ရဟန်းမင်းကြီးလေအို (၁၄) လူငယ်များနှင့်အွန်လိုင်းမှတွေ့ဆုံစကားပြောခဲ့။

  ပြီးခဲ့သည့်သောကြာနေ့ (နို၀င်ဘာ ၂၁) ရက်နေ့က ရဟန်းမင်းကြီးလေအို (၁၄) သည်လူငယ် (၁၅၀၀၀) ကျော်နှင့်ဗွီဒီယိုလိုင်းမှတွေ့ဆုံ၍ရင်းနှီးပွင့်လင်းစွာစကားပြောခဲ့ကြသည်။ အဆိုပါလူငယ်များ သည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီအားနားပြည်နယ်၊ အင်ဒီအားနားပိုလစ်မြို့၌ ကက်သလစ်လူငယ် များအ စည်းအ‌ဝေးတက်ရောက်နေကြသည်။

  ရဟန်းမင်းကြီးနှင့်လူငယ်များလိုင်းပေါ်မှတွေ့ဆုံ၍ရင်းနှီးပွင့်လင်းစွာစကားပြောဆိုနိုင်ရန်အ တွက်တာ ၀န်ရှိသူ Katie Prejan McGrady မှစီစဉ်ပေးခဲ့သည်။ အချိန်အခက်အခဲကြောင့်အဆိုပါလူငယ်ထု အနက် (၆) ဦးသာရဟန်း မင်းကြီးအားလူငယ်များကိုယ်စား၄င်းတို့သိရှိလိုသော၊ မေးသင့်မေးထိုက်သော၊ လူငယ်များလည်းသိထားသင့်သောမေးခွန်းကိုမေးမြန်းခွင့်ရခဲ့သည်။

လူငယ်များမှမေးမြန်းခဲ့သောမေးခွန်း များမှာ (၁) သာသနာတော်ကြီး၏စက္ကရာမင်းတူး၊ (၂) နည်းပညာ ဖြင့်ဖန်တီးထားသောဉာဏ်ရည်အတုစိတ် ပိုင်းဆိုင်ရာကျန်းမာရေး၊ (၃) သာသနာ၏အနာဂါတ် အကြောင်းစသောခေါင်းစဉ်ကြီးကြီး၊ လက်ရှိခေတ်ကာ လ၏အကြောင်းအရာများကို ထိထိမိမိမေးမြန်း ဆွေးနွေးခဲ့ကြသည်။

  ရဟန်းမင်းကြီးကသူ၏အဖွင့်ဩ၀ါဒ၌ အမေရိကန်လူငယ်ထုအနေဖြင့်လူကိုယ်တိုင်တွေ့ဆုံ နိုင်ရန် အချိန်ဖဲ့ပေးသည့်အတွက်ချီးမွမ်းခဲ့သည်။ ၄င်းတို့၏သာသနာအုပ်စုများ၌လည်းတက်ကြွစွာသာသနာ ၏အမှုများကိုပါ၀င်ဆက်ကပ်ကြရန်အားပေးတိုက်တွန်းခဲ့သည်။

 ယခုအစည်းအ‌ေ၀းကြီးသည် လူငယ်များအားမစ္ဆားတရားပါ၀င်ပူဇော်နိုင်ခွင့်၊ ကိုယ်တော် မြတ်ဖူး မြှော် ခွင့်၊ အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူခွင့်စသည့်အခွင့်အရေးများကိုရရှိခဲ့ကြောင်း၊ ဤ အ ခွင့် အရေးများအားလုံးသည် ယေဇူးသခင်နှင့်ကိုယ်တိုင်ကိုယ်ကျဆုံ တွေ့ရန်အခွင့်အရေးဖြစ် ကြောင်းအား ပေး မိန့်ကြားခဲ့သည်။

ပထမလူငယ်၏မေးခွန်း ……

စက္ကရာမင်တူးများ၌တည်ဆောက်သောအသက်တာ

 အဆိုပါ (၆) ဦးအနက်မှပထမဦးဆုံးလူငယ်မှရဟန်းမင်းကြီးအားမေးမြန်းခဲ့သောအကြောင်း အရာမှာ ကျွန်ုပ်တို့အပြစ်ပြုမိသောအခါ (သို့) အခြားသူများအားထိခိုက်စေခြင်း၊ ထိခိုက်နစ်နာစေသည့်အခါ မျိုး၌ဘုရားသခင်၏သနားခြင်းကိုအဘယ်သို့ခံယူရမည့်အကြောင်းနှင့်စပ်လျင်းပါသည်။ ဤအကြောင်း အရာ သည်စက္ကရာမင်တူးနှင့်စပ်ဆိုင်ပါသည်။

 ရဟန်းမင်းကြီးက လူတိုင်းသည်အာပတ်ဖြေခြင်းစက္ကရာမင်တူးအားဖြင့်ဘုရားသခင်၏သ နားခြင်း၊ ခွင့် လွှတ်ခြင်းကိုတောင်းခံရန်ကြိုးစားအားထုတ်နေကြရသည်။ အပြစ်၌နောက်ဆုံးစကားမရှိ။ ကျွန်ုပ်တို့ တောင်းလျှောက်လျှင်ဘုရားသခင်သည်ခွင့်လွှတ်ရန်အမြဲအသင့်ရှိနေသည်။ ဘုရားသခင်သည် ကျွန်ုပ် တို့၏အပြစ်များကိုခွင့်လွှတ်ရန်မောပမ်းသည်ဟူ၍မရှိ။ ကျွန်ုပ်တို့ ကသာခွင့်လွှတ်ခြင်းကိုတောင်းခံရန် အားယုတ်မောပမ်းနေကြသည်။

  ဘုရားသခင်၏စိတ်နှလုံးသည် ကျွန်ုပ်တို့နှင့်ကွဲပြားသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသ ခင်သည် ပျောက်သွားသောသိုးများကိုလိုက်လံရှာဖွေရန်မမောနိုင်ရှာ။ လူငယ်များအနေဖြင့်ခရစ္စတူးသခင်ကို အာ ပတ်ဖြေခြင်းစက္ကရာမင်တူးအားဖြင့်ဆုံတွေ့နိုင်ရန်ကြိုးစားပါ။ မိမိတို့၏အပြစ်အမှားများကိုနှိမ့်ချ၊ ရိုးသား၊ ပွင့်လင်းစွာ၀န်ချတောင်းပန်ပါ။ ယေဇူးသခင်၏ခွင့် လွှတ်ခြင်းကိုလည်း အပြစ်ဖြေလျှောက် ခြင်း၏အဆုံးသတ် ၌ရဟန်းတော်မှအပြစ်ဖြေလွှတ်သည့်ကောင်းချီးကိုလည်းခံယူကြိုဆိုပါ။

Struggling with depression and mental health issues

လူငယ်များမှရဟန်းမင်းကြီးအားမေးမြန်ဆွေးနွေးခဲ့သောဒုတိယအကြောင်းအရာတစ်ခုမှာ စိတ် ကျရော ဂါနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းနှင့်စပ်လျင်းသောအကြောင်းအရာဖြစ်ပါသည်။ ဤအ ကြောင်း အရာ သည်လူ့အသိုင်းအ၀ိုင်းအရွယ်သုံးပါးကြား အထူးသဖြင့်လူငယ်များကြား၌ဆိုးရွားကျယ်ပြန်စွာ ဖြစ်ပျက် နေသောရောဂါတစ်ခုလည်းဖြစ်နေသည်။

  ရဟန်းမင်းကြီး၏ဆွေးနွေးဖြေဆိုချက်ကား လူတိုင်းယေဇူးသခင်ထံနှိမ့်ချပွင့်လင်းစွာမိမိတို့ ၏ခံစား ချက်ကိုဖွင့်ချရန်၊ ဆုတောင်းမေတ္တာအားဖြင့်၄င်းတို့၏အခက်အခဲကိုယေဇူးသခင်ထံယုံကြည်စွာအပ် နှံကြရန်တိုက်တွန်းအားပေးခဲ့သည်။ တိတ်ဆိတ်သောနေရာ၊ ၀န်းကျင်၌ကျွန်ုပ်တို့သည် နှလုံးသား ထဲရှိသော ခံစားချက်များကိုရိုးသားပွင့်လင်းစွာထုတ်ဖော်ပြောဆိုနိုင်သည်။ ကိုယ်တော်မြတ် ဖူးမြှော် သည့်အချိန်မျိုး၌ ကိုယ်တော်မြတ်စက္ကရာမင်တူးထဲ၌ရှိသောယေဇူးသခင်ကိုမော့ကြည့်နိုင်သည်။ ထို့ အတူယေဇူးသခင်သည် လည်းချစ်ခြင်း၌သင့်ကိုကြည့်နေပါသည်ဟုရှင်းပြခဲ့သည်။

  ဆက်လက်၍ရဟန်းမင်းကြီးက လူငယ်များအနေဖြင့်သင်တို့ယုံကြည်စိတ်ချရသောလူကြီး၊ အရွယ် ရောက်ပြီးသူများကိုလည်းရှာဖွေသင့်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်သောလူကြီး၊ အရွယ်ရောက်ပြီးသူများအားဖြင့်ဘုရားသခင်သည်သင်တို့ကိုစကားပြောနိုင်သည်။ ထိုသင်တို့ယုံ ကြည် စိတ်ချ ရသောသူများမှာ မိဘသည်လည်းကောင်း၊ သင်တို့၏ဆရာသမားများ၊ ရဟန်းများ၊ လူငယ် အမှုတော်ကိုထမ်း ဆောင်နေသောအမှုတောင်များလည်းဖြစ်နိုင်ပါသည်။

  လူငယ်များအနေဖြင့်မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းများရရှိနိုင်ရန်အတွက်လည်းဆုတောင်းရ မည်။ ဤသို့သော်မိတ်ဆွေများသည် ကျွန်ုပ်တို့၏ဘ၀၌ရှုပ်ထွေး၍မည်သို့ပြုလုပ်ရမည်ကိုမသိဖြစ်နေချိန်၌ ယေဇူးသခင်ကိုရှာဖွေတတ်ရန်သင်ကြားလမ်းညွှန်ပေးတတ်သည်။ လူငယ်အတော်များ များ၏လက် သုံးစ ကားမှာ အဘယ်သူမျှသူ့ကိုနားမလည်ပေးနိုင်ကြဟုဖြစ်သည်။ အမှန်မှာထိုအတွေးကြောင့် အများ ၏နားလည် နွေးထွေးပေးမှုကိုမခံစားနိုင်ဘဲ အထီးကျန်နေသည်။ လစ်လျှူရူခံထားရသည်ဟု ပို၍ခံစား သွားစေသည်။ အ ကယ်၍အမှန်တကယ်ဤသို့ခံစားရလျှင်ယေဇူးသခင်ထံသွား၍ အိုသခင် တပည့် တော်ကိုယ်တော်မိမိကိုယ် ကိုနားလည်ခြင်းထက်ကိုယ်တော်သည်တပည့်တော်ကို နားလည်ပါ သည်ဟု ဆုတောင်းကြည့်ပါ။ သူ့အပေါ်ယုံ ကြည်အားထားမှုသည် ကျွန်ုပ်တို့အားလမ်းညွှန် ပေးလိမ့်မည်ဟု ဆွေး နွေးရှင်းပြခဲ့သည်။

