ရဟန်းမင်းကြီးလီယို (၁၄) အာစီးစီမြို့ရှိစိန့်ဖရန်စစ်၏အုတ်ဂူအား သွားရောက် ဖူးခဲ့ခြင်း။

 ရဟန်းမင်းကြီးလီယို (၁၄) သည် နို၀င်ဘာ (၂၀)ရက်နေ့ကအီတလီနိုင်ငံအလယ်ပိုင်းဒေ သရှိအာ စီးစီ မြို့သို့ပထမဦးဆုံးပြည်တွင်းတမန်တော်ခရီးကြွရောက်ခြင်းဖြစ်သည်။ ကြွရောက်ရခြင်းမှာအီတလီနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ၏ (၈၁) ကြိမ်မြောက်အထွေထွေအစည်းအ‌ေ၀းကြီးအဆုံးသတ် နေ့ ဖြစ်သည်။ ရဟန်းမင်းကြီးသည်အထွေထွေစည်းအ‌ဝေးကြီးကျင်းပနေသောဆရာတော်ကြီးများနှင့်တွေ့ ဆုံခဲ့သည်။

 ရဟန်းမင်းကြီးသည်အားစီစီသို့ရဟပ်ယာဉ်ဖြင့်နံနက်ပိုင်း (၈) နာရီကျော်၌ရောက်ရှိသွား ခဲ့သည်။ ကား ဖြင့်အာစီးစီမြို့ထဲသို့သွားပြီး အနုပညာ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ကြည်ညိုမှုနှင့်ဆိုင်သောပြခန်း များကိုသွား ရောက်ကြည်ရူခဲ့သည်။ ထိုနေရာသည်ဘုရားဖူးများကြည့်ရူနိုင်ရန်ပြင်ဆင်ထားခြင်းဖြစ်သည်။ ဘုရားဖူး သန်းနှင့်ချီ‌ရောက်ရှိလာခဲ့ကြပြီး၊ ၄င်းတို့အနက် ရဟန်းမင်းကြီး (၂၀) ပါးလည်းကြွရောက်ခဲ့ဖူးသော သမိုင်း၀င်နေရာလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၂၀) ၌ကြွ‌ရောက်၍ ‘Fratelli Tutti’ (ကျွန်ုပ်တို့သည်ညီအစ်ကိုရင်းများဖြစ်ကြသည်) စာချွန်တော်ကိုလက်မှတ်ရေးထိုးခဲ့သည့် အထင်ကရ နေရာ လည်းဖြစ်သည်။  

 ရဟန်းမင်းကြီးသည်ဆရာတော်ကြီးများနှင့်တွေ့ဆုံမည့်နေရာဖြစ်သော သိကြားတမန်တော် တို့၏သခင် မဘာစီးလီကာသို့မကြွရောက်မီ စိန့်ဖရန်စစ်၏အုတ်ဂူဆီကြွသွားခဲ့သည်။ စိန့်ဖရန်စစ်အစီးစီသည် အီတ လီနိုင်ငံအားမှိုင်းမသောရဟန္တာဖြစ်သည်။ ထိုနေ့သည်မိုးဖွဲဖွဲကျနေပြီး၊ အေးစိမ့်နေသည့်ကြားမှရဟန်း မင်းကြီးအားစောင့်ဆိုင်းနေသောလူအုပ်မှ ‘ပါးပါသက်တော်ရာကျော်ရှည်ပါစေ’ ဟုသံပြိုင်ဆို၍ နွေး ထွေးစွာ ကြိုစွာဆိုခဲ့သည်။ ရဟန်းမင်းကြီးကလူအုပ်အား ‘ယခုကဲ့သို့ဤသန့်ရှင်း သောနေရာသို့ ရောက်ရှိ လာနိုင်ခြင်း သည် ကောင်းချီးပင်ဖြစ်သည်။ ကျွန်ုပ်တို့လည်းစိန့်ဖရန်စစ်ပျံလွန်သည့်နှစ် (၈၀၀) ပြည့် ကိုလည်းမကြာမီ ကျင်းပတော့မည်။ ဤကြီးမားပြီးမဂ်လာရှိသောနှစ်ပတ်လည်ကိုပြင်ဆင်ခွင့်၊ ကျင်းပ ခွင့်ရခြင်းသည်ထူးခြား သောကောင်းချီးဖြစ်သည်။ စိန့်ဖရန်စစ်သည်သူ့ခေတ်အခါက မျှော်လင့် ခြင်းကို ရှာဖွေဆာငတ်နေချိန်နှိမ့်ချ ပြီး၊ နွမ်းပါးစွာကျင့်ကြံခဲ့သောသူပေါ်လာ၍အလင်းပြပေးနိုင်ခဲ့သည်’ ဟုမိန့် ကြားခဲ့သည်။    

 စိန့်ဖရန်စစ်၏အုတ်ဂူဆီသို့ရဟန်းမင်းကြီးနှင့်အတူတာ၀န်ခံဖာသာရ် Marco Moroni နှင့်အ ဖော်ဘုန်း ကြီးများချန်ရံလျှက်သွားခဲ့သည်။ ယခုတစ်ကြိမ်ကြွရောက်ရခြင်း၏အခြားအကြောင်းအရင်းတစ်ခု မှာ များမကြာမီစိန့်ဖရန်စစ်ပျံလွန်ခဲ့သည်မှာနှစ် (၈၀၀) ပြည့်တော့မည်ဖြစ်သည်။ ထိုအခမ်းအနား၌ကြွင်း ကျန်ရစ်သောစိန့်ဖရန်စစ်၏ရုပ်ကလပ်ကိုဘုရားဖူးများဖူးမြှော်နိုင်စေရန်စီစဉ်နေသည့်အခြေအနေများကို လည်းကြည့်ရူရန်ဖြစ်သည်။

ရဟန်းမင်းကြီးသည် စိန့်ဖရန်စစ်၏အုတ်ဂူ၌ခေတ္တရပ်နားပြီးတိတ်ဆိတ်စွာဆုတောင်းခဲ့ သည်။ ထို့ နောက်ဩ၀ါဒအနည်းငယ်ကိုမိန့်ကြားခဲ့သည်။ အတွင်း၌မိန့်ကြားသော်လည်း အပြင်၌ရှိသူများ လည်း ကြားနိုင်ရန်အသံစနစ်ကိုစီစဉ်ပေးထားသည်။ ဩ၀ါဒထဲ၌မျှော်လင့်ခြင်းကိုထပ်လောင်း၍အသားပေး မိန့်ကြားခဲ့ပြန်သည်။ ဤသို့သေးငယ်သောပုံစံပေါက်နေသော်လည်း တံတိုင်းပမာရာစုပေါင်း များစွာ သာသနာ ကိုလည်းကောင်း၊ ကမ္ဘာကြီးကိုလည်းကောင်းမားမတ်စွာရပ်တည်၍ မျှော်လင့်ခြင်းတရားကို ဆက်လက်၍ပေး နေသည်။  

 ရဟန်းမင်းကြီးသည် Montefalco ၌မစ္ဆားပူဇော်ပြီး၊ နေ့လယ်ဆွမ်းကိုမူ Santa Chiara ရသေ့ သီလရှင်ကျောင်း၌ဘုဥ်းမည်ဖြစ်သည်။

ခရီးစဉ်တစ်ခုလုံး၏အဆုံး၌သတင်းထောက်များ၏မေးမြန်းချက်ကိုဖြေကြားရာတွင် ရဟန်း မင်းကြီး အနေဖြင့်စိန့်ဖရန်စစ်၏အုတ်ဂူ၌ငြိမ်းချမ်းရေးအတွက်ဆုတောင်းခဲ့ကြောင်း၊ Umbria  (ယခုရဟန်းမင်းကြီးရောက်ရှိနေသောအီတလီအလယ်ပိုင်းဒေသ) ရှိဘာသာတူများအတွက်ဆုတောင်းပေးခဲ့ကြောင်း၊ သူ့အနေဖြင့်ရဟန္တာများစွာပေါ်ထွက်ခဲ့သောမြေ၌ရောက်ရှိနေကြောင်း၊သူ့အနေဖြင့်ယနေ့အာစီးစီသို့လည်း ကောင်း၊ ထို့နောက် Montefalco  သို့လည်းကောင်းရောက်ရှိလာခြင်း အတွက်လွန်စွာ ပျော်ရွှင် ရကြောင်း၊ ရဟန္တာတို့၏သန့်ရှင်းခြင်းလွှမ်းခြုံနေသည်ဟုခံစားရကြောင်းဖြေကြားခဲ့သည်။     

ဘာသာပြန် Fr. Clement Ate


News- Vatican News


Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *