ရဟန်းမင်းကြီးလီယို (၁၄) ကာလ်မဲလိုက်ရသေ့သီလရှင်များထံသွားရောက်လည်ပတ်ကြည့်ရူခဲ့။

ရဟန်းမင်းကြီးလေအို (၁၄) သည် နို၀င်ဘာ (၃၀) တနင်္ဂနွေနေ့မွန်းလွှဲပိုင်း၌လက်ဘနွန်သို့ ရောက် ရှိပြီး သီတင်းသုံးနေသည်မှာယနေ့နှင့်ဆိုလျှင် (၂) ရက်ရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် လက်ဘ နွန်၌ (၂) ရက်သာသီတင်းသုံးမည်ဖြစ်သောကြောင့် လက်ခံတွေ့ဆုံရမည့်သူများ၊ အစီအစဉ်များစွာရှိနေမည် မှာမ လွှဲပေ။ မည်မျှပင်အစီအစဉ်များကြပ်ညှပ်နေစေကာမူရဟန်းမင်းကြီးသည် လက်ဘနွန်နိုင်ငံ ၊ Harissa ရှိ ဘုရား၏မယ်တော်ကာလ်မဲလိုက်ရသေ့သီလရှင်ကျောင်းသို့အရောက်သွား၍ကြည့်ရူနှုတ်ဆက်ခဲ့သည်။

ရ ဟန်းမင်းကြီးသည် ရသေ့သီလရှင်တစ်ပါးစီအားရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ခဲ့သည်။ ထိုဒေသ၌ သီလ ရှင် ကျောင်းနှစ်ကျောင်းရှိရာအဆိုပါသီလရှင်ကျောင်းတိုက်မှတာ၀န်ခံသီလရှင်အကြီးအကဲ (၂) ပါးနှင့် လည်း တွေ့ဆုံစကားပြောခဲ့သည်။ ရဟန်းမင်းကြီးသည် ရသေ့သီလရှင်များအားဩ၀ါဒမြွတ်ကြားရာ၌ ၄င်းတို့၏ရ သေ့သီလရှင်အသက်တာအတွက်အခရာကျလှသောစကား (၃) ခွန်းကိုမိန့်ကြားခဲ့သည်။ ၄င်းတို့မှာ နှိမ့်ချ ခြင်း၊ ဆုတောင်းခြင်းနှင့်အခြေအနေအရပ်ရပ်ဆက်ကပ် ပူဇော်တတ်သောစိတ် ကိုမွေး မြူထားရန်ဖြစ်သည်။

ရဟန်းမင်းကြီးနှင့်၌သေ့သီလရှင်တို့၏တွေ့ဆုံခြင်းသည်နာရီ၀က်ခန့်ကြာမြင့်ခဲ့ပြီးနောက် ကောင်းကင် ဘုံ မေ တ္တာကိုအတူတကွရွတ်ဆိုပူဇော်ပြီးနောက် ရဟန်းမင်းကြီး၏တမန်တော်ကောင်းချီးကို ပေးခဲ့ သည်ဟုဗာတီ ကန်သတင်းဌာန၌ဖော်ပြထားသည်။

ဘာသာပြန် Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *