
ပြောရေးဆိုခွင့်မဲ့သူများအတွက် ကျွန်ုပ်တို့၏အသံကို ပေးရမည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သော လူထုတွေ့ဆုံခြင်း၌ (General Audience) ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ယုံကြည်သူများသည် လိုအပ်နေသူများကို ကူညီရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ဘုရားသခင်က မိမိတို့၏ အသံများကိုလိုအပ် နေသူများ အတွက် ပေးအပ်အသုံးပြုရန် တောင်းဆိုထားကြောင်း သတိပေးခဲ့ပါသည်။
“သမိုင်းကို လမ်းကြောင်းကို ပြောင်းပြန်လှန်၊ ပြောင်းလဲပစ်” ရန် ကျွန်ုပ်တို့အား သခင်ခရစ်တော် ခေါ်ဆို ထားကြောင်း နှင့် “ယေဇူးခရစ်တော်၊ ကျွန်ုပ်တို့၏ မျှော်လင့်ချက်” ဟူသောအကြာင်း ကို ဗုဒ္ဓဟူး နေ့ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သော လူထုတွေ့ဆုံခြင်းနှင့် ဘာသတရားသွန်သင်ခြင်း၌ ပုပ်ရဟန်း မင်းကြီး လီယို ၁၄ က မွက်ကြားခဲ့ပါသည်။
ယနေ့ခေတ် ကမ္ဘာ့စိန်ခေါ်မှုများအပေါ် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် အကျိုးသက် ရောက်မှု ကို ထောက်ရှု့ကာ မိန့်ခွန်းစတင်ခဲ့ပြီး၊ ခရစ်တော်၏ ကယ်တင်ခြင်းလုပ်ရပ်ကို ကျွန်ုပ်တို့ ခွင့်ပြုပါက၊ ကျွန်ုပ်တို့ ၏ ဆက်ဆံရေးအားလုံး၊ အထူးသဖြင့် ဘုရားသခင်၊ အခြားသူများ၊ ဖန်ဆင်းခံအရာ အားလုံး တို့နှင့် ဆက်ဆံရေးများအားလုံးကို ပြောင်းလဲနိုင်ကြောင်း ထောက်ပြခဲ့သည်။
သခင်ယေဇူး ရှင်ပြန်ထမြောက်သော အီစတာမနက်ခင်းတွင် မာရီယာမာဒလေနား (Mary Magdalene) သည် ယေဇူးသခင်ကိုကြည့်ရန် နောက်လှည့်ကြည့်ခဲ့သကဲ့သို့၊ ” ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ပြောင်းလဲစေရန်နှင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပြဿနာများကို တုံ့ပြန်သည့်နည်းလမ်းများအပေါ် သြဇာလွှမ်းမိုးစေရန် ခရစ်ယာန်မျှော်လင့်ချက်၏ မျိုးစေ့ကို အသီးသီးစေရန်၊ ခွင့်ပြုရမည် ” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ပြောကြားခဲ့သည်။
ကျွန်ုပ်တို့ကြားတွင် သခင်ခရစ်တော်ကို အသိအမှတ်ပြုရန် (သတိထားမိရန်) ခက်ခဲခြင်း
မာရီယာမာဒလေနား သည် ဗလာကျင်းနေသော သင်္ချိုင်းဂူအနီးတွင် ငိုကြွေးနေစဉ် ရှင်ပြန်ထ မြောက် သောယေဇူးသခင်ကို မသိဘဲ ဥယျာဉ်စောင့်ဟု ထင်မြင်ခဲ့သည့် အခြားဧဝံဂေလိကျမ်းများတွင် မတွေ့ရ သော အသေးစိတ်အချက်ကို ရှင်ယောဟန် (St. John the Evangelist) ကသာ ကျွန်ုပ်တို့ အာရုံစိုက် စေဖို့အတွက်ဖေါ်ပြခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးက ဆက်လက်ပြီး မာရီယာမာဒလေနား “ဥယျာဉ်စောင့်နှင့် တွေ့ဆုံခဲ့သည်ဟုယုံ ကြည် ခြင်းမှာ လုံးဝမှားယွင်းသည် မဟုတ်” ပါ။ (ခရစ်တော်သည် ဖန်ဆင်းခံ အရာအားလုံးတို့၏ ဥယျာဉ်မှူး)
“သူမသည် ရှင်ပြန်ထမြောက်သောယေဇူးသခင်ကခေါ်သော မိမိ၏နာမည်ကို ထပ်မံကြားနာပြီး ရှင်ပြန် ထမြောက်သောသူထံမှ သူမ ကြေငြာရမည့် (ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်း) တာဝန်ကို နား လည်ခဲ့ရသည်။ ယောဟန်၏ အခြားကျမ်းပိုဒ်တစ်ခုတွင်လဲ ဤသူ သစ် (ခရစ်တော်), (အသစ်သော လူသား(သို) ရှင်ပြန်ထမြောက်သောသူ) က ‘ကြည့်ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ပြုပြင်မည်’ (ဗျာဒိတ် ၂၁:၅) ဟု ဆိုထားသူပင် ဖြစ်သည်”။
လမ်းကြောင်းပြန်လှန်ကြရန် သခင်ခရစ်တော် ကျွန်ုပ်တို့ကို တောင်းဆို
ပုပ်ရဟန်းမင်းကြီး လီယိုက ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) ၏ ၂၀၁၅ ခုနှစ် ထုတ်ဝေခဲ့သည့် စာချွန်တော် Laudato si’ ကို “ဆင်ခြင်သုံးသပ်သော အမြင်ဖြင့် ကြည့် ကြဖို့ အရေး တကြီး လိုအပ်ကြောင်း သို့မဟုတ်လျှင် – လူသားသည် ဥယျာဉ်၏ ထိန်းသိမ်းစောင့် ရှောက်သူ မဟုတ် ပါက၊ ဖျက်ဆီးသူ ဖြစ်လာလိမ့်မည်” ဟု အလေးပေးပြောကြားခဲ့သည်။
“ခရစ်ယာန်မျှော်လင့်ချက်သည် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့သူ ခရစ်တော်ကို မျိုးစေ့အဖြစ် ဥယျာဉ် ထဲတွင် (မြုပ်နှံ) ထားရှိခဲ့ခြင်းသည်၊ ရှင်ပြန်ထမြောက်သည့်အခါ များစွာသောအသီးများ သီးစေရန် ဖြစ် ပြီး ယနေ့ လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်နေရသော (ဥယျာဉ်နှင့်တူသော ကမ္ဘာလောက သဘာဝ ပတ်ဝန်းကျင်ပျက်စီးနေမှု.) စိန်ခေါ်မှုများကို တုံ့ပြန်သည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက အခိုင်အမာ ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုက “ပါရဒိသု (ကောင်းကင်ဘုံ)ကို မဆုံးရှုံးတော့ဘဲ ပြန်လည်တွေ့ ရှိခဲ့ သည်” ။ “ဤနည်းဖြင့်၊ ယေဇူးသခင်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ဘက်စုံဂေဟ ဗေဒဆိုင်ရာ ဝိညာဉ်ရေးရာ၏ အခြေခံအုတ်မြစ်များ ဖြစ်လာသည်။ ထိုအရာမရှိဘဲ ယုံကြည် ခြင်းစကား များသည် လက်တွေ့ဘဝတွင် အရေးပါမှုမရှိနိုင်ဘဲ သိပ္ပံပညာစကားများသည် နှလုံးသားပြင်ပတွင် ကျန်ရှိ နေမည်ဖြစ်သည်။”
“ဤအကြောင်းကြောင့်” “ကျွန်ုပ်တို့သည် ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲခြင်း အကြောင်း ပြောဆိုကြ သည်။ ခရစ်ယာန်များသည် ယေဇူးသခင်တောင်းဆိုသော လမ်းကြောင်းပြောင်းပြန်လှန်ခြင်းမှ ခွဲထုတ်၍ မရနိုင်ပေ” ဟု ပုပ်ရဟန်းမင်းကြီးက အတည်ပြုခဲ့သည်။
သမိုင်းကို ပြောင်းလဲစေသော ဝိညာဉ်ရေးရာ ဖြတ်သန်းမှု
အီစတာမနက်ခင်းတွင် မာရီယာမာဒလေနား၏ နောက်လှည့်ကြည့်ခြင်းသည် ဤအရာ၏ လက္ခဏာ ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် “ပြောင်းလဲခြင်းနောက်မှ ပြောင်းလဲခြင်းဖြင့်သာ ကျွန်ုပ်တို့သည် မျက်ရည်ချိုင့်ဝှမ်းကို ဖြတ်ကျော်၍ ယေရုစလင်မြို့သစ်သို့ ရောက်ရှိနိုင်မည်”ဟု ရှင်းပြခဲ့သည်။
“စိတ်နှလုံးထဲတွင် စတင်ခဲ့ပြီး၊ ဝိညာဉ်ရေးရာလဲဖြစ်သည့် ဤဖြတ်သန်းမှုသည်” “သမိုင်းကို ပြောင်း လဲစေပြီး၊ ကျွန်ုပ်တို့အား လူသိရှင်ကြား ပါဝင်စေကာ၊ သိုးသငယ်-သိုးထိန်း (ခရစ်တော်)၏ နာမတော်နှင့် တန်ခိုးတော်အားဖြင့် လူများနှင့် ဖန်ဆင်းခံများကို (ဖျက်စီးလိုသည့်) ဝံပုလွေများ၏ တောင့်တမှုများမှ ကာကွယ်ပေးသည့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေသည်” ဟု ရှင်းပြခဲ့ပါသည်။
“ဤနည်းဖြင့်” “သာသနာတော်၏ သားသမီးများသည် လူငယ်သန်းပေါင်းများစွာနှင့် အခြားသော စိတ်သဘောထားကောင်းသည့် အမျိုးသား၊ အမျိုးသမီးများနှင့် တွေ့ဆုံနိုင်ပြီး” မိမိတို့၏ စိတ်နှလုံးကို ထိမိစေသော ဆင်းရဲသားများ နှင့် ကမ္ဘာမြေ၏ ဟစ်အော်သံကို ကြားကြလိမ့်မည် ဟု ဆက်လက် ပြောကြားသည်။
“အသံ (ပြောရေးဆိုခွင့်)မဲ့သူများ၏ အသံကို နားထောင်နိုင်စွမ်းကို ဝိညာဉ်တော်က ကျွန်ုပ်တို့အား ပေးသနားပါစေ” “ထိုအခါမှ ကျွန်ုပ်တို့သည် မျက်စိဖြင့် မမြင်ရသေးသော ကျွန်ုပ်တို့၏ တာဝန်ကို လက်ခံပြီး ဖြည့်ဆည်းခြင်းဖြင့်သာ ရောက်ရှိနိုင်မည့် ဥယျာဉ် သို့မဟုတ် ပါရဒိသု(ကောင်းကင်းဘုံ)ကို မြင်ရလိမ့်မည်” ဟု ဆုတောင်းရင်း ပုပ်ရဟန်းမင်းကြီး လီယိုက နိဂုံးချုပ်ခဲ့ပါသည်။ ။

