
ဖာသာရ် Peter ကြည်မောင်(မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာနာ) (၃၃)ကြိမ်မြောက်သာမန်ကာလ မြောက်သာမန်ကာလ ကြာသပတေးနေ့ ၂၀၊ ၁၁၊ ၂၀၂၅
၂၀.၁၁.၂၀၂၅
ဓမ္မမိတ်ဆွေတို့၏ ဒီကန့ကြားနားတဲ့ ရှင်လုကာ ၁၉:၄၁-၄၄ မှာသခင်ခရစ်တော် ဂျေရုဆလင်မြို့အတွက် ငိုကြွေးတဲ့အကြောင်းကိုကြားနာခဲ့ရတယ်။ သခင်ခရစ်တော်မျက်ရည်ကျလျက်ပြောခဲ့တာက သင်သည်ငြိမ်းချမ်းသာယာမှုကိုဖြစ်ပေါ်စေသည့်အကြောင်းများကိုယနေ့သိခဲ့လျှင်ပင်ကောင်းပေစွ၊ သို့သော်ယခုဤအရာတို့ကိုသင်မမြင်နိုင်စေရန်ဖုန်းကွယ်ထားလျက်ရှိ၏။ အကြောင်းမူကရန်သူတို့သည်သင့်ကိုမြို့ရိုးတံတိုင်းတို့ဖြင့်ကားစီးလျက်အဖက်ဖက်မှဝိုင်းရန်ပိတ်ဆို့မည့်နေ့ရက်ကား ရောက်လာလိမ့်မည်။
သခင်ခရစ်တော် တရားတွေ ဟေားကြား၊ တန်ခိုးတွေပြ၊ ဆင်းရဲးသားများအတွက် သတင်းကောင်းကြငြာ၊ အပြစ်၏အချုပ်အနှောင်မှ ဖြေလွတ် ပေးမည့်အကြာင်း ကြေငြာ ငြင်ပ ယ်ခံရသူ စွန်ပြစ်ခံရသူ၊ ရောဂါ ဝေတနာ စွဲး ကပ်သူတွကိုကုသပေးတယ် စွန့်ပစ်ထားခံရသူတွေကိုလူ့အသိုင်းအဝိုင်းထဲပြန်လည်ခေါ်သွင်းတယ်။၊ လူငါးထောင်ကိုပေါင်မုန်ငါးလုံးငါးနှစ်ကောင်နဲ့ကျွေးခဲ့တယ်။
သခင်ခရစ်တော်တန်ခိုးတွေအမျိုးမျိုးပြပြီးသူတို့ကယ်တင်ခြင်းအတွက်လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့်လည်း သခင်ခရစ်တော်ကိုလက်မခံခဲ့ကြဘူး။ အဲဒီလိုပဲသခင်ခရစ်တော်ကိုလက်မခံခဲ့ကြတဲ့သူတွေအတွက် သခင်ခရစ်တော် မျက်ရည်ကြခဲ့ရတယ်။
ယခုဘဝအတွက်ရော နောင်ဘဝအတွက်ရော အာမခံပေးနိုင်သော ဘုရားရှင်ကိုယ်တော်တိုင်ကြွလာတာကိုလက်မခံခဲ့ကြဘူး
နာဇရက်မြို့ ကလူတို့ရဲ့လက်မခံခြင်းကြောင့် သခင်ခရစ်တော်ဘာတန်ခိုးမှ မပြနိုင်ခဲ့သလို ဂျေရုဆလင်မြို့ကလူတွေရဲ့ငြင်းပယ်ခြင်းကြောင့် သခင်ခရစ်တော်ငိုကြွေးခဲ့ရတယ်။
အဲဒီ ဂျေရုစလင်မြို့ကလူတွေလိုပဲ ကျနော်တို့မွေးဖွားစဉ်ကနေ သေဆုံးချိန်အထိ ဘုရားသခင်က တစ်ယောက်တိုင်းဆီကိုလွတ်လတ်ခွင့်ပေးထားတယ်။ ချစ်ခြင်းမေတ္တာက လူတစ်ယောက်ကိုလေးစားတယ်၊ မလိုအပ်ပဲသူ့ရဲ့လွတ်လတ်ခွင့်ကိုမထိန်းချုပ်ဘူး။ လွတ်လပ်စွာအပြည့်အဝရှင်သန်စေတယ်။ အဲဒီလိုပဲဘုရားရှင်ကသူဖန်ဆင်းထားတဲ့ပုဂ္ဂိုလ်တွေကိုအရမ်းချစ်တယ် ဒါကြောင့်လေးစားတယ် သူတို့ရဲ့လွတ်လတ်ခွင့်ကိုအသိအမှတ်ပြုတယ်။ ကိုချစ်တဲ့သူကိုဘယ်သူမှထိန်းချုပ်ထားတာမျိုးမလုပ်ဘူး။ လွတ်လပ်စေတယ်။
ဘုရားရဲ့မေတ္တာတရားကိုနားမလည်တဲ့လူတွေကတော့၊ အဲဒီလွတ်လတ်ခွင့်ကိုအသုံးချပြီး၊ ဘုရားကိုငြင်းပယ်ခဲ့ကြတယ်၊ ဘဝသက်တာ တစ်လျှောက်လုံးမှာရရှိခဲ့တဲ့ ဘုရားရဲ့ကျေးဇူးတော်တွေကိုအသိအမှတ်မပြုဘူး။၊ ဘုရားရဲ့မေတ္တာကိုလက်မခံဘူး၊ သခင်ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်မယုံကြည်ဘူး။
လောကဥစ္စာ၊ ပျော်ရွှင်မှု၊ သာယာမှုနှင့်မတရားမှု၊ လောဘအတ္တနေနဲ့သာရှင်သန်နေခဲ့ကြတယ်။ ဒီပုဂ္ဂိုလ်တွေ ဂျေရုစလင်မြို့ကြီးလို ဘုရားရဲ့ကျေးဇူးတော်တွေလက်တွေ့မြင်ရပါလျက် လက်မခံခဲ့ကြသလို၊ ဂျေရုဆလင်မြို့ကြီးပျက်စီးသလို၊ သူတို့ရဲ့အနာဂတ်တွေဘဝတွေပျက်စီးလိမ့်မယ်။
ဓမ္မမိတ်ဆွေတွေရောဘုရားပေးတဲ့ကျေးဇူးတော်တွေ၊ အသိအမှတ်ပြုရဲ့လားတန်ဖိုးထားရဲ့လား၊ လောကအောင်မြင်မှုတွေငွေကြေးဥစ္စာတွေ၊ ပိုက်ဆံဝင် မဲ့အလုပ်နဲ့၊ ဘုရားနဲ့ရွေးပါဆိုရင်ဘာကိုရွေးချယ်ခဲ့လဲ။ မိမိရဲ့ပစ္စည်းဥစ္စာကိုထိခိုက်လာရင်ဘုရားကိုငြင်းပယ်ခဲ့သလား၊ သတိထားပါ ဘုရားကိုငြင်းပယ်ခဲ့သူတွေရဲ့သွားတဲ့လမ်းဟာ၊ ဂျေရုစလင် မြို့သူမြို့သားတွေလို၊ ပျက်စီးခြင်းနဲ့သာကြုံတွေ့ရမယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

