
မည်သည့်နာကြင်မှုဝေဒမျှဘုရားသခင်၏ကောင်းမြတ်ခြင်းကိုဖယ်ရှားမေ့ပျောက်၍မရ။

ရဟန်းမင်းကြီးလီယို (၁၄) သည် တနလ်ာနေ့ (နို၀င်ဘာ ၁၇) က ‘ဂုဏ်သိက္ခာကို ကာကွယ်စောင့် ရှောက်သည့်လူ့အဖွဲ့အစည်းကိုတည်ဆောက်ကြပါစို့’ ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲသို့တက်ရောက် လာကြ သောလူကြီး မင်းများအားဩ၀ါဒပေးပို့ခဲ့သည်။ ထိုအစည်းအေ၀းကို ရဟန်းမင်း ကြီး၏ ရုံး တော်လက် အောက်ရှိအရွယ်မရောက်သေးသောကလေးသူငယ်များအားကာကွယ် စောင့်ရှောက် ရေး တိုးမြှင့်လုပ်ဆောင်ပေးရေးဌာနမှစီစဉ်ပေးသည်။ အစည်းအဝေးတက်ရောက်လာကြသူများအနက် သူတော်စင်အမျိုးသား၊ အမျိုးသမီးများလည်းပါ၀င် ကြသည်။
ထိုဩ၀ါဒ၌ရဟန်းမင်းကြီးက အစည်းအဝေး၏ခေါင်းစဉ်နှင့်အညီလူသားတိုင်း၏အထူးသ ဖြင့် အကာအကွယ်မဲ့နေသောသူတို့၏ဂုဏ်သိက္ခာကိုကာကွယ်စောင့်ရှောက်မည့်လူ့အဖွဲ့အစည်းများကိုတည် ဆောက်ကြရန်၊ ဘုရားသခင်သည်လူတိုင်းအားဂုဏ်သိက္ခာကိုပေးထားကြောင်း၊ လူ့ဂုဏ် သိက္ခာ သည် ဘုရား သခင်၏ကောင်းမြတ်ခြင်းမှပေးသနားသောကောင်းချီးသက်သက်ဖြစ်ကြောင်း၊ မည်သူ တစ်ဦး တစ်ယောက် ၏ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့်ရယူနိုင်သောအရာမဟုတ်ကြောင်း၊ ဘုရားသခင် ၏ လူသား တစ်ဦးတစ်ယောက်စီ အပေါ်ထားရှိသောအလိုတော်ဖြင့်ပေးသနားခြင်းဖြစ်ကြောင်း၊ ထိုအလို တော်သည် ဆက်လက်၍လည်းရှိနေ ကြောင်း၊ လူသားတိုင်း၏မျက်နှာ၌ လောကဓံကြောင့် မောပမ်း နွမ်းလျှနေ သည် ဖြစ် စေ၊ ရောဂါဝေဒနာများ ကြောင့်နာကြင်ခံစားနေရစေကာမူ ဖန်ဆင်းရှင် ဘုရားသခင်၏ကောင်းမြတ် ကို အစဉ်ထောက်ရူမျက်မှောက် ပြုရမည်။
ဘုရားသခင်၏ကောင်းမြတ် ခြင်းကိုမည်သည့်အရာကမျှတိမ်မြှုပ်သွားအောင်၊ ပျောက်ကွယ်သွား အောင် လုပ်၍မရကြောင်း၊ သူတော်စဉ်များအနေဖြင့်ပို၍ပင် အခြားသူများထံချဉ်းကပ်သွား သည့်အခါ လေး စားသောစိတ်၊ စာနာနားလည်သောစိတ်တို့ဖြင့်သူတို့၏၀န်ထုပ်ကိုပေါ့ပါးသွားအောင်၊ ကင်းမဲ့နေ သောမျှော် လင့်ချက်ကိုပြန်လည်ထွန်းညှိပေးရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏နီးစပ်သူများကို ဂရုစိုက် ကာကွယ်ရန်မှာမြင် တတ်သောအကြည့်နှင့်နားထောင်ပေးတတ်သော