နိုဝင်ဘာလအတွက် ဆုတောင်းရန်ရည်ရွယ်ချက် ပဋိပက္ခဖြစ်ပွါးသော နေရာ၌ ရှိနေကြသော ခရစ်ယာန်များ အတွက်

ပဋိပက္ခဖြစ်ပွါးသော နေရာ၌ ရှိနေကြသော ခရစ်ယာန်များ အတွက်🙏 အရှေ့အလယ်ပိုင်းနဲ့ စစ်ပွဲ-ပဋိပက္ခဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ခရစ်ယာန်များ မျှော်လင့်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့မျိုးစေ့များ ဖြစ်လာ နိုင်ကြဖို့ ကျွန်ုပ်တို့ ဆုတောင်းပေး ကြပါစို့။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်းဖို့ ရည်ရွယ်ချက် ကတော့ ပဋိပက္ခ ဖြစ်ပွါးသော နေရာမှာ ရှိနေကြတဲ့ ခရစ်ယာန်များအတွက် ဖြစ်ပါတယ်။ #ဆုတောင်းကြစို့ အိုငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်၊ ကိုယ်တော့်သား၏ အသွေးတော်အားဖြင့် မိမိကိုယ်ကိုလောကနှင့် ကျေအေး တော်မူခဲ့ပါသည်။ ဤယနေ့ ပဋိပက္ခဖြစ်ပွါးနေသော နေရာတွင်နေထိုင် ကြသည့် ခရစ်ယာန်များအတွက် ဆုတောင်း ကြပါသည်။ ဒုက္ခဆင်းရဲများ ဝိုင်းရံနေသော သူတို့သည် ကိုယ်တော် ရှင်မြတ်၏ နူးညံ့ညင်သာစွာ တည်ရှိ တော်မူခြင်းနှင့်အတူ သူတို့၏ ညီအစ်ကိုမောင်နှမများက ယုံကြည်ခြင်းဖြင့် ဆုတောင်းပေး နေကြသည်ကို အစဉ်ခံစား ရရှိကြပါစေ။ ကိုယ်တော်ရှင် တစ်ပါးတည်းနှင့် ညီအစ်ကို တို့၏ ခွန်အားဖြင့် ပြန်လည် သင့်မြတ်ခြင်း၏ မျိုးစေ့များနှင့် နည်းလမ်း ပေါင်းစုံဖြင့် မျှော်လင့်ခြင်း ပေါင်းကူး တံတားကို တည်ဆောက် လမ်းပြသူများ ဖြစ်စေတော်မူပါ။ သူတို့သည် ခွင့်လွှတ်တတ်ခြင်းနှင့် ရှေ့ဆက်ကြရန်၊ ကွဲပြားနေမှုများထဲ ပေါင်းကူးတံတား ခင်းခြင်းနှင့် ကရုဏာဖြင့် တရားမျှတမှုကို ရှာဖွေနိုင်စေ တော်မူပါ။ ငြိမ်းချမ်းရေးကိုဆောင်သူတို့ကို “မင်္ဂလာရှိ၏” ဟူ၍ မိန့်ကြား တော်မူသော အို ယေဇူးအရှင်မြတ်၊ စည်းလုံးရန်ခက်ခဲသောနေရာများ၌ပင် ကျွန်ုပ်တို့အား ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများ ဖြစ်စေတော်မူပါ။ မှောင်မိုက်ချိန်၌ မျှော်လင့်ခြင်း၏ အရင်းအမြစ် ဖြစ် တော်မူသော သန့်ရှင်းသော ဝိညာဉ်တော် မြတ်ဘုရား၊ ဆင်းရဲ ဒုက္ခရောက်နေသူများ၏ မျှော်လင့်ခြင်းကို တိုးပွါးစေပြီး ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေတော်မူပါ။ ကျွန်ုပ်တို့ကို ဥပေက္ခာပြုသူများ မဖြစ်စေဘဲ၊ သခင်ယေဇူး လုပ်ဆောင်သကဲ့သို့ စည်းလုံးခြင်းကို တည်ဆောက်သူများ ဖြစ်စေတော်မူပါ။ အာမင်၊…

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *