
ရဟန်းမင်းကြီးလက်ဘနွန်နိုင်ငံ၏ဆေးရုံသို့ကြွရောက်ကြည့်ရူအားပေးခဲ့။

ရဟန်းမင်းကြီးလီယို (၁၄) ၏ (၃) ရက်တာလက်ဘနွန်နိုင်ငံ၏ခရီးမှာများမကြာမီကုန်ဆုံး တော့မည်။ မည်မျှကြာမှနောက်တစ်ခေါက်ပြန်လည်ကြွရောက်လာနိုင်မည်မသိ။ မမှန်းဆနိုင်ပေ။ ထို့ကြောင့် ရဟန်း မင်းကြီးအဖို့မိနစ်တိုင်း၊ စက္ကန့်တိုင်းသည်အလွန်တန်ဖိုးရှိသောကြောင့်မောသော်လည်းမမောနိုင်ရှာဘဲ အစီအစဉ်ရေးဆွဲထားသည့်အတိုင်းပြေးလွှားအရောက်သွားရရှာသည်။
ရဟန်းမင်းကြီးသည်ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်း၌ Jal Ed Dib ရှိ the La Croix Hospital ဆေးရုံသို့ အရောက်သွားခဲ့သည်။ ဤဆေးရုံသည်မြန်မာနိုင်ငံမှ ယခင်တံတားလေးဆေးရုံကဲ့သို့ သောစိတ် ကျန်း မာရေး၊ အာရုံကြောနှင့်ဦးနှောက်မူမမှန်သောသူများကိုပြု စုစောင့်ရှောက်သည့်နိုင်ငံအတွင်း ၌သာမ ဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသ၏အကြီးဆုံးဆေးရုံတစ်ရုံဖြစ်သည်။ (၁၉၁၉) ခုနှစ်ကကက်သလစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်သော သူတော်မြတ်ဖာသာရ် Jacques Haddad ကတည်ဆောက်ခဲ့သည်။ အထွေ ထွေကုဆေးရုံအဖြစ်အသုံးပြုနေရာမှ (၁၉၃၇) ၌ စိတ်ကျန်းမာရေးကုသသောဆေးရုံ အဖြစ် ပြောင်းလဲအသုံး ပြုခဲ့ပြန်သည်။ တဖန် (၁၉၅၁) ၌မူစိတ်ကျန်းမာရေးခံစားရသူများကို ကုသသော ဆေးရုံအဖြစ်အသုံးပြုလာခဲ့ သည်။
ရဟန်းမင်းကြီးသည်ဆေးရုံ၌ဩ၀ါဒမိန့်ကြားခဲ့ရာ သူ၏ဩ၀ါဒထဲ၌ဤနေရာသို့ရောက်ရှိလာ ရခြင်း ကြောင့်၀မ်းသာကျေနပ်ရကြောင်း၊ သူ့အနေဖြင့်လည်းလာရောက်လည်ပတ်ရန်ဆန္ဒရှိခဲ့ကြောင်း၊ အ ဘယ်ကြောင့်ဆိုသော် ယေဇူးသခင်ဤနေရာ၌စံပ္ပါယ်နေကြောင်း၊ ဆိုလိုသည်မှာမကျန်းမမာဖြစ်နေသော သင်တို့၌လည်းကောင်း၊ သင်တို့ကိုစောင့်ရှောက်ကုသပေးနေကြသော၀န်ထမ်းများ၌လည်းကောင်း စံပ္ပါယ် နေကြောင်း၊ ၄င်းတို့အားလုံးအတွက်လည်းဆုတောင်းပေးမည်ဟုကတိပေးခဲ့သည်။
ဆေးရုံတစ်ရုံတည်ဆောက်ရန်မှာ ကရုဏာရေးလုပ်ငန်းကိုမမောမပမ်းနိုင်အောင်လုပ်ဆောင် နိုင်မှဖြစ် သည်။ ထို့ကြောင့်သူတော်မြတ်ဖာသာရ် Jacques သည်ကရုဏာရေးလုပ်ငန်း၏တမန်တော်ဖြစ် သည်။ သူ၏သန့်ရှင်းခြင်းကိုလည်းသူနှင့်သိကျွမ်းခဲ့ရသူများအမှတ်ရနေကြသည်။ သူ၏မေတ္တာတရားကို ဆင်း ရဲ၊ နွမ်းပါး၊ ချို့တဲ့သူများ၊ ဝေဒနာခံစားနေရသူများအားဖြင့်ပြသခဲ့သည်။ သူ၏ကရုဏာရေးလုပ်ငန်း ကိုဆက်လက်ဦးဆောင်သွားနိုင်ရန်ရည်ရွယ်၍ လက်၀ါးကားတိုင်၏ ဖရန်စစ္စကင်သီလရှင် အသင်းကို လည်း တည်ထောင်ခဲ့သည်။ ဤသီလရှင်အသင်းသည် အာရုံကြောနှင့်စိတ်ပိုင်းဆိုင်ရာ ပုံမှန်မရှိ သောဝေဒနာရှင် များကိုအဓိကစောင့်ရှောက်သောအမှုတော်ကိုထမ်းဆောင်သည်။ ရဟန်းမင်းကြီးသည် ဤအမှုတော်ကိုထမ်း ဆောင်နေသောသီလရှင်များ၊ ၀န်ထမ်းများအားလုံးကိုလည်းကျေးဇူးတင်ကြောင်း၊ ၀န်ထမ်းများသည်ခရစ္စ တူးသခင်၏ကရုဏာသနားခြင်းကိုထိတွေ့ခံစားနိုင်အောင် ဖန်တည်းပေး သူများ ဖြစ်ကြကြောင်း၊ ကောင်း သောဆာမာရီတန်ကဲ့သို့ဝေဒနာသည်များအားကုသစောင့် ရှောက်ပေးနေ ကြောင်း၊ ဤအမှုတော်ကိုထမ်းရာ ၌ခက်ခဲပင်ပန်းပြီး၊ တစ်ခါတရံနွမ်းနယ်လာခြင်း၊ စိတ်ဓာတ် ကျမှု များနှင့်ကြုံရသော်လည်း ပျော်ရွှင်မှုမပ ပျောက်စေရန်၊ အထူးသဖြင့်အလုပ်နှင့်စပ်လျဉ်းသောစိန်ခေါ်မှု များ၌သင်တို့ဖြည့်ဆည်းလုပ်ဆောင်နိုင်သည့် ကောင်းကျိုးကိုအစဉ်မျက်မှောက်ပြုပါ။ ဤအမှုတော် သည်ဘုရားသခင်၏မျက်မှောက်တော်၌အလွန်ကြီး မြတ်သည်ဟုအားပေးတိုက်တွန်းခဲ့သည်။
ဆေးရုံ၌အလုပ်လုပ်ရသောကြောင့်လည်း သင်တို့၏လုပ်ဆောင်မှုများသည်သင်တို့၏နိုင်ငံကို လည်း ကောင်း၊ ဝေဒနာရှင်တို့၏မိသားစုကိုလည်းကောင်းအကောင်းဆုံးသောသတိပေးနေသည်မှာထိ လွယ်ရှ လွယ်သောသူတို့ကိုမေ့မထားကြရန်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့်ဒုက္ခ၊ ဝေဒနာမရှိသောဘ၀ကို သာရ လိုသည်ဟုတွေး၍မှားယွင်းသောအတွေးအခေါ်၌စီးမျောသာယာကာ မသန်စွမ်းသောသူများ၊ မိမိတို့ ကိုယ်ကိုမကာကွယ်နိုင်သောသူတို့ကိုလစ်လျှူရူသောလူ့အဖွဲ့အစည်းကိုတည်ဆောက်၍မရ။ အထူးသ ဖြင့် ကျွန်ုပ်တို့ခရစ်ယာန်များသည် ခရစ္စတူးသခင်၏မိသားစုဖြစ်သည့်အားလျာ်စွာ ဆင်းရဲသောသူ တို့ကို စောင့် ရှောက်ရန်ဧ၀ံဂေလိတရား၏ခေါ်တော်မူခြင်းကိုခံထားရသည်။

