ဘုရားသခင်သည် ကိုယ်တော်၏ သားသမီးအားလုံးအတွက် ငြိမ်းချမ်းရေးကို အလိုရှိသည်။

ပုပ်ရဟန်းမင်းကြီး လီယို (XIV) သည် ခရစ်ယာန်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ အဆုံးသတ်ရေးအတွက် မေတ္တာရပ်ခံပြီး အကြမ်းဖက်မှုအားလုံး ရပ်စဲရန်နှင့် ယုံကြည်သူများသည် အများအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆုတောင်းခဲ့သည်။

တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် အန်ဂျလုစ် (Angelus) ဆုတောင်းခြင်းကို ဦးဆောင်စဉ် ပုပ်ရဟန်း မင်း ကြီး လီယို (XIV) သည် အကြမ်းဖက်မှုနှင့် စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများကို ခံစားနေရသော လူများ အတွက် စိတ်ရင်းမှန်ဖြင့် မေတ္တာရပ်ခံခဲ့သည်။

ဘုရားဝတ်ပြုရာနေရာများအား တိုက်ခိုက်မှုများကို ရှုတ်ချရင်း ခရစ်ယာန်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 “ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား၊ မိုဇမ်ဘစ်၊ ဆူဒန်နဲ့ အခြားနိုင်ငံတွေမှာ အုပ်စုလိုက် ဘုရား ဝတ်ပြုရာနေရာတွေကို တိုက်ခိုက်မှုတွေအကြောင်း မကြာခဏကြားနေရပါတယ်” “ဘုရားသခင်သည် ကိုယ်တော်၏ သားသမီးအားလုံးအတွက် ငြိမ်းချမ်းရေးကို အလိုရှိသော ကရုဏာရှင် အဖ ဖြစ်တော် မူ သည်ကိုသတိပေးခဲ့ပါသည်။”

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ၊ မြောက်ကီဗူ (North Kivu) ဒေသရှိ ညှင်းပတ်နှိပ်စက်ခံ နေရသော မိသားစုများနှင့် မိမိ နီးကပ်စွာရှိနေကြောင်း ပုပ်ရဟန်းမင်းကြီးက ဖော်ပြခဲ့သည်။

သောကြာနေ့ ညနေပိုင်းတွင် အကြမ်းဖက်သမားများသည် ဘမ်ဝေ (Byambwe) ကျေးရွာရှိ ဘုရား ကျောင်းမှ ဖွင့်လှစ်ထားသော ဆေးရုံတစ်ခုတွင် အရပ်သား ၂၀ ခန့်ကို သတ်ဖြတ်ခဲ့သည်။

“အကြမ်းဖက်မှုအားလုံး ရပ်စဲသွားပြီး ယုံကြည်သူများသည် အများအကျိုးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်းကြပါစို့”

ပုပ်ရဟန်းမင်းကြီး လီယိုသည် ယူကရိန်းမြို့များ၊ အထူးသဖြင့် ကီးယက်ဗ် (Kyiv) မြို့ကို ပစ်မှတ်ထား တိုက်ခိုက်မှု သတင်းများကို ဆက်လက်စောင့်ကြည့်နေကြောင်း၊ ယင်းတိုက်ခိုက်မှုများသည် အရပ်သား အခြေခံအဆောက်အအုံများအား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ ကြောင်း မှတ်ချက်ပြုခဲ့သည်။

“စစ်ပွဲနဲ့ ပျက်စီးခြင်းတွေသည် ကျွန်ုပ်တို့ အကျင့်မဖြစ်သင့်” ဟု ပြောကြားခဲ့ပြီး။ “စစ်ပွဲဒဏ်ခံနေရတဲ့ ယူကရိန်းမှာ တရားမျှတပြီး အဓွန့်ရှည်မယ့် ငြိမ်းချမ်းရေး ရရှိဖို့အတွက် အတူတကွ ဆုတောင်းကြပါစို့။”

လမ်းမတော်တဆမှုများကြောင့် သေဆုံးဒုက္ခရောက်ကြရသူများအတွက် ဆုတောင်းပေးခြင်းပုပ်ရဟန်း မင်းကြီးသည် ဗုဒ္ဓဟူးနေ့က ပီရူးနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆိုးရွားသည့် လမ်းမတော်တဆမှုမှ လမ်းမတော်တဆမှုများကြောင့် သေဆုံးဒုက္ခရောက်ကြရသူများအတွက်လည်းဆုတောင်းပေးခဲ့ပါသည်။

ချာလာ (Chala) မှ အရီကွေပါ (Arequipa) သို့ ဦးတည်သော ဘတ်စ်ကားတစ်စီးသည် အခြားယာဉ် တစ်စီးကို ဝင်တိုက်ပြီး ချောက်ထဲသို့ ထိုးကျခဲ့ရာ လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့သည်။

“ဘုရားသခင်သည် ကွယ်လွန်သူများကို လက်ခံပါစေ၊ ဒဏ်ရာရသူများကို ကုသပေးပါစေ၊ ဝမ်းနည်းပူ ဆွေးနေသော မိသားစုများကို နှစ်သိမ့်မှု့ပေးပါစေ” ဟု ကိုယ်တော်က ပြောကြားခဲ့သည်။ “တာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့် မကြာခဏ ဖြစ်ပွားတတ်တဲ့ လမ်းမတော်တဆမှုတွေမှာ သေဆုံးခဲ့ရသူ အားလုံးကို လည်း ကျွန်ုပ်တို့ သတိရကြပါတယ်။ ကျွန်ုပ်တို့ တစ်ဦးစီတိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြပါစို့။”

ဘာသာပြန် Fr. peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *