမယ်လို့မျှော်လင့်ပါတယ်။
Sr. Emily မှန်တုန်ညောင် (LWST)
ကိုယ့်သာသနာမဟုတ်ပဲ တစ်ခြားသာသနာနယ်သစ်မှာ တာဝန်ကျတယ်ဆိုတော့ အဆင်ပြေနိုင်ပါ့မလား ဆိုပြီးနည်းနည်းတော့ စိတ်ပူမိတယ်။ ဘယ်လိုဖြစ်ဖြစ် ကိုယ်တာဝန်ကျတဲ့နေရာ မှာ အတတ်နိုဆုံး ကိုသိသလောက် အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ တွေးထားတယ်။
အဓိကကတော့ ဒီကျေးရွာမှာ ရှိတဲ့ ကလေးငယ်တွေသာမက ဘာသာတူတွေအားလုံးတွက် ဘုရားတရား အတွေး အမြင်တွေကို ဒီထက်ပိုနားလည်နိုင်အောင် အရင်ကူညီပေးချင်တယ်။
Sr. Theresa မ စိန် (LWST)
ဒီသဲဖြူကျေးရွာကဘာသာတူများ စစ္စတာရ်တို့ကို နွေးနွေးထွေးထွေးကြိုဆိုပေးတဲ့အတွက် အရမ်း ပျော် ပါတယ်။ ခုစစ္စတာရ် က ဒီသဲဖြူကျေးရွာ မှာ ဘုရားကျောင်းပိုင်းနှင့် မိခင်အသင်းတွေကို ဦးဆောင်နေပါ တယ်။ ပြီးတော့မယ်တော့တမန်တော် အသင်းတွေနဲ့လက်တွဲပြီးတော့ ဘာသာတူအိမ်တွေမှာ စိပ်ပုတီး စိပ်ဆုတောင်းပေးတာတွေ လုပ်ဖြစ်တယ်
Sr. Ruth Ning (LWST)
စစ္စတာရ် တို့ ဒီသဲဖြူကျေးရွာကို ဒီမန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ဘုရား၏ ဖိတ်ကြားခြင်း နှင့် စစ္စတာရ်ကြီးတွေရဲ့ စေလွှတ်ခြင်းကြောင့် စစ္စတာရ်တို့ လေးပါး ဒီကို ရောက်လာခြင်းဖြစ်ပါတယ်။
စစ္စတာရ်တို့ ခုလိုကျောင်းဆောင်သစ်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ လုပ်ချင်တာတွေတော့ အများကြီးတော့ရှိတယ် ဒါမဲ့ စစ္စတာရ် တို့က ခုမှရောက်တာဆိုတော့ ဘာမှကြီးကြီးမားမားတော့မလုပ် နိုင်သေးဘူး။ မူကြိုကျောင်းနှင့် အခမဲ့ဆေးခန်း တွေတော့စလုပ်နေပါပြီ စစ္စတာရတို့ကို လိုအပ်တာတွေ ဝိုင်းကူညီပေးသော အယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။

