အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ ။

အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ကိုနို၀င်ဘာလ၌အ မှတ်ရကျင်းပလေ့ရှိသည်။ နေ့အတိအကျကိုမူသတ် မှတ်၍မရ။ ကာလကိုကား နှစ်စဉ်ခရစ္စတူးဘုရင်ပွဲနေ့ကျင်းပပြီးကျရောက်လာသောဗုဒ္ဓဟူးနေ့၌ ကျင်းပ လေ့ရှိသည်။ ထို့ကြောင့်အချို့နှစ်၌စော၍၊ အချို့နှစ်၌နောက်ကျတတ်သည်။ ယခုနှစ် (၂၀၂၅) ၏အနီ ရောင်လွှမ်းသောဗုဒ္ဓဟူးနေ့သည် နို၀င်ဘာ (၂၆) နက်နံနေ့၌ကျရောက်မည်ဖြစ်သည်။

အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ကိုကျင်းပရခြင်း ၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်၀ှမ်း၌ဖိနှိပ်ညှဉ်းဆဲ၊ ဖမ်း ဆီးသတ်ဖြတ်ခံနေရသောခရစ်ယာန်များအ တွက်ကမ္ဘာကသတိထားမိစေရန်နှင့်ကာကွယ်ပေး ကြရန် တောင်းဆိုသောလှုပ်ရှားမှုတစ်ခုဖြစ်သည်။ ဤပွဲကိုနှစ်စဉ် Aid to the Church in Need (ACN) (လို အပ်သောသာသနာများအားကူညီထောက်ပံ့ပေးသောအဖွဲ့) ၏အစီအစဉ်ဖြစ်သည်။

အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ကိုကျင်းပရာတွင် ကမ္ဘာပေါ်ရှိကက်သလစ်ခရစ်ယာန်များက ထိုနေ့ကျ ရောက်သောညပိုင်း၌ အားလုံးအတွက်အဆင်ပြေသည့်အချိန်ကိုသတ်မှတ်၍ မီးလုံး (သို့) ဖယောင်း မီးများကိုအနီရောင်သမ်းအောင်စီမံဆောင်ရွက်၍ စီတန်းလှည့်လည်ဆုတောင်းကာမီးပူဇော်ကြမည်။

ထိုသို့ထွန်းညှိပြီးနောက် သတ်မှတ်ထားသောဆုတောင်းမေတ္တာကိုရွတ်ဆိုပူဇော်ကြသည်။ ဤ အစီအစဉ် ကို မိမိတို့၏မိသားစုအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းများ၊ အဖွဲ့အစည်းများ၏အဆောက် အဦး များ၌လည်းကျင်းပနိုင်ပါသည်။ စီစဉ်သူများ ၏မှန်းချက်အရ ကမ္ဘာတစ်၀ှမ်းလုံး၌ လူပေါင်းတစ်သန်းခွဲ ကျော်ပါ၀င်မည်ဟုမျှော်လင့်ထားသည်။

ယခုနှစ်သည်မျှော်လင်ခြင်း၏ဂျူဗလီနှစ်လည်းဖြစ်သောကြောင့် ကမ္ဘာတစ်၀ှမ်း၌ဘုရားရှိခိုး ကျောင်း ပေါင်း (၆၃၅) ကျောင်း၌မီးများကိုအနီရောင်ဆင်၍ထွန်းညှိမည်ဖြစ်ကြောင်းသိရပါသည်။

စာရေးသူ၏ဤရှာဖွေတင်တက်မှုကိုဖတ်ရူမိသောဓမ္မမိတ်ဆွေများအနေဖြင့်မိမိတို့၏ ကျောင်းထိုင်၊ ဓမ္မဆရာ၊ ဆရာမ၊ သာသနာ့ကော်မတီတို့နှင့်အချိန်မှီညှိနှိုင်း၍ကျင်းပနိုင်ရန်ကိုလည်းတိုက် တွန်းလိုက် ပါသည်။

Fr. Clement Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *