
နှိပ်စက်ညှဉ်းပန်းခံရသောခရစ်ယာန်များသည်အမှန်တရား၊တရားမျှတမှုနှင့်မျှော်လင့်ခြင်းတို့၏သက်သေများဖြစ်ကြသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့မရှိနွမ်းပါးသူများနေ့ကို ကျင်းပစဉ် ပုပ်ရဟန်း မင်း ကြီး လီယိုက “သမိုင်း၏ ဒုက္ခများနှင့် နောက်ဆုံးသောကာလကို ဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကို ဖိတ် ခေါ်နေသည်” သို့သော်လည်း၊ ကမ္ဘာကြီးချုပ်ငြိမ်းမည့် အချိန်၌ ဖြစ်ပေါ်လာမည့် စစ်ပွဲများနှင့် ပုန်ကန် မှု များကို မကြောက်ရန် သခင်ယေဇူးက ကျွန်ုပ်တို့ကို အားပေးနေသည်။
ယေဇူးသခင်၏ သတင်းစကားသည် ယနေ့ခေတ်နှင့် အလွန်သက်ဆိုင်ကြောင်း ကျွန်ုပ်တို့သည် ကံ မကောင်းစွာဖြင့် “လူသန်းပေါင်းများစွာကို နှိပ်စက်နေသော ပဋိပက္ခများ၊ ဘေးအန္တရာယ်များနှင့် နှိပ်စက် ညှဉ်းပန်းမှုများအကြောင်း သတင်းများကို နေ့စဉ်ရရှိနေသည်”
သို့သော် ၎င်းတို့ကို လျစ်လျူရှုရန် ကြိုးစားသော လျစ်လျူရှုမှုများကြားတွင်၊ ယေဇူးသခင်ကို ယုံကြည် သူတို့အား ကိုတော်သည် နှစ်သိမ့်မှုများကို ပေးသည်။ “အချိန်ပိုမှောင်လာလေ၊ ယုံကြည်ခြင်းသည် နေကဲ့ သို့ ပို၍တောက်ပလေ” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးပြောကြားခဲ့ပါသည်။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် ယေဇူးသခင်သည် မိမိ၏နာမတော်ကြောင့် လူအများအပြား အကြမ်းဖက် မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ခရစ်တော်အတွက် သက်သေခံရန် အခွင့်အရေးရရှိ မည်ဖြစ်ကြောင်းကို နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ပြီး လူတိုင်းသည် ယေဇူးသခင်ကို အတုယူ လိုက် လျှောက်ကြရန် ခေါ်တော်မူခြင်းခံရကြောင်း ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့ကာ။
နှိပ်စက်ညှဉ်းပန်းမှုသည် လက်နက်များ အသေသတ်ခြင်းမှာသာမက စကားလုံးများ၊ မုသားများ၊ အတွေး အခေါ်ဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်မှုများမှတစ်ဆင့် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။ အထူးသဖြင့် ဤအတွေ့ အကြုံများ ခံနေရသောအခါတွင်၊ “ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး၌၊ ကျွန်ုပ်တို့သည် ကမ္ဘာ ကြီးကို ကယ်တင်သော အမှန်တရား၊ လူမျိုးများကို ဖိနှိပ်မှုမှ ရွေးနုတ်သော တရားမျှတမှု၊ လူတိုင်းကို ငြိမ်းချမ်းရေးလမ်းကို ပြသသော မျှော်လင့်ခြင်း” တို့အတွက် သက်သေခံရန် ခေါ်တော်မူခြင်းခံရသည် သတိပြုကြရမည်။
ဘေးအန္တရာယ်များနှင့် ဝမ်းနည်းပူဆွေးမှုများသည် အမြဲတမ်းကြာရှည်မည်မဟုတ်ဘဲ အဆုံးသတ်သွား မည်ဖြစ်ကြောင်း ယေဇူးသခင်၏စကားများက ဖော်ပြနေသည်။
“တစ်ချိန်တည်းမှာပင်၊ ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုသူတို့၏ ဝမ်းမြောက်ခြင်း သည် ထာဝရတည်မြဲရန် ရည်မှန်းထားသည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မှတ်ချက်ပြုခဲ့သည်။
ကမ္ဘာ့ကြီး ၏ နောက်ဆုံးသောကာလစမ်းသပ်မှုများနှင့် စိန်ခေါ်မှုများကို ခံရခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်ဝိညာဉ်များကို “အကျိုးရရှိ” မည်ဖြစ်သည်။ ဤကတိတော်သည် “သမိုင်း၏ ခြိမ်းခြောက် နေသော အဖြစ်အပျက်များနှင့် ပြစ်မှားမှုတိုင်းကို ခုခံတွန်းလှန်ရန် ကျွန်ုပ်တို့အား ခွန်အားပေး သည်’ ဤသို့နှိပ်စက်ညှဉ်းပန်းမှုကာလများတွင်၊ ယေဇူးသခင်သည် ကျွန်ုပ်တို့ ပြောဆိုရမည့် စကားများကို ပေးမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့်၊ ပုပ်ရဟန်းမင်းကြီး လီယိုသည် “ဘုရားသခင်၏ ကျေးဇူးတော်သည် အကြမ်းဖက်မှု ကိုပင် ရွေးနုတ်ခြင်း၏ လက္ခဏာအဖြစ် ပြောင်းလဲနိုင်သည်” ဟု အသင်းတော်သမိုင်းတစ်လျှောက် သတိပေးချက်များအဖြစ် ဆောင်ရွက်ခဲ့ကြသော ဓမ္မအာဇာနည်များ၏ ပုံသက်သေကို ထောက်ရှုဝေမျှခဲ့ ပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် ယေဇူးသခင်၏နာမတော်ကြောင့် ဆက်လက်ခံစားနေကြရသော နှိပ်စက်ညှဉ်း ပန်းမှု ကို ရင်ဆိုင်နေရဆဲဖြစ်သည့် ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းကာ၊ ခရစ်ယာန်တို့၏ အကူအညီဖြစ်သော အမိမယ်တော်မာရီယား၏ ကြားဝင်ဆုတောင်းပန်မှုကို ရှာဖွေရန် ကျွန်ုပ်တို့အား လုံးကို ဖိတ်ခေါ်ခဲကာ။ “စမ်းသပ်မှုနှင့် အခက်အခဲတိုင်းတွင် မြင့်မြတ်သော အပြစ်မဲ့သည့် အမိမယ်တော် သည် ကျွန်ုပ်တို့အား နှစ်သိမ့်ထောက်မပါစေ ဟု အဆုံးသတ်ထားပါသည်။”
ဘာသာပြန် Fr. peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