နှလုံးသားရှိခြင်းမှရှင်သန် လာခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်တို့ ၏နီးစပ်သူများအတွက်တာ၀န်ယူလိုသောစိတ်သည် စစ်မှန်သော လွတ်လပ်ခြင်းမှအမြစ်တွယ်လာခြင်းဖြစ် ကြောင်း၊ ထိုစိတ်သည်လွှမ်းမိုးအုပ်ချုပ်ရန် ထက်အလုပ် အကျွေးပြုရန်၊ ကူညီရန်၊ မိတ်ဆွေအဖြစ်အဖော်ပြုလို သောစိတ်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သူ တော်စင်အမျိုးသား၊ အမျိုးသမီးများအနေဖြင့်ခရစ္စတူးသခင် နောက်သို့ငယ်ဖြူဘ၀၏စင်ကြယ်ခြင်း၊ ခြိုးခြံချွေတာခြင်း၊ နားထောင်နာခံခြင်းကတိစ္စာသုံးပါးကိုဦးထိပ်ပန် ဆင်၍ခရစ္စတူးသခင်အား လက် ဆောင်၊ ယဇ်ကောင်အဖြစ်ရာသက်ပန်ဆက်အပ်နှံခဲ့ကြောင်း၊ ထို့ကြောင့်အ ခြားသူများကို မည်သည့် အနှောင်အဖွဲ့မျှမထားဘဲချစ်တတ်ရန်၊ ဂရုစိုက်ကာကွယ်တတ်ရန်သင်ယူရမည်ဖြစ် ကြောင်း၊ အစည်း အေ၀းတက်ရောက်လာကြသူများအနေဖြင့် ၄င်းတို့၏အတွေ့အကြုံကောင်းများကိုလည်း အခြားသူ များအားပြန်လည်ေ၀မျှဖလှယ်၍လူ့အသိုင်းအ၀ိုင်းအတွင်းရှိအလွှာအသီးသီးမှာလူတို့၏ဂုဏ်သိ က္ခာကိုအဘယ်သို့ကာကွယ်ကြမည်၊အသုံးချခံနိုင်သည့်ဘေးမှလည်းကာကွယ်ရန်ဆွေးနွေးသင့်ကြောင်း၊ ယ ခုလုပ်ဆောင်ချက်များကိုရှေ့ဆက်ဆောင်ရွက်ကြရန်အနူးအညွတ်တိုက်တွန်းကြောင်း၊
သို့မှ သာလူ့အသိုင်းအ ၀ိုင်းသည်ယုံကြည်၍တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လူတိုင်းသည်လေးစားတန် ဖိုး ထားခြင်းကိုခံရကြောင်း၊ တောင်းဆိုချက်များကိုနားထောင်ပေးအသိုင်းအ၀ိုင်းဖြစ်ကြောင်း၊ တရား မျှ တခြင်းသည်သနားကြင်နာခြင်း၌ ရှင်သန်နေကြောင်း၊ အနာတရာသည်ကျေးဇူးတော်၏ စမ်းအိုင် ဖြစ်ကြောင်းမြင်တွေ့လက္ခံလာမည်ဖြစ် ကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့်လည်းဤဌာန၏ လုပ်ငန်း စဉ်ဖြစ်သော အသက်အရွယ်မရောက်သေးသူ များအားကာကွယ်သည့်လုပ်ငန်းစဉ်ကို ထောက်ခံအား ပေးကြောင်း၊ သူတော်စင်များအားလုံးပူးပေါင်းလက်တွဲ လုပ်ဆောင်၍သာသနာ၏ကာကွယ် စောင့် ရှောက်ခြင်းယဉ်ကျေးမှုကိုပို၍အားကောင်းသန်မာလာစေရန်ကူညီပေးကြပါဟုမိန့်ကြားပြီးဩ၀ါဒကိုနိဂုံးချုပ်ခဲ့သည်။
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

