ရဟန်းမင်းကြီးလီယို (၁၄) လက်ဘနွန်နိုင်ငံသို့ကြွရောက်။ 

ရဟန်းမင်းကြီးလေအို (၁၄) ၏တူရကီနိုင်ငံ၌ (၄) ရက်ကြာသီတင်းသုံးခဲ့သောကာလကား ယမန်နေ့ က အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ထို (၄) ရက်တာသီတင်းသုံးခဲ့သည်ကိုချုပ်ရလျှင် ရဟန်းမင်းကြီးသည် နိုင် ဆင်းအစည်းအ‌ဝေးကြီးကျင်းပခဲ့သည့် (၁၇၀၀) ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြင့် İznik ၌ကျင်းပ သောခရစ်ယာန်ခေါင်းဆောင်များ၏အခမ်းအနားသို့တက်ရောက်နိုင်ခဲ့ခြင်း၊ ဩသိုဒေါ့စ်ခရစ်ယာန်တို့၏ ခေါင်းဆောင် Patriarch Bartholomew I၊ အခြားသောကမ္ဘာ့ခရစ်ယာန်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ သည်။

 အဆိုပါအစည်းအ‌ဝေး၌ရဟန်းမင်းကြီးက စည်းလုံးခြင်းကိုသင်ကြားပေးခဲ့သောပုဂ္ဂိုလ်သုံးပါးတစ်ဆူ ဘုရားကိုယုံကြည်သည်ဟုဆို၍ ခရစ်ယာန်များကွဲပြားနေခြင်းသည်မကောင်းလမ်းပြသကဲ့သို့ဖြစ်ပြီး၊ ဤအ ခြေအနေကိုကျော်လွှားနိုင်ရန်၊ စည်းလုံးခြင်းကိုလူတိုင်း ၀ါယမစိုက်လုပ်ဆောင် ကြရန်တိုက် တွန်း ခဲ့သည်။

 ရဟန်းမင်းကြီးသည် တူရကီမှလက်ဘနွန်သို့မပြီးဆုံးသေးသောသူ၏တမန်တော်ခရီးဆက် လက်ကြွ သွားရာဘေရွတ်လေဆိပ်သို့ဘေးရန်မခဘဲဆိုက်ရောက်သွားခဲ့သည်။ ရဟန်းမင်းကြီးအား ရဟန်း မင်း ကြီးကိုယ်စားလှယ်နှင့်လက်ဘနွန်အာဏာပိုင်အကြီးအကဲတို့မှကြိုဆိုခဲ့သည်။ အာရဗီစကားဖြင့် ‘Baba Liyū’ (ရဟန်းမင်းကြီးလေအို ၁၄) ဟုကြွေးကြော်ကြိုဆိုခဲ့ကြသည်။ လက်ဘနွန်မြေသို့လွန်ခဲ့သော (၁၃) နှစ်ကရဟန်းမင်းကြီးကြွရောက် ခဲ့ပြီးနောက် ယခုမှတစ်ကြိမ်ထပ်မံကြွရောက်လာခြင်းဖြစ်သည်။  

  လက်ဘနွန်မြို့သည်ဆီးယား၏မြို့တော်ဒါမားစကက်စ်နှင့်ကီလိုမီတာ (၁၀၀)၊ အီစ္စရေး မြောက်ပိုင်း နှင့် လည်းဆတူသောအကွာအ‌ေ၀းသာရှိသည်။ ဤပထ၀ီအနေအထားသည် ရဟန်းမင်းကြီး၏ တမန်တော် ခရီးဒုတိယမှတ်တိုင်သည်အ‌ရေးပါသည်ကိုဖော်ပြနေပါသည်။

 တူရကီနိုင်ငံ၌မှုခရစ်ယာန်များတွေ့ဆုံဆွေးနွေးခြင်း၊ သက်၀င်ယုံကြည်မှုမတူသောဘာသာ ရေးခေါင်း ဆောင်များနှင့်နှီးနှောဆွေးနွေးခြင်းကိုပြုလုပ်ခဲ့သည်။ ယခုဘေရွတ်မြို့၌မူ ငြိမ်းချမ်းရေးအကြောင်း အရာ သည်အဓိကဖြစ်ကြောင်းကို ရဟန်းမင်းကြီး၏တမန်တော်ခရီးဦးတည်ချက်၌ ‘ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သောသူတို့သည်မဂ်လာရှိကြ၏’ ဟုရေးထိုးထားပါသည်။

 လက်ဘနွန်နိုင်ငံသည်စီးပွားရေးအကြပ်အတည်း၊ ငွေကြေးဖောင်းပွမှုနှင့်ဒေသငွေကြေး၏ တန်ဖိုးအား နည်းလာမှုကိုဆိုး၀ါးစွာကြုံနေရသည်။ အခြေခံလိုအပ်ချက်များဖြစ်သည့်လျှပ်စစ်မီးမကြာခဏ ပြတ် လပ်မှုများကြုံရခြင်း၊ ‌‌ဆေး၀ါး၊ လောင်စာပြတ်လပ်မှုများကြုံနေရသည်။ ထို့အတူဆီးရီးယားနှင့်ပါလက် စတိုင်းဒုက္ခသည်နှစ်သန်းခန့်ကိုလည်းလက္ခံထားရသော၀န်ထုပ်ကြီးကိုလည်းထမ်းထားရသည်။

ဒုက္ခသည် များကိုအဓိကကူညီထောက်ပံ့ပေးသောအဖွဲ့အစည်းများအနက် ကက်သလစ်သာသနာ သည် အဓိကထောက် တိုင်ဖြစ်နေသည်။

 လက်ဘနွန်နိုင်ငံသို့ရဟန်းမင်းကြီးကြွရောက်ခြင်းနှင့်စပ်လျင်း၍မာရွန်နှိုက် (Maronite) ၀ိ နည်းကျင့် သုံးသောကက်သလစ်သာသနာ၏ကာဒီနယ် Bechara Boutros Rai ကဗာတီကန်သတင်းဌာန၏ မေးမြန်း ချက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့သည်။ ရဟန်းမင်းကြီး၏ကြွရောက်ခြင်းသည် ၀ိညာဉ်ရေးနှင့် ကိုယ် ကျင့်တရားဆိုင်ရာရူထောင်များသယ်ဆောင်လာသည်။ လက်ချည်းဗလာဖြင့်လည်းလာမလာ။ ၀ိညာဉ် ရေး၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သောလက်ဆောင်မွန်များအပြည့်ယူလာခဲ့သည်။ ထို့ကြောင့် လက်ဘနွန် ပြည် သူများအားသူအနေဖြင့်ပန်ကြားလိုသည်မှာပြောင်းလဲကြပါ။ စာမျက်နှာသစ်ကိုဖွင့်လှစ်ကြပါ။ ငြိမ်းချမ်းရေး၊ မျှော်လင့်ချက်စာမျက်နှာကိုဖွင့်ပါ။ ကျွန်ုပ်တို့၏နိုင်ငံအတွင်းဘာမျှ မဖြစ်ပွားခဲ့ သည့် နှယ်နေ၍မဖြစ်ပါ။ ရဟန်း မင်းကြီးရောက်လာ၍ခမ်းနားစွာပျော်ကြ၊ ကြိုဆိုကြသည်။ ရဟန်းမင်းကြီး ပြန်ကြွသွားပြီးနောက်နိုင်ငံ၏အ ခြေအနေသည်ဒုံရင်းကဒုံရင်းအတိုင်းပြန်ဖြစ်သွားလျှင် မည်သည့် ကောင်းကျိုးမျှမရှိ။ လုံး၀မဖြစ်သင့်ပါ။ လက် ဘနွန်နိုင်ငံသားများအနေဖြင့် အနည်းငယ် အချိန် ယူ၍ဆင်ခြင်ထောက်ရူရန်၊ ရဟန်းမင်းကြီးကြွရောက်လာ ခြင်းကိုတန်ဖိုးထားစေလိုပါသည်။ လက်ဘနွန် နိုင်ငံသည်လွန်စွာခက်ခဲကြပ်တည်းသောအခြေအနေကိုဖြတ် သန်းနေရသည်ကိုကောင်းစွာသိပါသည်။ လက်ဘနွန်နိုင်ငံ၏ဒီမိုကရေစီစနစ်နှင့်သက်၀င်ယုံကြည်မှုများ ပြားခြင်းသည်အခြားအရှေ့ အလယ်ပိုင်း ဒေသနှင့်မတူပေ။

  ရဟန်းမင်းကြီး၏ပထမဦးဆုံးအစီအစဉ်၌ နိုင်ငံရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်းဖြစ်သည်။ ရဟန်း မင်းကြီးအားလေဆိပ်၌ကြိုဆိုကြပြီးနောက်နိုင်ငံတော်သမ္မတ Joseph Aoun ထံကြွရောက်နှုတ် ဆက်ပြီး နိုင်ငံတော်၀န်ကြီးချုပ် Nawaf Salam နှင့်တွေ့ဆုံခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအရနိုင်ငံတော် သမ္မတသည် မရွန်နှိုက်ခရစ်ယာန်ဖြစ်ရမည်။ ထို့‌နောက်ပါ လီမန်၏ပြောရေးဆိုခွင့်ရှိသူ Nabih Berri နှင့် တွေ့ဆုံခဲ့ သည်။ ဆက်လက်၍လက်ဘနွန်နိုင်ငံအတွင်းဘာသာကြီး (၃) ခုဖြစ်သော မာရွန်နှိုက်ခရစ်ယာန်၊ ရှီးဟိုက်၊ ဆူနီမွတ်စလင်ဘာသာရေးခေါင်းဆောင်တို့နှင့်တွေ့ဆုံမည်ဖြစ်သည်။

   တနဂ်နွေနေ့အတွက် ရဟန်းမင်းကြီး၏နောက်ဆုံးအစီအစဉ်မှာအစိုးရအာဏာပိုင်များ၊ အရပ် ဖက်အဖွဲ့အစည်းများ၊ သံတမန်မိသားစုများနှင့်တွေ့ဆုံ၍လက်ဘနွန်နိုင်ငံအတွင်း ပထမဦးဆုံး ဩ၀ါဒ မြွတ် ကြားမည်ဖြစ်သည်။        

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *