
ရှင်အန်ဒရူး
သံအန်ဒရူးဟာဂါလေးလေးယပြည်ဂျေနာဇရက်အိုင်ကမ်းပေါ်မှာရှိတဲ့တံငါသည်ရဲ့သားဖြစ်ပါတယ်။အစ်ကိုဖြစ်တဲ့သံပေတရုကိုလည်း ဘုရားရှင်ထံခေါ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။သံအန်ဒရူးဟာဘုရားဝတ်မှာမွေ့လျော်ပြီးကောင်းမှုပြုလိုတဲ့ဆန္ဒရှိပါတယ်။သခင်ခရစ်တော်ရဲ့ဆုံးမသွန်သင်ချင်တွေကိုနာခံပြီးသခင်ခရစ်တော်နဲ့အတူလာနေတတ်ပါတယ်။မကြာမကြာတော့သူ့ရဲ့တံငါလုပ်ငန်းရှိရာအိမ်ကိုပြန်သွားတတ်ပါတယ်။ယောဟန်ရဲ့စကားဖြစ်တဲ့ဘုရားသခင်ရဲ့သူငယ်တော်ကိုကြည့်သောဆိုတဲ့စကားကိုကြားရတဲ့အခါမှာသံအန်ဒရူးနဲ့အခြားတပည့်တစ်ဦးဟာသခင်ခရစ်တော်ရဲ့နောက်တော်ကိုလိုက်ခဲ့ကြပါတယ်။အဲ့ဒီနောက်သခင်ခရစ်တော်ရဲ့ဘာသာရေးကျင့်စဉ်အတိုင်းကိုသစ္စာရှိရှိကျင့်တာကြောင့်အလင်းကျေးဇူးတော်ခံစားရပြီ။ဒီနက်နဲလှတဲ့စကားဖြစ်တဲ့ဘုရားရဲ့သိုးငယ်တော်ဆိုတဲ့မိန့်ဆိုချက်ကိုနားလည်လာခဲ့ပါတယ်။အဲဒီနောက်မှာသံအန်ဒရူးနဲ့တခြားတပည့်တော်တစ်ပါးဟာကိုယ်တော်ရှင်နောက်သို့ကိုလိုက်ခဲ့ကြပါတယ်။သခင်ခရစ်တော်ကနောက်ကိုလှည့်ကြည့်ပြီးသူတို့လိုက်လာတာကိုမြင်တဲ့အခါမှာသင်တို့ဘာကိုရှာသလဲလို့မေးတော်မူခဲ့ပါတယ်။အဲဒီအခါမှာသံအန်ဒရူးကကိုယ်တော်ဘယ်အရပ်မှာနေတယ်ဆိုတာကိုသိလိုပါတယ်လို့လျှောက်ခဲ့ပါတယ်။သခင်ခရစ်တော်ကလဲလိုက်လာပြီးကြည့်တော့လို့မိန့်တော်မူခဲ့ပါတယ်။အဲဒီအချိန်ကနေစပြီးကိုယ်တော်ရှင်နောက်တော်ကိုလိုက်ခဲ့တဲ့အတွက်ကြောင့်သူဟာကိုယ်တော်ရှင်ပထမဦးဆုံးဖြစ်ခဲ့ပါတယ်။သံအန်ဒရူးဟာသူကြားနာခဲ့သမျှကိုသူ့ရဲ့အကိုဖြစ်သူသံပေတရူးကိုပြောပြခဲ့ပါတယ်။ကိုယ်တော်ရှင်ရဲ့ ပထမဆုံးတန်ခိုးပြတော်မူခဲ့တဲ့ကာနန်မြို့လက်ထပ်ပွဲမှာကိုယ်တော်ရှင်နဲ့အတူမယ်တော်လည်းရှိနေပြီးသူတို့လည်းရှိနေခဲ့ပါတယ်။သူတို့ဟာကိုယ်တော်ရှင်ရဲ့အခွင့်အာဏာနဲ့နာမတို့အားဖြင့်ဆေးကြောခြင်းပြုခဲ့ကြပါတယ်။သူတို့ရဲ့အလုပ်ကနေအခွင့်အတိုင်းသားတိုင်းကိုယ်တော်ရှင်ထံကိုသွားရောက်ပြီးကိုယ်တော်ရှင်ရဲ့တရားကိုနာယူခဲ့ကြပါတယ်။ဒါတင်မကပါဘူးမိမိတို့ရဲ့အလုပ်နဲ့မိသားစုကိစ္စကိုလည်းပြန်ပြီးဆောင်ရွက်ခဲ့ကြပါတယ်။လူကိုဖမ်းတဲ့တံငါသည်များဖြစ်စေမယ်လို့မိန့်တော်မူပြီ။တရားတော်ကိုဟောပြောဖို့ရန်အတွက်ခေါ်တော်မူခဲ့ပါတယ်။အဲဒီအခါမှာသူတို့နှစ်ဦးစလုံးဟာပိုက်ကွန်ကိုပစ်ထားခဲ့ပြီးကိုယ်တော်ရှင်ရဲ့နောက်တော်ကိုထပ်ကပ်မကွာလိုက်ခဲ့ကြပါတယ်။နောက်မှာသံအန်ဒူးဟာတရားဒေသနာတော်တွေကိုအရပ်ဒေသများကိုကြွရောက်ဟောပြောခဲ့ပါတယ်။နောက်ဆုံးမှာတရားတော်အတွက်သံအန်ဒရူးဟာသံကျင်ပေါ်တင်ပြီးအသတ်ခံခဲ့ရပါတယ်။သံအန်ဒရူးကိုကြာကြာဒုက္ခခံပြီးမှသေရအောင်သံကျင်ပေါ်မှာသန်းနဲ့မရိုက်ပဲကြိုးနဲ့ချီထားခဲ့ပါတယ်။သူ့ကိုချီထားတဲ့သစ်သားတိုင်နှစ်တိုင်ကိုတစ်ဖက်နဲ့တစ်ဖက်ကြက်ခြေခတ်ပုံစံဖြစ်ပြီးအောက်ခြေကိုမြေမှာစိုက်ထားပါတယ်။လက်နှစ်ဖက်ကိုအပေါ်ဘက်ကိုင်နှစ်တိုင်မှာတတိုင်စီတစ်ဖက်စီခြေထောက်တွေကိုလည်းအောက်ခင်နှစ်တိုင်မှာချီထားပါတယ်။သံအန်ဒရူးဟာအိန္ဒြေမပျက်ပဲတုန်လှုပ်ချောက်ချားခြင်းမဖြစ်ဘဲကျွန်တော်တို့သခင်ရဲ့ကိုယ်ခန္ဓာကိုယ်နဲ့စတေးခြင်းခံရပြီးတန်ဖိုးရှိတဲ့သခင်ယေဇူးကျွန်ုပ်ကိုလက်ခံ၍သင့်အပေါ်မှာကျွန်ုပ်ကိုကယ်တင်တော့ခရစ်ရှူးထံတို့ပို့ပေးပါလို့ဆုတောင်းခဲ့ပါတယ်။နိုဝင်ဘာလ၃၀ရက်နေ့မှာကွက်မြက်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီကနေ ကွန်စတင်တီနို ပဲမြို့ကိုပြောင်းလာခဲ့ပါတယ်။သံအန်ဒရူးရဲ့အောက်မေ့ဖွယ်ကျန်ရစ်ခဲ့တဲ့အရာတွေကိုပြင်သစ်ပြည်မာဆေးမြို့ကိုယူဆောင်သွားခဲ့ကြပါတယ်။

