
ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းသူများ ဖြစ်ကြပါစေ။

ရောမမြို့၌ ၂၄ နိုဝင်ဘာ ၂၀၂၅ က ကျင်းပသော (၂၁၅) ကြိမ်မြောက် General Chapter သို့ တက် ရောက် လာကြသော အမိမယ်တော်သခင်မ၏ အစေခံများ (Servants of Mary) အသင်း၈ိုဏ်းဝင် သူတော်စဥ် များကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကြိုဆိုခဲ့ပြီး ဧဝံဂေလိတရားနှင့်အညီ နေထိုင်ခြင်း သည် ဘုရား သခင်နှင့် အခြားသူများအပေါ် လေးနက်သော မေတ္တာထားခြင်း ၌ ထင်ရှားကြောင်းပြောဆိုခဲ့သည်။
“သင်တို့သည် ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းသူများ ဖြစ်ကြရန် ဖိတ်ခေါ် ခြင်းခံရ သူများဖြစ်သည်” သူ၏ မိန့်ခွန်းတွင်၊ သူတော်စဥ်များ၏ ယုံကြည်ခြင်းနှင့် အစေခံမှုများကို ချီးကျူးဂုဏ် ပြုခဲ့ပြီး ၎င်းတို့၏ အသင်း၈ိုဏ်း၏ အခြေခံ ကျင့်စဥ်အမြစ်များဆီသို့ ပြန်သွားခြင်း၏ အရေးကြီးပုံ ကို မီးမောင်းထိုးပြခဲ့ကာ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို အနာဂတ်ဆီသို့ ပုံဖော်လုပ်ဆောင်ကြ ရန် လည်း တိုက်တွန်းခဲ့သည်။
အသင်းတော်ကို ဆက်လက်ကြွယ်ဝစေရန်အတွက် ဧဝံဂေလိတရားရှင်သန်ပြီး၊ စိန့်ဩဂတ်စတင်း၏ စည်းမျဉ်း ကို လက်ခံကျင့်သုံးကာ ဆင်းရဲသားတို့၏ ငိုကြွေးသံကို နားထောင် ကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တောင်းဆိုခဲ့သည်။
ရှင်ပေါလု၏အသက်တာ ခရစ်တော်အတွက် အသက်ရှင်နေထိုင်ခြင်း၏ အလှတရား၊ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် စံနမူနာများကို ဆုပ်ကိုင်လိုက်နာခြင်းတို့သည် အံ့ဩဖွယ်စံနမှုနာများ ဖြစ်ကြောင်း ပြောပြခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုက “ဆင်းရဲသားတို့၏ ငိုကြွေးသံကို နားထောင်ခြင်း” က ဘာသာရေး သမား များအား ကြီးမားသော အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိနိုင်မည့် ကျေးဇူးတော်အချိန်အခါကို ပေးသည်ဟု ဆိုခဲ့သည်။
ညီအစ်ကိုမောင်နှမ သွေးစည်းမှု၊ အစေခံမှု၊ ဝိညာဉ်ရေးရာ
ထို့နောက် ပုပ်ရဟန်းမင်းကြီးက အမိမယ်တော်သခင်မ၏ အစေခံများ (Servants of Mary) ၏ “ ထင် ရှားသော” လမ်းစဥ် သုံးမျိုးဖြစ်သည့် ညီအစ်ကိုမောင်နှမ သွေးစည်းညီညွတ်မှု၊ အစေခံမှု၊ နှင့် မာရီယန် (မယ်တော်မာရီ) ဝိညာဉ်ရေးရာ တို့ကို လိုက်နာရန် တိုက်တွန်းခဲ့သည်။
“ဤကမ္ဘာကြီးတွင် အထူးတာဝန်ဖြင့် ဘုရားသခင်ခေါ်တော်မူခြင်း၏ လက္ခဏာတစ်ခု သည်- ပဋိပက္ခ များ၊ စည်းစိမ်ဥစ္စာ၊ ယဉ်ကျေးမှု ကွဲပြားမှုများ၊ လူမျိုး သို့မဟုတ် ဘာသာရေးတို့ကြောင့် ကွဲပြားနေသည့် လူများ ကြားတွင် ညီအစ်ကိုမောင်နှမ သွေးစည်းမှု စိတ်ဓာတ်ရှင်သန် ကြီးထွားဖို့ လုပ်ဆောင် ရန်ဖြစ် သည်။”
“ဤပေါင်းစည်းမှုအတွင်း၌သာ မှန်ကန်သည့် ရွေးချယ်မှုများ ပေါ်ပေါက်လာပြီး ရင့်ကျက်လာကာ” သခင် ဘုရားက ကျွန်ုပ်တို့ကို ရှိ့စေခြင်သည့် ဒုက္ခရောက်နေသည့် ညီအစ်ကို သို့ ညီအစ်မများ အနာကျင် ဆုံးခံစားနေရသည့်နေရာ၊ ထိုနေရာတွင် ရှိနေနိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင်၊ အမိမယ်တော်သခင်မအပေါ် သူတို့၏ ကြီးမားသော မေတ္တာကို အသိအမှတ်ပြုကာ အမိ မယ် တော်သခင်မအား ဆက်လက်၍ ဆုတောင်းခြင်း နှင့် အားကိုးဆည်းကပ်ခြင်းတို့ ကို ဆက် လက် လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။
လက်ဝါးကပ်တိုင်ခြေရင်းတွင် ခိုင်မာစွာ၊ သစ္စာရှိစွာ ရပ်နေသော အမိမယ်တော်သည် “ဒုက္ခရောက် နေသည့် ညီအစ်ကိုမောင်နှမများအတွင်း၌ ခရစ်တော် ဆက်လက်ခံစားနေရသော မရေမတွက်နိုင် သော ကား တိုင် များဘေးတွင် မည်သို့ အမိမယ်တော်နှင့်အတူဆက်လက်တည် ရှိနေရမည်ကို ပြသပေး ပါစေ ဟု ဆုတောင်းပေးကာ ကောင်းချီးမင်္ဂလာပေးသနားခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
/ @rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