ယုံကြည်ခြင်းနှင့်နည်းပညာ၊

  လူငယ်များမှရဟန်းမင်းကြီးအားမေးမြန်းဆွေးနွေးခဲ့သောတတိယအကြောင်းအရာမှာ ‘ယုံကြည် ခြင်းနှင့် နည်းပညာ’ အကြောင်းဖြစ်သည်။ ဤအကြောင်းအရာသည်လည်းလွန်စွာအရေးပါသော ဆွေး နွေးချက်တစ်ခုဖြစ်သည်။ ဤမေးမြန်းချက်အပေါ်ရဟန်းမင်းကြီးမှအောက်ပါအတိုင်းဆွေးနွေးဖြေကြား ပေးခဲ့သည်။

 နည်းပညာ၏ယုံကြည်ခြင်းအပေါ်လွှမ်းမိုးမှုသည် ကောင်းမွန်စွာအသုံးပြုတတ်လျှင်ခေတ်မှီ နည်း ပညာ များအားဖြင့်မိုင်ထောင်ချီအကွာအ‌ဝေး၌ရှိသောလူများနှင့်လည်းလွယ်လင့်တကူချိပ်ဆက်နိုင်၊ နီး ကပ်စေ နိုင်သည့်အကျိုးကိုရရှိစေပါသည်။ နည်းပညာကိုကောင်းမွန်စွာအသုံးချပါကကျွန်ုပ်တို့အားအမှုများ စွာ ကိုလုပ်ဆောင်ပြီးစီးနိုင်အောင်ကူညီပေးသည်။ ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာကိုလည်းအမှန်တ ကယ်ရှင်သန်စေရန်ကူညီပေးသည်။ ကျွန်ုပ်တို့အားထိရောက်စွာဆုတောင်းနိုင်ရန်၊ နေ့စဉ်ဖတ်ရူ ရမည့် ကျမ်း စာများကိုဖတ်ရူနိုင်ရန်၊ ကျွန်ုပ်တို့ယုံကြည်သောအရာ၊ အချက်များကိုပိုမိုသိရှိစေရန်နှင့် လေးနက် လာစေရန် လေ့လာနိုင်သောအလွန်အံ့မခန်းသည့်ကောင်းကျိုးများကိုပေးပါသည်။

  သို့သော်အထူးသတိပြုအသိရှိရမည့်အရာမှာ နည်းပညာသည်အစစ်အမှန်ကိုလုံး၀ဥသုန်အ စားထိုး မရဆိုသည့်အချက်ဖြစ်ပါသည်။ လူကဲ့သို့ရင်းနှီးစွာပြောဆိုဆက်ဆံနိုင်ခြင်းမပြုနိုင်ပေ။ မစ္ဆားတရားပူ ဇော်ခြင်း၌လည်းကိုယ်တိုင်ကိုယ်ကျမပါ၀င်နိုင်။ အွန်လိုင်းမှမစ္ဆားပူဇော်ရာ၌ပါ၀င်ပူဇော်ခြင်းသည် မစ္ဆား ပူ ဇော်နေပါသည်ဟုအတွေးမျှသာထိုဖန်သားပြင်ကိုကြည့်၍အသိသာရပြီး ကိုယ်တိုင်ကိုယ် ကျ ကိုယ် တော်မြတ် ပင့်ယူ၍မရ။ နည်းပညာသည်အခြားနည်းလမ်းဖြင့်မဟုတ်ဘဲ တစ်လမ်းတည်းဖြင့် သာ၄င်း တို့ကိုကူညီနိုင် သည်ကိုသိထားရမည်။

 ဉာဏ်အတုသည်ကျွန်ုပ်တို့ခေတ်ကာလ၏အခရာကျလှသောအခန်းကဣ၌ပါ၀င်လာသည်။ နောက် ဆက်တွဲဆိုးကျိုးကိုလုံခြုံရေးအတွက်ကာကွယ်ရာ၌ ဉာဏ်ရည်အတုကိုပုံစံအမျိုးမျိုးဖြင့်ဖွံ့ဖြိုးလာ မည့်ကိုထိန်းချုပ်ရန်တစ်ခုတည်းမဟုတ်ဘဲ လူတို့ကိုလည်းနည်းလမ်းမှန်ကန်စွာပညာပေးပြီး အကျိုးရှိစွာ အ သုံးပြုတတ်ရန်၊ တာ၀န်ယူမှု၊ တာ၀န်ခံမှုကိုသိရှိစေရန်ထိန်း ကျောင်းခြင်းသည် လည်းအရေး ကြီး သည်။

  အသုံးပြုသောအထောက်အကူပစ္စည်း၊ နည်းလမ်းမှန်သမျှသည်ကျွန်ုပ်တို့၏ယုံကြည်ခြင်းခရီး စဉ်၊ ကျွန်ုပ်တို့၏ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက်အဟန့်အတား၊ အ‌နှောက်အယှက်မဖြစ်စေဘဲအ ထောက်အကူဖြစ်စေရမည်။ သင်တို့အသုံးပြုသောဉာဏ်ရည်အတုနည်းပညာသည် သင်တို့၏ကိုယ်ရည် ကိုယ်သွေးဖွံ့ဖြိုးမှုကိုပိတ်ပင်ဟန့်တားခြင်းမဖြစ်စေရန်သတိ၊ အသိရှိရမည်။ ဤနည်းပညာများသည် ဥပမာ အားဖြင့်နက်ဖန်နေ့၌အသုံးပြု၍မရတော့သည့်အခါမျိုး၌လည်း သင်တို့၏ဖြတ်ထိုး စဉ်းစားဉာဏ် သည်အ ဘယ်သို့လုပ်ဆောင်ရမည်၊ ဖန်တီးရမည်၊ နည်းပညာ၏အကူ အညီမပါဘဲသင်တို့၏ ပင်ကိုယ် စွမ်းရည်ဖြင့် ဆက်လက်လုပ်ဆောင်နိုင်ရမည်။ ဉာဏ်ရည်တုသည်သူမတူသောကောင်းချီး၊ အရည် အသွေးများဖြင့်ရောက် လာသောသင်တို့၏နေရာ၌မည်သို့မျှအစားထိုး ၍မရနိုင်သည်ကိုကောင်းစွာ အမှတ်ရပါ။ 

သာသနာ၏အနာဂါတ် (Future of the Church)

 သာသနာ၏အနာဂါတ်နှင့်စပ်လျင်း၍လည်းလူငယ်များသည်စိတ်၀င်တစားရှိသည်ကိုမြင် တွေ့ရ၍ လွန် စွာစိတ်ချမ်းသာရပါသည်။ လူငယ်များသည်တိုင်းပြည်၊ သာသနာ၏အနာဂါတ်၏အင်အားများ ဖြစ်ကြ သည်။ ဤမေးခွန်းသည် ယေဇူးသခင်၏ပေတရုအားပေးခဲ့သည့်ကတိသစ္စာဖြစ်သည့် ‘ဤသာသနာ ကိုငရဲ၏တံခါးတို့သည်မအောင်နိုင်ရာ’ ကိုပြန်လည်အမှတ်ရစေသည်။ (သံမာတေဦး ၁၆း၁၈)

 ဤလူငယ်၏မေးခွန်းအပေါ်ရဟန်းမင်းကြီးက သာသနာတော်ကြီးသည်ယေဇူးသခင်ကျွန်ုပ် တို့အား တောင်းဆိုခဲ့သည့်အမိန့်တော်ကိုနာခံ၍အနာဂါတ်ကိုပြင်ဆင်လျှက်ရှိသည်။ သန့်ရှင်းသော၀ိညာဉ် တော် သည်သာသနာကိုလမ်းညွှန်လျှက်ရှိသည်မှာနှစ်ပေါင်း (၂၀၀၀) ကျော်ပြီဖြစ်သကဲ့သို့၊ အကြောင်းအရာ များ၊ စိန်ခေါ်မှုများကိုလည်းကျော်ဖြတ်လာခဲ့ပြီဖြစ်သည်။

 လူငယ်တို့သည် သာသနာ၏အနာဂါတ်များသာမဟုတ်။ ပစ္စုပ္ပုန်သာသနာ၏အားထားရာ လည်းဖြစ် သည်။ ထို့ကြောင့်ပတ်စဉ်တနဂ်နွေနေ့၌ဘုရားကျောင်းတက်၍မစ္ဆားတရားပါ၀င်ပူဇော်ကြရန္၊ လူ ငယ် လှုပ်ရှားမှုများ၌တက်ကြွစွာပါ၀င်ကြရန် အဘယ်ကြောင့်ဆိုသော်လူငယ်တို့၏ယုံကြည်ခြင်း၊ ခံယူချက် များကိုကြီးထွားတိုးပွားစေသောနေရာ၊ ကြံ့ခိုင်လာစေသောနေရာများဖြစ်သည်။ အကယ်၍သင်တို့ အနေဖြင့် ဘုရားသခင်သင်တို့အားထူးခြားသောအသက်တာ၊ အမှုတော်အတွက်ခေါ်နေသည်ဟု အတွေး များရှိနေလျှင် သင်တို့၏ကျောင်းထိုင် (သို့) သင်ယုံကြည်စိတ်ချရသော လူကြီးလူကောင်း တစ်ဦးဦးနှင့် ရိုးသားပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး၍အကြံ့ဉာဏ်ကောင်းများရယူပါ။ သူတို့သည်သင့်အားဘုရားသခင် ၏တောင်းဆိုချက်ကိုမှန် ကန်စွာစဉ်းစားဆုံးဖြတ်ရန်ကူညီပေးနိုင်လိမ့်မည်။        

ခရစ္စတူးသခင်၏အဆွေတော်၊ ဧ၀ံဂေလိတရားတော်၏သာသနာပြုများ (Friends of Christ, missionaries of the Gospel)

ရဟန်းမင်းကြီးနှင့်ဗွီဒီယိုအွန်လိုင်းမှလူငယ်များတွေ့ဆုံစဉ်နောက်ဆုံးမေးမြန်းဆွေး‌နွေးခဲ့ သောမေးခွန်းမှာ ခရစ္စတူးသခင်၏တပည့်နောက်လိုက်အဖြစ်နှင့်ဧ၀ံဂေလိတရားကိုဟောကြားသောသာသ နာပြု အကြောင်းဖြစ်သည်။ ရဟန်းမင်းကြီးလည်းအနာဂါတ်သာသနာ၌လူငယ်များစွာတက်ကြွစွာပါ၀င်လာ ရေးကိုမျှော်လင့်ကြောင်းထုတ်ဖော်မိန့်ကြားခဲ့သည်။ လာမည့်နှစ်များ၌ထိုသို့ဖြစ်လာစေရန်လူငယ်များကို လည်းကြိုတင်၍ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။

 နောက်ဆုံးမေးမြန်းဆွေးနွေးချက်နှင့်စပ်လျင်း၍ တက်ကြွသောလူငယ်များအနေဖြင့် အဓိ ပ္ပါယ်ရှိ သော အမှုကိုလုပ်ဆောင်ရန်အတွက်သူတို့၏အချိန်၊ အစွမ်းအစကိုသာသနာတော်ကြီးတည်ဆောက် ရာ၌ရက် ရောစွာဆက်ကပ်ပါ၀င်ပါ။ ကျွန်ုပ်တို့သည်အမှန်တရား၊ အလှအပ၊ ကောင်းမြတ်ခြင်းကိုနစ်နစ်ကာ ကာ တောင့်တကြသည်။ အဘယ်ကြောင့်ဆိုသော်ထိုအရာများကိုခံစားရန်ဖန်ဆင်းခံထားရသည်။ ကျွန်ုပ်တို့ ရှာဖွေနေသောဤရတနာသည်နာမည်ရှိသည်။ ထိုအမည်ကား ယေဇူးဖြစ်ပြီး၊ တွေ့ရှိအောင်သင်ရှာ ဖွေရ မည်ဖြစ်သည်။

 လူငယ်များသည်ခရစ္စတူးသခင်နှင့်ငြိမ်းချမ်းရေးကိုလုပ်ဆောင်သူတို့၏မိတ်ဆွေများဖြစ်ရန် ဖိတ် ခေါ်ခံ ရသည်။ လူငယ်များသည်တံတိုင်းများကိုတည်ဆောက်မည့်အစားပေါင်းကူးတံတားကိုတည် ဆောက် သူများဖြစ်ရမည်။ လူငယ်များသည်ကွဲပြားခြင်း၊ ခွဲခြားခြင်းထက်တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းနှင့် စည်း လုံးခြင်းကိုတန်ဖိုးထားသူများဖြစ်ရမည်။ ယုံကြည်ခြင်းအကြောင်းကိုပြောဆိုရာ၌နိုင်ငံရေးမှု၀ါဒ၊ ရပ် တည်ချက်များအကြောင်းမပြောမိစေနှင့်။

သာသနာတော်ကြီးသည်မည်သည့်နိုင်ငံရေးပါတီအတွက်ဘက် လိုက်ရပ်တည်နေသည်မဟုတ်။ သာသ နာသည်သင်တို့၏အတွင်းစိတ် (ဟိရိဩတ္တပ္ပစိတ်) ကိုတရားတော် နှင့်အညီပြုပြင် တည်ဆောက် နိုင်ရန် သာကူညီဖေးမထိန်းကျောင်းနေခြင်းဖြစ်သည်။ သို့မှသာဉာဏ်အမြှော်အ မြင်ရှိရှိနှင့်မေတ္တာတရား၌ စဉ်း စားဆုံးဖြတ်နိုင်မည်။ ဦးဆောင်လုပ်ကိုင်နိုင်မည်ဖြစ်သည် ဟုဖြေကြားခဲ့သည်။                     ထိုတွေ့ ဆုံ ဆွေး နွေးမေးမြန်းသည့်အစီအစဉ်၏နိဂုံးပိုင်း၌ ရဟန်းမင်းကြီးကအမေရိကန်ကက် သလစ်လူ ငယ် ထုအား သင်တို့၏နေ့စဉ်အသက်တာ၌ဘုရားသခင်၏ခေါ်သံကိုနားစွင့်ပါ။ မိမိတို့ရွေးချယ် လျှောက်လှမ်း ရမည့်ဘ၀ကိုသေချာစွာဆန်းစစ်ပါ။ ဘုရားသခင်သည်မိမိတို့အားအိမ်ထောင်သည်ဘ၀ (သို့) ရဟန်းဘ၀ (သို့) သုံးပါးသစ္စာရှင်သူတော်စင်စင်ဘ၀ကိုလျှောက်လှမ်းရန်ဖိတ်ခေါ်နေသလောဆိုသည်စေ့စပ် စွာဆန်း စစ်ကြပါ။ ဧ၀ံဂေလိတရားတော်အတွက်မိမိတို့ကိုယ်ကိုဆက်ကပ်လုပ်ဆောင်ခြင်းထက်ကောင်းမြတ် သောမည်သည့်အရာကိုသင်တို့ပေးနိုင်ပါဦးမည်နည်း။ ကမ္ဘာကြီးသည်သာသနာပြု များစွာကိုလို အပ်နေ သည်။ တစ်နည်းအားဖြင့်ဆိုရသော် ကမ္ဘာကြီးသည်သင်တို့ကိုလိုအပ်နေသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးခရ စ္စတူးသခင်၌သင်တို့တွေ့ရှိခံစားခဲ့ရသောအလင်းနှင့် ပျော်ရွှင်မှုကိုကမ္ဘာသူကမ္ဘာသားတို့ အား‌ေ၀မျှပေးရန်ဖြစ်ကြောင်းအားပေးရင်းအဆုံးသတ်ခဲ့သည်။    

Fr. Clement Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *